manawphyulayAugust 20, 20111min114517
လဝန်းဂမုန်း အမပင်ဖြစ်ပါတယ်။ မနောရဲ့ခြံထဲမှာ စိုက်ပျိုးထားတဲ့ ဂမုန်းပင်တွေအများကြီးထဲက လဝန်းဂမုန်းအကြောင်းကို ပြောပြချင်ပါတယ်။ လဝန်းဂမုန်းသည် ထင်ရှားသော လာဘ်ခေါ်ဂမုန်းဆိုပြီး လူသိများပါတယ်။ အဖိုအမ နှစ်မျိုးရှိပြီး တစ်အိုးစီမှာ စိုက်ပျိုးပြီး ယှဉ်တွဲထားခြင်းဖြင့် သောကပူပန်မှု ကင်းဝေးသည့် လာဘ်သပကာများ ရရှိစေပါတယ်။ ဒီလို အဖိုအမ နှစ်ပင်ယှဉ်စိုက်ထားပါတယ်။ အပင်ပုံစံကတော့ အမပင်က အရွက်ဝန်းဝိုင်းပြီး ဥမှာ ကြက်သွန်နီဥပုံ၊ အရောင်မှာ ဖြူဖွေးပါတယ်။ အဖိုပင်ကျတော့ အရွက်လျား၊ အဖျားချွန်၊ အရင်းသွယ်ပြီး အလယ်ဝန်းပါတယ်။ အပင်ရင်းက နီကြန်ကြန်ရှိပြီး ဥကတော့ အမပင်နှင့် မခြားနားပါဘူး။ အရွက်ကြောတွေက ထင်ရှားထူထဲတဲ့ ရွက်ပြားတွေရှိကြပါတယ်။ ဒီလိုအပင်တွေကို စိုက်မယ်ဆိုရင် စိုက်ပျိုးပုံကတော့ မိမိတို့နှင့် သင့်လျော်ရာ နေ့၊ ရက်၊ အချိန်နှင့် ကျောက်မျက်များကို ရွေးချယ်ပြီး လဝန်းအဖိုပင်ကို နံနက်ပိုင်း၊ […]