အာဖ်ံ ကြီးFebruary 9, 20111min1312
သမ္မတအုပ်ချုပ်သော ပါလီမန်ခေတ်အချိန်ကဖြစ်၏။ ရန်ကုန်မှထင်ရှားသော နိင်ငံရေးသမားတစ်ယောက်သည်လဲ သမ္မတအဖြစ် အရွေးခံနိင်ရန် မဲဆွယ်စည်းရုံးလျက်ရှိ၏။ ထိုအချိန်က တစ်ပြည်လုံးသည် သံဃာတော်များကို အထူးလေးစားအားထားနေကြချိန်ပင်။ အရာရာနီးပါးကို သူတို. ကိုးကွယ်သည့် ဆရာဘုန်းဘုန်း ပြောသမျှ ဖြစ်၏။ ထိုအချက်ကို ရိပ်စားမိသော လူပါး သမ္မတလောင်း နိင်ငံရေးသမားက အတော်အတန် ဩဇာအာဏာညောင်းသော ဆရာတော်ကြီးတစ်ပါးထံချဉ်းကပ်ပြီး သူသမ္မတဖြစ်လျှင် ဤမြို.နယ်တွင်ရှိသော လမ်းများအားလုံးကို ကတ္တရာခင်းပေးမည်။ အထက်တန်းကျောင်းကြီးများ ဆောက်ပေးမည် စသည်ဖြင့် မစားရ ဝခမန်း ပြောကာ စည်းရုံး၏။ ဆရာတော်ကြီးလဲ ထိုသူ၏စကားကိုယုံပြီး သမ္မတကောင်း၊ ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်ပေလိမ်.မည်ဟု ယူဆကာ သူ.ကိုကိုးကွယ်သော ဒကာ၊ ဒကာမအားလုံးအား မဲပေးရန်တိုက်တွန်းလိုက်၏။ ထို.ကြောင့်ပင် ထိုနိင်ငံရေးသမားမှာ မဲနိင်ကာ သမ္မတကြီးဖြစ်သွားလေသည်။ သမ္မတသက်တမ်းသာ တစ်နှစ်ပြီးတစ်နှစ် ကုန်လာသော်လည်း လူလည် အာဏာရူး […]