alinsettJune 25, 20121min2144
”သားအေမားလည်း ကာကာ့ကို ပြောချင်တာ အချိန်မရွေးပြောနိုင်တယ်။ သိတယ်နော်။ အချိန်မရွေးပဲ” ”သိပါတယ်” ဟု ကျွန်တော် မရေမရာဖြေလိုက်သည်။ သူ ကျွန်တော့်ကို ကြာမြင့်စွာ ကြည့်နေပုံသည် ကျွန်တော့်ထံမှ စကားအလာကို စောင့်နေသလိုဖြစ်သည်။ သူ၏နက်ရှိုင်းသော မျက်လုံးနက်နက်များက ကျွန်တော်တို့ကြားတွင် မြွက်ဟ မထားသော လျှို့ဝှက်ချက်ရှိကြောင်း အရိပ်အမြွက်ပြောနေသည်။ တစ်ခဏတော့ ကျွန်တော့်ဝေဒနာကို ထုတ်ဖော်ပြောမိတော့မလို ဖြစ်သွားသည်။ ပြောမိလျှင် သူ ကျွန်တော့်ကို ဘာထင်မည်နည်း။ ……………………………………………………………………………………………… __________________________ တစ်ခဏတော့ ကျွန်တော့်ဝေဒနာကို ထုတ်ဖော်ပြောမိတော့မလို ဖြစ်သွားသည်။ ပြောမိလျှင် သူ ကျွန်တော့်ကို ဘာထင်မည်နည်း။ မုန်းရုံပဲရှိမည်။ ”ဒီမှာ” ရာဟင်ခန် ကျွန်တော့်ကိုတစ်ခုခု ပေးနေသည်။ ”မေ့တော့မလို့၊ ဟက်ပီဘတ်ဒေး အေမား” အညိုရောင်သားရေဖုံး မှတ်စုစာအုပ်ကလေးဖြစ်သည်။ ရွှေရေးအနားကွပ် ဘောင်ပေါ် ကျွန်တော့်လက်ချောင်းများ […]