Yin Nyine NwaySeptember 9, 20101min952
သျှမ်းများသည် ဓါးအမျိုးမျိုး၊ ပုံအဖုံဖုံ၊ အရွယ်အစား သူ့နေရာနှင့်သူခွဲခြား၍ ဓါးများသုံးစွဲလာခဲ့ရလေရာ နှစ်ပေါင်းပရိစ္ဆေဒကြာညောင်းခဲ့ပေပြီ။ လုပ်ငန်းခွင်အသီးသီးမှ (၁) အကြမ်းသုံးသည့် သစ်ခုတ် ဝါးခုတ်၊ ထင်းခွေ၊ ခုတ်ထစ်ပိုင်းဖြတ်သော အခါ သျှမ်းအခေါ် ဖလုံ၊ ဖငက်၊ ဖဟတ်၊ ဖအွန် စသော ဓါးမကြီး၊ ဓါးမလတ်၊ ဓါးမငယ် အသီးသီးဖြင့်လည်းကောင်း၊ (၂) လယ်ယာခြံမြေလုပ်ငန်းခွင်များ တောတောင်လျှိုမြောင်၊ သစ်ပင်ခြုံနွယ်များ သုတ်သင်ရှင်းလင်းသော အခါ သျှမ်းအခေါ် ဖဝိုင်း၊ ဖယောင်း၊ ဖတီတဲ၊ ဖတီငေါက် စသော ဓါးရှည်ဓါးမကောက်၊ မကြီးမငယ်အလတ်လတ် အရွယ်ဓါးများဖြင့်လည်းကောင်း၊ (၃) အိမ်းတွင်းအိမ်ပြင် အနီးအနား လုပ်ငန်းများ၊ ခွဲခြမ်းစိတ်ဖြာ နှီးစိတ်နှီးချောနှင့် ပေါ့ပါးသောလုပ်ငန်းများတွင် အသုံးပြုသည့် ရှမ်းအခေါ် ဖဝိုင်း၊ ဖအွန်၊ ဖဝစ်၊ မစ်အွန် စသော ဓါးမြောင် […]