Ma MaMarch 27, 20131min76040
ပိတ်ရက်နှစ်ရက်ဆက်နေတာနဲ့ ချက်ပြုတ်ကြော်လှော်စားသောက်ဖို့ ကြံမိပါတယ်။   ဈေးဝယ်ထွက်ရမှာ ပျင်းသမို့ ရှိတာနဲ့ပဲ ဘယ်လိုလုပ်ရင်ကောင်းမလဲလို့ အကြံထုတ်မိတယ်။   မနေ့ကချက်ထားတဲ့ ထမင်းတွေ ကျန်တာများနေတော့ မျှင်ငပိထမင်းကြော် ကြော်စားဖို့ စီစဉ်လိုက်တယ်။   ပုစွန်ဟင်းက ကျန်တဲ့ ပုစွန်ဆီနည်းနည်းကိုလည်း အစပြတ်သွားအောင် ထည့်ချင်သေးတယ်။ အသားအတွက်တော့ လွယ်လွယ်ကူကူ ရှိနေတဲ့ ပုစွန်ခြောက်နဲ့ ဘဲဥကိုပဲ ထည့်လိုက်မယ်။   စိတ်ကူးရင်း စားချင်စဖွယ် လှတပတလေးဖြစ်အောင် ထမင်းကို အရောင်၃မျိုးစပ်လိုက်ဖြစ်တယ်။ အမြင်နဲ့ စားကြပါအုံးနော်။   ကဲ- ထမင်းစကြော်တော့မယ်နော်။ အရင်ဆုံး ထမင်းကို ၃ပုံ ပုံတယ်။ ၁ပုံကို ပုစွန်ဆီနဲ့ နယ်တယ်။ နောက် ၁ပုံကို မျှင်ငပိနဲ့ နယ်တယ်။   ဘဲဥကို ပွနေအောင် ခေါက်ထားတယ်။ ကြက်သွန်ဖြူကို […]