lu ta loneJune 5, 20101min740
ပါမောက္ခ ဒေါက်တာ ဌေးဆောင်က သံဃာတော်တစ်ပါးအား မျက်စိတုစမ်းသပ်တပ်ဆင်ပေးနေစဉ်။ ဇီဝိတဒါနသံဃာ့ဆေးရုံ၏ နှစ်(၇၀) ပြည့် အထိမ်းအမှတ်အဖြစ် ယခုလမှ စတင်ခါ မျက်လုံးအတုတပ်ရန်လိုအပ်သော သံဃာတော်များနှင့် သီလရှင်များအား အခမဲ့တပ်ပေးသွားမည်ဖြစ်ကြောင်း ဆေးရုံမှ သိရသည်။ မျက်လုံးအတု တပ်ဆင်ခြင်းကို ဆေးရုံ၏ မျက်စိကုသရေးဌာနနှင့် သွားတု တပ်ဆင်ရေးဌာနတို့က ပူးပေါင်းဆောင် ရွက်ပေးသွားမည် ဖြစ်ကြောင်း သွားနှင့်ခံတွင်းဆိုင်ရာ အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ ဦးဌေးဆောင်က  ပြောသည်။ မျက်လုံးခွဲထုတ်ရာတွင် မျက်လုံးအိမ် အခေါင်းထဲရှိ အခြား အစိတ် အပိုင်းများ (ကြွက်သားများ) ချန်ထားခဲ့ခြင်း (Enucleation) နှင့် မျက်စိအတွင်းသားများ ခြစ်ထုတ်၍ မျက်လုံးအိမ်ခွံ ချန်ထားခဲ့ခြင်း (Evisceration) ဟူ၍ နှစ်မျိုးခွဲ နိုင်သည်။ “ထိခိုက်လို့ပဲဖြစ်ဖြစ်၊ ရောဂါကြောင့် ပဲဖြစ်ဖြစ် ကိုယ်လက်အင်္ဂါတွေဖြတ်ပစ် ရရင် […]