lu ta loneJune 7, 20101min1584
စိတ်ရောဂါကု ဆရာဝန်ဂျင်မီ ရဲ့ ဆေးခန်းကို အမျိုးသမီး တစ်ယောက် သူ့ ခင်ပွန်းသည်ရဲ့ အခြေအနေကို လာတိုင်ပင်ပါတယ်။ “ကျွန်မ ယောက်ျားအတွက် ကုသဖို့ နည်းလမ်းရှိပါ့မလား ဆရာရယ်။ ရူးများ ရူးသွားပြီလားမသိဘူး။သူ့ကိုယ်သူ ရေခဲသေတ္တာလို့ ထင်နေတယ် ဆရာရဲ့”လို့ ပြောပါတယ်။ ဒါနဲ့ ဂျင်မီက “ဒီလောက်လည်း စိတ်မပူပါနဲ့ဗျာ။ ခုချိန်က လူတွေမှာ စိတ်ဖိစီးမှုတွေများတော့ ဒီလိုပဲဖြစ်တတ်ပါတယ်”လို့ဆိုတော့ အမျိုးသမီးက စိတ်သက်သာပုံမရဘဲ ဒီလိုထပ်ဆိုပါတယ်။ “ဆရာသူ့ကို နားမလည်ပါဘူး။ သူက ပါးစပ်ကြီးဟပြီး အိပ်တော့ သူ့ထဲက ရေခဲသေတ္တာမီးကလင်းနေတာ ကျွန်မ ဘယ်အိပ်ပျော်ပါ့မလဲ..”