alinsettJune 13, 20121min2888
အချိန်နှင့်အမျှ နှုတ်ခမ်းဒဏ်ရာ အရောင်ကျလာသည်။ မကြာခင်မှာပင် နှုတ်ခမ်းအပေါ်ဘက်၌ ပန်းနုရောင် ချုပ်ရိုးကြောင်းလေး ကောက်ကောက်ကွေးကွေး ပေါ်လာသည်။ သည်လိုနှင့် ဆောင်းဝင်လာချိန်၊ ဟက်ဆန့်ဒဏ်ရာကလေးလည်း ရေးရေးမျှသာ ကျန်တော့ချိန်၊ အထင်နှင့်အမြင် ပါစင်အောင်လွဲခဲ့ရသည်။ အဘယ် ကြောင့်ဆိုသော် ထိုနှစ်ဆောင်းရာသီတွင် ဟက်ဆန်တစ်ယောက် အရယ်အပြုံး နားသွားခဲ့သည်။ …………………………………………….. ……………………………………………. ________________ အခန်း(၆) ဆောင်း။ နှစ်စဉ်နှစ်တိုင်း ပထမဆုံးနှင်းကျရက်၏ ကျွန်တော့်လုပ်ငန်းဆောင်တာ များကို ပြောပြပါမည်။ နံနက်စောစော ချမ်းချမ်းစီးစီးထဲ ညအိပ်ဝတ်စုံ မချွတ်ဘဲ အိမ်မှထွက်သည်။ အအေးဒဏ်ကို လက်မောင်းပိုက်၍ အံတုခံသည်။ ဆင်ဝင်လမ်းနှင့် အဖေ့ကား၊ နံရံ၊ သစ်ပင်၊ အိမ်ခေါင်၊ တောင်ကုန်း အရာအားလုံး နှင်းထဲမြုပ်လျက်။ ပြုံးမိတော့သည်။ ကောင်းကင်သည် ချုပ်ရိုးမဲ့အပြာရောင်။ မျက်လုံးဖန်အောင် ဖြူနိုင် လွန်းသော နှင်းဖြူငွေလွ။ […]