ကျနော့်တပည့်ကျော် ငပျင်းလေးလွမ်းတဲ့ မြို ့ပုံရိပ်ဟောင်းလေးပါ။ သူ ့ကဗျာနဲ ့တွဲတင်ပေးလိုက်ပါတယ်။ ” သာဓု” တစ်နေဝင်တစ်နေထွက်တော့ တစ်မနက် သစ်ရွက်ကြွေ တစ်သက်တိုးပြန်တော့ သေမဲ့ရက် တစ်သက်နီးသမို့ ” သေမင်း”ရေ မင်းတွက်တော့ ခေါင်း ပေါ်လက်ထောက် ပြုံးပြုံးကြီးထိုင်စောင့်နေပေတော့ ငါမသေခင် ငါနှလုံးသားကိုထုပ် အသုပ်စုံလုပ်ပြီးကျွေး ကုသိုလ် လေးတစ်ခုတော့ လုပ်ခဲ့ချင်ရဲ့ ” ဘဝ” ရေ မင်း သာဓု ခေါ်ပေါ့ကွာ။ ။ ။ …………(နေထူးအိမ်) (4.9.2011)