badbabylay09@gmail.comSeptember 3, 20101min2380
သီလဝိသုဒ္ဓိဟူသော စကားကို “သီလစင်ကြယ်ခြင်း”ဟု အလွယ်နားလည်ထားနိုင်၏။ စင်ကြယ်ခြင်းကို ပါဠိစကားဖြင့် သုဒ္ဓိဟု ဖွင့်ပြ၏။ ဝိသုဒ္ဓိဟုဆိုလျှင်ကား အထူးစင်ကြယ်ခြင်းဟု ဝိသေသတပ်ကာ ပြောနိုင်ပေ၏။ ဝိသုဒ္ဓိမဂ် ကျမ်းပြုဆရာ အရှင်မြတ်က ဝိသုဒ္ဓိဟူသော စကားကို နိဗ္ဗာန်ဟူသော အဓိပ္ပါယ်အထိ ဖွင့်ဆိုရှင်းပြ၏။ မည်သို့ဆိုစေ စင်ကြယ်မှု၏ အရေးကြီးမှုကို ဖွင့်ဆိုရှင်းပြထားခြင်းပင် ဖြစ်ပါ၏။ ထိုစင်ကြယ်မှုတွင် အထက်အထက် မဂ်ဉာဏ်များရရှိနိုင်စေရန် လှေကားစောင်းတန်း သဖွယ်ဖြစ်သည့် သီလစင်ကြယ်မှုသည် အထူးအရေးကြီးလှပေ၏။ သီလမစင်ကြယ်လျှင်ကား အထိုက်အလျောက် သမာဓိဉာဏ်များ ဖြစ်နိုင်သော်လည်း လွတ်မြောက်ရာအမှန် ဝိပဿနာဉာဏ်ကို ရရန်မှာ အလွန်မလွယ်လှပေ။ ထို့ကြောင့် လွတ်မြောက်မှုလမ်း၏ အခြေခံဖြစ်သည့် သီလစင်ကြယ်မှုကို အထူးပြု၍ ကြိုးစားအားထုတ်ကြရန် တိုက်တွန်းတော်မူခြင်း ဖြစ်၏။ သီလဝိသုဒိ္ဓဖြစ်မှ စိတ္တဝိသုဒ္ဓိဖြစ်ကာ စိတ္တဝိသုဒ္ဓိဖြစ်မှ သမာဓိအားကောင်း၍ ဝိပဿနာဉာဏ် အားသန်မည်ဖြစ်သဖြင့် သီလစင်ကြယ်စေရန် […]