moonpoemMarch 26, 20111min18010
ဪ ဆရာမြို ့မငြိမ်း သီချင်းတွေ နာမည်ကြီးတာ ကြီးလောက်ပါပေရဲ ့လို ့ အခုတစ်လော တွေးမိနေတယ်။ သင်္ကြန်သီချင်းဆိုလည်း သင်္ကြန်ပုံရိပ်တွေ၊ နိမိတ်တွေနဲ ့ ဆိုတော့ သီချင်းနားထောင်ရတဲ့လူအဖို ့ မရိုးနိုင်ပါဘူး။ သင်္ကြန်နီးပြီဆိုတာနဲ ့ ဆရာ့သီချင်းတွေနားထောင်ရတာကိုက အရသာတစ်မျိုးပဲလေ။ အခုနောက်ပေါ်လာတဲ့ သင်္ကြန်သီချင်းတွေတော့ တစ်ချို ့တစ်လေကလွဲရင် ခံစားလို ့မရဘူးလို ့လဲ အောင်းမေ့မိပါတယ်။ တစ်ခါတစ်လေ သင်္ကြန်၊ပိတောက်၊ တန်ခူး၊ ရေလောင်းတဲ့ မြင်ကွင်းတွေ မပါဘဲ လူကြိုက်များတဲ့ သီချင်းတွေဆိုပြီး ခဏခဏဖွင့်နေတော့ မေးတောင်ကြည့်ယူရတယ်။ ဘာတဲ့ ဟိုသီချင်းလေ တင်းတယ်တင်းတယ် အိုးတင်းတယ်တင်းတယ်ဟေ့ လူမသိငါ့တစ်ယောက်ထဲ ကြိတ်ကာ တဲ ့ အဲဒါ မနှစ်က သင်္ကြန်သီချင်းထဲမှာ အပေါက်ဆုံးဆိုပဲ။ ဪ တင်းတယ်ဆိုတဲ့ဟာက သင်္ကြန်သီချင်းလားလို […]