manawphyulayJuly 16, 20101min3534
အရိုးပွရောဂါဆိုတာ ကိုယ်ထဲမှာ ဖြစ်လို့ ဖြစ်မှန်းမသိ ဖြစ်နေတတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ပုံမှန်ရှိရမယ့် အရိုးရဲ့ ကျစ်လျစ်သိပ်သည်းမှု (standard density of bone) မရှိတော့ရင် အရိုးပွရောဂါ ဖြစ်နေတယ်လို့ ဆိုနိုင်ပါတယ်။ ဒီလို ဖြစ်ရင် အရိုးတွေဟာ ကြံ့ခိုင်မှု မရှိတော့ဘဲ သာမန် ထိခိုက်မှုနဲ့တောင် ကျိုးလွယ်လာတာ အဓိက နောက်ဆက်တွဲ ဆိုးကျိုးပါပဲ။ အရိုးကျိုးတာအပြင် အရိုးပွခြင်း အရမ်းဆိုးရင် ရိုးရိုးကျိုးရုံမက ကြေမွပျက်စီး တဲ့အထိ ဖြစ်နိုင်ပါတယ်။ အများဆုံး ဖြစ်လေ့ရှိတဲ့ အရိုးနေရာ တွေကတော့ ခါးရိုးဆစ်၊ တင်ဆုံရိုးနဲ့ လက်ကောက်ဝတ် နေရာတွေ ဖြစ်ပါတယ်။ ဆေးရုံမှာ အရိုးကျိုးလို့ ရောက်လာတဲ့ လူနာတွေကို အရိုးကျစ်လျစ်သိပ်သည်းမှု (Bone Density) စစ်ကြည့်ရင် များသော အားဖြင့် […]