“ဒီနေ့တော့ ဒုက္ခရောက်တာပဲဗျာ” “ဘာလိုလဲဗျ” ……………………. “ဟာ….အကိုကလဲ ဒီနေ့ မနက်ထဲက  မိုးကလဲရွာ တာမွေ ဝေဇယန္တာ ဘက်မှာရေတွေကြီးလိုက်တာလဲမပြောပါနဲ့ …အော်ဒါလေး ရလို့လိုက်သွားပါတယ် ရတာက သုံးထောင်ရယ် (၃)နာရီလောက်ကြာသွားတယ် ကားရေမြုပ်ပြီး စက်ထိုးရပ်သွားတာ တော်တော် နဲ့ ပြန်နှိုးလို့မရ စိတ်ပျက်ဘို့ကောင်းတာပဲဗျာ” ““ ရေးကြီးတာက မိုးရွာတဲ့အချိန်လေးပါပဲဗျာ …လမ်းပျက်တာကတော့ တစ်မြို့လုံး နေရာအနှံပဲလေ..တစ်နေရာမှအကောင်းမရှိ တောဘူး”” “ဟုတ်ပါ့ အကိုရယ်….ဒီလောက်ချိုင့်တွေကျင်းတွေသာများတာဗျာ ပျက်နေတာကိုမပြင်ပဲ ပလက်ဖောင်းတုံးတွေချည်ပဲ ပြင်လိုက် ဆေးသုတ်လိုက် လိုက်လုပ်နေတာများ နေရာအနှံပဲ သူတို့ပလက်ဖောင်းများ လူမပြောနဲ့ ခွေးတောင်တက်မလျှောက်ဘူး” “ဒါလဲ ဟုတ်တာပဲ ဗျ သူတို့ဟာကတစ်ကယ်ပျက်တဲ့ဟာမပြင်ပဲ ခဏထားလို့ ရတဲ့ဟာတွေလိုက်ပြင်ပြီး ဆေးသုတ်နေတာတော့ ဖင်သနပ်ခါးလူးသလို  ဖြစ်နေပြီလေ”..။။။။။ ……………………… “ဒါကြောင့် ပြောတာပေါ့ စကားမစပ် တစ်နေ့ ကျွန်တော့်ကားငှားစီးတဲ့ […]