koyinAugust 30, 20112min27711
သူလွမ်းရင် ပန်းမှာစိုးလို့   မင်းနှုတ်ခမ်းက မင်းရဲ့ အနမ်းတွေ  မင်းပဲ လေ ခြွေချ… ကြွေကျသွားခဲ့တာက အသည်းတစ်ခြမ်း အကန်းလမ်းလျှောက်ထွက်ခဲ့တာ  ကမ္ဘာတစ်ပတ်… ကဗျာ စပ်လို့  နေနဲ့လကို ပေါင်းစပ်ဖို့ကြိုးစား ရိုးရိုးသားသား တစ်ခါတရံ အမှားလို့ နှုတ်လုံစွာ မြိုသိပ်  ကဗျာတွေ မအိပ်တဲ့ တိတ်ဆိတ်တဲ့ ညအလယ် ကြယ်ရောင် တစ်လက်လက် ပိုးစုန်းကြူး ခတ်တဲ့ လေပြေ စာရွက်တွေ မွစာကြဲ လက်တစ်ချောင်းလုံးလည်း ကိုက်ခဲနေပြီ… ပျောက်ဆုံးသွားတဲ့ ဗီဇာ ပြည်တော်ဝင်ခွင့်မပါဘဲနဲ့ ရွက်လွင့်ခွင့်မရှိတဲ့ တက်တစ်ချောင်းလို မဲဇာမှာ မုန်တိုင်းကို လှုှိုင်းပုတ်ပြီး တိတ်တဆိတ် စီးဆင်းလိုက်ရတဲ့  ပါးပြင်ပေါ်က ရေတစက် အငွေ့တွေ ထွက်နေတာကတော့…. စစ်ပွဲလား အနိုင်  အရှုံး… ဘယ်တုန်းကရော ပြိုင်ခဲ့ဖူးသလဲ တံပိုးခရာ […]