fattyJuly 22, 20101min1294
ကြိုးစင်ရှိရာသို့ ထွက်ခွါလာကြရာ ဘုရားရုပ်ပွားတော်တစ်ဆူ တည်ထားကိုးကွယ်ရာကို လွန်လာသဖြင့် ပြန်လှည့်၍ ဒူးတုပ်ဝပ်ချသည်။ ကြိုးစင်ဘက်သို့ ဆက်လက်ထွက်ခွါကြရာတွင် မြင်ရာလူကို လှမ်း၍ နှုတ်ဆက်သည်။ မမြင်ရာသူကို မေး၍ နှုတ်ဆက်လိုက်ကြောင်း မှာကြားသွားသည်။ အထူးခုံရုံးနာယက ဦးကျော်မြင့်နှင့်တကွ သူ့အပေါ် တာဝန်အရ ဆောင်ရွက်ရသည့်သူများကို အမုန်းထားမှု မရှိပါဟု ပြောကြားသွားခဲ့သည်။ ထို့နောက် တည်တည်ငြိမ်ငြိမ်ပင် ကြိုးစင်ပေါ်သို့ တက်သွားလေသည်။ ကြိုးစင်ပေါ်တွင် ဦးစောသည် သူ၏လည်ပင်းကို သူကိုယ်တိုင်ပင် ကြိုးကွင်းစွပ်လိုကြောင်း တောင်းဆိုခဲ့သည်။ သို့ရာတွင် ကြိုးစင်မှ တာဝန်ရှိသူတို့က ခွင့်မပြုခဲ့ပေ။ ထိုစဉ်က ကြိုးစင်အနီးတွင် မြန့်မာ့အလင်းအယ်ဒီတာချုပ် ဦးသန်းတင့်(ဓူဝံ) (၁၉၀၈-၁၉၈၉) လည်းရှိသည်။ ဆရာဦးသန်းတင့်သည် ထိုစဉ်က ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ အစိုးရရုပ်ရှင်နှင့်ပြဇာတ်ဌာန ညွှန်ကြားရေးဝန် အဖြစ် တာဝန် ထမ်းဆောင်နေ၏။ ဦးစောအား ကြိုးပေးသည့်သတင်းကို […]