thit minSeptember 22, 20111min23610
ဆရာကလွဲရင် တစ်ခါတုန်းကတိရစ္ဆာန်ဆေးကုဆရာဝန်တစ်ယောက်ဆီကို လူတစ်ယောက်ဆေးခန်းလာပြပါတယ်။ လူနာ။            ဆရာ ကျွန်တော်အားလပ်ရက်တစ်လရပါတယ်။ အဲဒါ ဒီတစ်လအတွင်း ကျွန်တော် ကိုယ့်ကိုကိုယ်ကောင်းကောင်းကုစားလို့ ရပါ့မလား သိချင်ပါတယ်။ တိရစ္ဆာန်ဆေးကုဆရာဝန်။            ကျွန်တော် ပြောချင်တာကတော့ ခင်ဗျား မျက်နှာချင်း ဆိုင်ကဆေးခန်းကို သွားပြရင် ကောင်းမယ်ထင်တယ်။ လူနာ။                   မဟုတ်ပါဘူး ဆရာ။ ကျွန်တော် ဆရာ့ ဆီကိုပဲ လာတာပါ။ တိရစ္ဆာန်ဆေးကုဆရာဝန်။               ဒါပေမယ့် ကျွန်တော် က တိရစ္ဆာန် ဆေးကု ဆရာဝန်ပါ။ လူတွေကိုကျွန်တော် မကု ပါဘူး ခင်ဗျ။ လူနာ။             ကျွန်တော် ဆရာ့ ကိုကောင်းကောင်းသိပါတယ်။ ဒါကြောင့်လဲ ဆရာ့ ဆီကို လာတာပါ။ တိရစ္ဆာန်ဆေးကုဆရာဝန်။          မဖြစ်နိုင်ပါဘူးဗျာ။ ဘာလို့လဲ ဆိုတော့ ခင်ဗျား က ကျွန်တော့်လို စကားပြောတယ်၊ ကျွန်တော့် […]


panpanOctober 14, 20101min1121
*(၁) ဒုက္ခပေးတဲ့အကောင် * ဝန်ကြီးများရုံးသို့ လူငယ်တစ်ဦး အလုပ်လာလျှောက်သည်။ အိမ်သာသန့်ရှင်းရေးလုပ်သားနေရာ သာ လစ်လပ်နေသည်ဖြစ်သဖြင့် လုပ်လိုက လုပ်နိုင်ကြောင်းလူငယ်အား ပြောသည်။ လူငယ်က သဘောတူလိုက်ပြီး အလုပ်လုပ်ရင်း သီချင်းနားထောင်နိုင်ရန် အိမ်သာထဲတွင် ကက်ဆက်တစ်ခုထည့်ထားလိုက်သည်။ လူငယ်ပထမဆုံးအလုပ်စဆင်းသည့်နေ့ဖြစ်သည်။ ဝန်ကြီးရုံးသို့ ဝန်ကြီးတစ်ဦးရောက်လာပြီး အိမ်သာဘယ်မှာလဲဟု လူငယ်အားမေးရာ လူငယ်က ဝန်ကြီးကို အိမ်သာသို့ လိုက်ပို့ပေးသည်။ အိမ်သာခန်းထဲသို့ ဝန်ကြီးဝင်သွားသောအခါ ကတ်ဆက်ကို လူငယ်ဖွင့်လိုက်သည်။ မြန်မာပြည်သိန်းတန်၏ “ ရိုင်းတဲ့စင်ယော်´´သီချင်းသံ ငြိမ့်ညောင်းစွာ ပေါ်ထွက်လာသည်။ မကြာမီ အိမ်သာခန်းထဲမှ စောစောကဝန်ကြီးထွက်လာသည်။ “မောင်ရင် ဒီမှာ အလုပ်လုပ်နေတာ ကြာပလား´´ “ဒီနေ့ ပထမနေ့ပါခင်ဗျ´´ “အေး မင်းကိုရာထူးတိုးပေးရမယ်´´ မကြာမီ နောက်အရာရှိကြီးတစ်ဦး ရောက်လာသည်၊ အိမ်သာခန်းထဲ အရာရှိကြီးရှိနေစဉ် တွံတေးသိန်းတံ၏ “အသီးတစ်ရာ အညှာတစ်ခု´´ […]