Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


မြသဲ ( 17082011 )March 7, 20121min2925
ငရဲသို့လူတယောက်ရောက်လာသည်။ ငရဲမင်းကထိုသူအားပြစ်ဒဏ်မကျခံခင် ရွေးချယ်ခွင့်တခုပေးလေသည်။ ထိုမှာအခြားမဟုတ်။ ငရဲကျခံရန်နိုင်ငံအားရွေးချယ် ခွင့်ပေးခြင်းဖြစ်သည်။ သို့ဖြင့်ငရဲသားတစ်ယောက် ကိုနိုင်ငံအလိုက်ငရဲများနှင့် ထိုငရဲများ၏ပြစ်ဒဏ်စီရင်ပုံများ ကိုလိုက်ပြခိုင်းသည်။ ထိုလူလဲအမေရိကန်၊ ဗြိတိန်၊ ဂျပန်အစ ရှိသောကြမ်းတမ်း၍ဝေဒနာများဖြင့်ပြည့်နှက်နေသောပြစ်ဒဏ်စီရင်ပုံများ ကိုတွေ့ပြီးကြောက်လန့်နေလေသည်။ ထို့နောက်မြန်မာ့ငရဲသို့ရောက် လာလေသည်။ ထိုလူငယ် သည်မြန်မာ့ငရဲခန်းရှေ့တွင် လူအများအပြားတန်းစီ လျက်ပြစ်ဒဏ်ကျခံရန်စောင့်နေသည် ကိုတွေ့ရလေသောအခါ သူ့အားလိုက်ပြသော ငရဲသားအား အဘယ့်ကြောင့်နည်း ဟုမေးလေသည်။ မြန်မာ့ငရဲတွင်တရားစီရင်ပုံ ( ၃ ) မျိုးဖြစ်လေသည်။ ထို ( ၃ ) မျိုးမှာ ၁ ။ လျှပ်စစ်ထိုင်ခုံဖြင့်နှိပ်စက်ခြင်းကိုခံရခြင်း။ ၂ ။ ကြာပွတ်ဖြင့်ရိုက်နှက်ခြင်းကိုခံရခြင်း။ ၃ ။ သစ်သားပြားပေါ်တွက်သံများစွာကိုရိုက်ထား၍ ပြစ်ဒဏ်ကျခံရသူကို သံချွန်များဖက်တွင်တက်အိပ်ခိုင်းခြင်း တို့ဖြစ်သည်။ ငရဲသားလဲအဆိုပါလူကိုရှင်းပြလေသည်။ ၁ ။ မြန်မာ့ငရဲတွင် လျှပ်စစ်ထိုင်ခုံဖြင့်နှိပ်စက်သော်လည်း အချိန်ပြည့်နီးနီးမီးမလာသောကြောင့်သက်သာခြင်း။ ၂ […]


goldstarDecember 26, 20111min2272
မိဘတို့ရဲ့ထုံးစံအတိုင်း ကိုယ့်သားသမီးတွေရဲ့ အနာဂတ်ကို အကောင်းဆုံး ဖြစ်စေချင်ကြတာပေါ့။ အခုလဲလင်မယားနှစ်ယောက် တိုင်ပင်ပြီးအောက်ပါအတိုင်း စီစဉ်ကြသတဲ့။ သားလေးကျောင်းကပြန်မလာခင် စားပွဲပေါ် မှာ ဓမ္မကျမ်းစာအုပ်ရယ်၊ ပိုက်ဆံရယ်၊ အရက်ပုလင်းရယ် တင်ထားသတဲ့။ တကယ်လို့ ဓမ္မကျမ်းစာအုပ်ကိုယူရင် ဖာသာကြီးဖြစ်မယ်ပေါ့။ ပိုက်ဆံယူရင်တော့ စီးပွားရေးသမားကြီးဖြစ်နိူင်ပြီး၊ တကယ်လို့အရက်ပုလင်းဆွဲရင်တော့ သိတဲ့အတိုင်း အရက်သမားဖြစ်မဲ့လူလို့ မှန်းကြည့်နိူင်တယ်ပေါ့လေ။ ဒီလိုနဲ့သားကျောင်းကပြန်လာတော့ လင်မယားနှစ်ယောက် အိပ်ခန်းတံခါးကြားက ရင်တထိတ်ထိတ်နဲ့ချောင်းကြည့်နေကြတယ်။ ပထမဦးဆုံး သားက ဓမ္မကျမ်း စာအုပ်ကိုယူ လှန်လှောကြည့်ပြီး ဂျိုင်းကြားညှပ်လိုက်တယ်။ နောက် ပိုက်ဆံကို ယူပြီးအိပ်ထဲထည့်လိုက်ပါတယ်။ နောက်ဆုံးမှာ အရက်ပုလင်းကိုလဲ မပြီး သူ့အခန်းထဲဝင်သွားပါလေရော။ အဲတော့မှ အဖေလုပ်တဲ့သူက နဖူးရိုက်ပြီးထအော်ပါတော့တယ်။ အား..ဒီကောင်ကြီးလာရင်တော့ နိူင်ငံရေးသမား ဖြစ်မှာဘဲ ……တဲ့။….။     အမတ်မင်းလုပ်မယ့်သူတွေ နိူင်ငံရေးတွေ ခေတ်စားလာတဲ့ ခုလိုအချိန်မှာ ဒီဟာသလေးကိုသတိရပြီးတင်ဆက်လိုက်ပါတယ်။ […]


goldstarDecember 23, 20111min2984
ပျားရည်ပါးပါးလေးဆမ်းထားတဲ့   တခါတုန်းကပေါ့ လူငယ်တယောက်ဟာ အိမ်ထောင်ပြုမယ် ကြံပြီး တယောက်ယောက်ကို တိုင်ပင်မယ်ပေါ့။ သူ့ထက်အသက်ကြီးပြီး အိမ်ထောင်ကျ တာစောတဲ့ အကိုကြီးတယောက်ကို အားကိုးတကြီး သွားမေးပါတယ်။ အဲဒီလူက ဒီလိုပြောပြသတဲ့ ။ ငါတို့ မင်္ဂလာဆောင်ပြီးတော့ ပျားရည်ဆမ်းခရီးထွက်ကြတယ်လေ။ သိပ်ပျော်စရာကောင်းတာဘဲကွာ။ အဲဒီကနောက်ပိုင်းကတော့ ပြောပြလို့တောင်စုံမှာ မဟုတ်ဘူး။ ငါ့ကိုယ်တွေ့ပြောရရင်တော့ အိမ်ထောင်ရေးဆိုတာ ပျားရည်ပါးပါးလေးဆမ်းထားတဲ့ အီးပုံကြီးဘဲတဲ့။ အပေါ်ယံ ပျားရည်ပါးပါးလေး ရက်လို့ကုန်တာနဲ့ မင်းအစွမ်းကုန် သီးခံပြီး လွေးဖို့တာပြင်ပေတော့တဲ့။ ဒီလိုနဲ့ဘဲ အဲဒီလူငယ်က အိမ်ထောင်မပြုဖြစ်တော့ဘူးတဲ့။ ကဲ …သူငယ်ချင်းတို့လဲ ပျားရည် ရက်ကြအုန်းမလား………   ————————————————————-   အရေးကြီးတဲ့ဆုံးဖြတ်ချက်   -မင်းတို့လင်မယား ရန်ဖြစ်သံမကြားဘူး အရမ်းအဆင်ပြေတာဘဲနော်။ -ဒါပေါ့ နည်းကောင်းလေးရှိတယ်လေ။ -ဟာလုပ်စမ်းပါအုန်းသူငယ်ချင်းရယ် အားကိုးပါတယ်။ ဘယ်လိုနည်းလဲ။ -တခုခု […]


goldstarDecember 22, 20111min2613
ဆိုရှယ်လစ်နိူင်ငံ အကြီးအကဲရဲ့ ပုံနဲ့ တံဆိပ်ခေါင်းထုတ် ပြီးတဲ့နောက် အကြီးအကဲက လာပြီးစစ်ဆေးပါတယ်။ ဘယ်လိုလဲ အဆင်ပြေရဲ့လား တာဝန်ရှိသူကပြန်ဖြေပါတယ်။ အားလုံးချောချောမောမောပါဘဲ။ တခုတော့လူထုကပြောတယ်။ တံဆိပ်ခေါင်းကကော်ကသိပ်မကပ်ဘူးတဲ့။ အကြီးအကဲမှတံဆိပ်ခေါင်းကို တံထွေးဆွတ်ပြီး စာရွက်တခုတွင်ကပ်ကြည့်လိုက်သည်။ အခုကြည့်စမ်းကပ်နေသားဘဲ။ တာဝန်ရှိသူမှ ပြန်ဖြေပါသည်။ သူတို့ကတံထွေးကို တံဆိပ်ခေါင်းနောက်ကျောမှာ မဆွတ်ကြပါဘူး။ ဟူသတတ်…..


KingDecember 20, 20111min65124
အခုတစ်လော ဖတ်ရတာတွေက ဗဟုသုတတွေ အများကြီးပေးနိုင်သလို အယူဝါဒ မတူညီမှုတွေကြောင့် ဆူညံနေတဲ့ ကိစ္စတွေလည်း ရှိနေပြန်တော့ ဂေဇတ်ရွာကြီးဟာ ရွာကဘုရားပွဲ တမျှ စည်ကားနေလိုက်တာဗျာ… ဘုရားပွဲ ဆိုတော့ ဂေါပကအဖွဲ့ရဲ့ အလှူငွေ ထည့်ဝင်မှု သာဓု ခေါ်ဆိုပုံ၊ မုန့်တန်းတွေက မုန့်ရောင်းသူတွေအသံ၊ မုန့်ဆိုင်က ညှော်နံ့၊ မျက်လှည့်ပွဲက ဖိတ်ခေါ်သံ၊ ဇာတ်ပွဲဆီက တေးသံသာ ပြောရရင်တော့ စုံလို့ပေ့ါဗျာ … ဒါနဲ့ပဲ ကျွန်တော်လည်း စိတ်ထဲရှိတာတွေ ထုတ်ရေးလိုက်တယ်ဗျ … ဖတ်ရမှာ အဆင်မပြေဘူးဆိုရင်လည်း နောက်တစ်ပုဒ် ပြောင်းလိုက်ကြပါဗျ … ကဲ စပြီဗျာ ကွိကွိ။ ဗျို့ ကိုကွကွ ဘယ်ရောက်နေလဲဗျို့ ကွကွ။ ဗျာ …ဗျ ကိုကွိလား …. လာလေဗျာ . …. […]


NKDecember 8, 20111min2011
မျက်စိဆရာဝန် အခန်းထဲဝင်လာသော အမျိုးသမီးကို ဆရာဝန်က ပြောသည်။”အဝတ်အစား ချွတ်လိုက်ပါ” “ဒေါက်တာ ကျွန်မ နားကိုက်တာ လာပြတာပါ” “အဲဒါဆို နား၊ နှားခေါင်းနဲ့ လည်းချောင်း ဆရာဝန်ဆီ သွားပါ” “ရှင်က ဘယ်သူလဲ” “မျက်စိ ဆရာဝန်” ဆေးကျောင်းဆင်းကာစ ဆရာဝန်တစ်ယောက်သည် သူ့ဆေးခန်းသို့ပထမဆုံးရောက်လာသည့်လူနာကို စမ်းသပ်ရင်း ရောဂါရှာမရသဖြင့် ချွေးပြန်လာသည်။ ထို့နောက် အကြံတစ်ခုရပြီး လူနာကိုမေးလိုက်တယ်… ခင်ဗျား အရင်က ဒီရောဂါဖြစ်ဖူးလားတဲ့ ဟုတ်ကဲ့။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က ဖြစ်ဖူးပါတယ် ဟုတ်ပြီ။ ဒါဆို အဲဒီရောဂါ ပြန်ထတာပဲ

clip_image001.jpg

NKDecember 6, 20111min2816
အမျိုးသမီး ကွန်ပျူတာ ပညာရှင်တစ်ယောက်သည် ကွန်ပျူတာ မကျွမ်းကျင်သော ဘရုတ်သုက္ခ ယောက်ျားတစ်ယောက်၏ ကွန်ပျူတာကို ဝန်ဆောင်မှု ပေးနေရသည်။ Log in ဝင်ရန် Password အဖြစ် မည်သည့် စကားလုံးကို ထားလိုကြောင်း သူမက ကိုနှာဘူးကို မေးလိုက်သည်။ ထိုသူက အမျိုးသမီးကို ရှက်သွားစေလိုသော ရည်ရွယ်ချက်ဖြင့် PENIS (အမျိုးသားတန်ဆာ) ဟူသော စကားလုံးကို ထည့်ခိုင်း၏။ သူမကလည်း မျက်နှာကို တင်းတင်းထားရင်း ခပ်တည်တည်ဖြင့် သူပြောသည့် အတိုင်း Password ထည့်ပေးလိုက်၏။ ထိုအခါ ပေါ်လာသော ဆော့ဖ်ဝဲ၏ ပြန်ကြားချက်ကို ဖတ်ကာ ထိုလူ့ မျက်နှာ ရှုံ့မဲ့သွားသဖြင့် သူမ အူလှိုက်သည်းလှိုက် မရယ်မိအောင် အတင်းကို ထိန်းထားလိုက်ရလေတော့၏။ ပေါ်လာသော စာကြောင်းမှာ *** PASSWORD […]


NKDecember 6, 20111min2803
အမေရိကန် သို့ခပ်ကြွှားကြွား ဂျပန်တစ်ယောက်အလည်ရောက်နေ၏ ။ပြန်မည့်နေ့မှာလေဆိပ်သို့ သွားရန်အတွက် တက်စီ တစ်စီးငှားလေသည်။ တက်စီဖြင့်လေဆိပ်သို့လာစဉ် လမ်းတွင်အရှိန်ပြင်း စွာ မောင်းနှင်လာသောကားတစ်စီးက ၎င်းတို့ကားကို ကျော်တက်သွားရာဂျပန်က ကားအပြင် ခေါင်းထွက်၍ လက်သီးလက်မောင်း တန်းကာ ဟစ်ကြွေး လိုက်သည်။ “ဟွန်ဒါကားကွ။ အရမ်းမြန်တယ်။ Made in Japan ကွ” တိုယိုတာ တစ်စီးက ကျော်တက်သွားပြန်ရာ ကိုရွှေဂျပန်က အထက်ပါအတိုင်း “တိုယိုတာကားကွ။ အရမ်းမြန်တယ်။ Made in Japan ကွ” ဟု ထအော်ပြန်ရာ ကားသမား အမေရိကန် အမြင်ကပ်စ ပြုလာသည်။ မစ်ဆူဘီရှီ ကားတစ်စင်း ကျော်တက်သွားပြန်သော အခါတွင်လည်း “မစ်ဆူဘီရှီကားကွ။ အရမ်းမြန်တယ်။ Made in Japan ကွ” ဟု ထကြွားပြန်ရာ ကားသမား […]


အရက်သမားတစ်ယောက် မိုးကောင်းကင်ကြီးအောက်မှာ ယိုင်ထိုး ယိုင်ထိုးနဲ့ လမ်းသလားနေတယ်။ အရက်သမားပီပီ ပါးစပ်က ပေါက်ကရတွေ ပြောနေလိုက်တာလည်း ရေပက် မဝင်လောက်အောင် ပါပဲ။ ရာသီဥတုကလည်း သူ့ဘက်ပါတယ်။ မိုးက ခပ်စိမ့်စိမ့်လေး ရွာနေတယ်။ အဲဒီ အချိန်မှာပဲ အမှတ်မထင် လျှပ်စီး လက်တယ်။ ပြီးတော့ မိုးချိန်းတယ်။ အရက်သမား ကောင်းကင်ကို မော်ပြီး မကြည်ကြည့် ကြည့်တယ်။ အဲဒီလို ကြည့်တဲ့ အချိန်မှာပဲ လျှပ်စီး တစ်ချက်လက်ပြီး ‘ ဂျိန်း …..’ ဆိုတဲ့ အသံကြီးနဲ့ မိုးကြိုးပစ်သံ ထွက်ပေါ်လာပါတယ်။ အရက်သမားလည်း မကြည်ကြည့် ကြည့်နေရာကနေ ကောင်းကင်ထက်ကို ကမန်းကတန်း လက်ကာပြလိုက်တယ်။ ပြီးတော့ ဒီလို ပြောလိုက်တယ်။ ‘ဟိုးထား သကြားမင်း …။ လူမှားမယ်နော်။ ကျုပ်ထက် […]


thit minSeptember 28, 20111min3989
အိမ်ကနေ ဆရာဝန်ကဦးဖက်ကိုအကြံပေးသည်။ အန်ကယ်တနေ့ကို ၅ မိုင်ပြေးပါ၊ရက်၃၀ဝ ပြေးပြီးရင် ပေါင်၇ဝကျော်ကျဘို့ကျနော်အာမခံပါတယ်။ သို့နှင့်ဦးဖက်က တရက်လျှင် ၅ မိုင်နှင့်ရက်ပေါင်း ၃ဝ ကြာပြေးပြီးနောက်၊ဆရာဝန်အာမခံသည့်အတိုင်း ၇၂ ပေါင်ကျသွားကြောင်းရီပို့လုပ်သည်။သို့သော်သူတွင်တခြားပြဿနာတခုရှိနေကြောင်းရီပို့တွင်ပါလေရာ၊ဆရာဝန်ကဖုန်းဆက်မေးရလေသည်။ ဘာဖြစ်လို့လဲဗျ? ဟုမေးသောဆရာဝန်ကိုဦးဖက်ဖြေလိုက်တာက ကျနော်ဆရာပြောတဲ့အတိုင်းတနေ့၅ မိုင် ပြေးခဲ့တာ ခု ကျနော်အိမ်နဲ့မိုင် ၁၅၀ဝ ဝေးတဲ့နေရာရောက်နေလို့ပါဆရာတဲ့။ ထိုသုံးယောက် တနေ့မှာ လူသုံးယောက်ပန်းခြံတခုရဲ့ခုံရှည်တခုမှာအတူထိုင်နေကြတယ်။ အလယ်ကလူကသတင်းစာဖတ်နေပြီးဘေးကနှစ်ယောက်ကငါးမျှားနေတဲ့ပုံမျိုး၊ငါးမျှားတံကိုလှန်းပစ်လိုက်၊အစာတပ်၊ ငါးမျှားချိတ်ကငါးဖြုတ်လိုက်ပုံစံမျိုးလုပ်နေတယ်တဲ့၊(တကယ်ကလက်ထဲမှာဘာမှမရှိဘူးပေါ့လေ) အဲဒီအချိန်မှာပန်းခြံစောင့်ရဲတယောက်ကထူးခြားတဲ့အဲဒီ၂ ယောက်ကိုသတိထားမိသွားပြီး၊အလယ်ကသတင်းစာဖတ်နေတဲ့လူကိုသွားမေးတယ်။ “ဟေ့လူ ဘေးကနှစ်ယောက်ကအခြေအနေမကောင်းဘူးနော်၊ခင်ဗျားရှောင်ထွက်သွားရင်ကောင်းမယ်ထင်တယ်” အလယ်ကလူက “ဟုတ်ကဲ့ပါခင်ဗျာ” ဟုပြောလိုက်ပြီး၊”လှေ”လှော်သကဲ့သိုလက်နှစ်ဘက်ကိုဟန်ပါပါလွှဲရင်းထွက်သွားပါရောတဲ့။ ပထမ မဖြစ်ချင်ပါ ပျင်းရိနေသောအလုပ်သမားများကိုအလုပ်ရှင်က အလုပ်ရှင်။  ။ဟေ့ ဒီမှအလုပ်လုပ်လို့သေတဲ့မသာမရှိဘူးကွ၊ အလုပ်သမား။ ။ဟုတ်တော့ဟုတ်ပါတယ်၊ဒါပေမဲ့ကျနော်ကတော့အလုပ်လုပ်ရင်းသေသွားတဲ့ပထမဆုံးလူမဖြစ်ချင်ပါဘူး။ ကြည့်မယ်လေ အလုပ်သမားများ၏အကျင့်စာရိတ္တနှင့်ပတ်သက်၍အလုပ်ရှင်ကစစ်ဆေးနေသည်။ အလုပ်သမားတယောက်ကိုအလုပ်ရှင်ကမေးလိုက်သည်။ “မင်းငါမရှိတုံးငါအိမ်ရောက်သွားတယ်ဆိုပါစို့ကွာ၊ငါ့မိန်းမကမင်းကိုပြောမယ်၊အိမ်ထဲဝင်ထိုင်ပါအုန်း၊ မင်းတို့အလုပ်ရှင်ငါ့ယောက်ျားလဲနောက်၂နာရီကျော်လောက်မှပြန်ရောက်မှာလို့ပြောမယ်ကွာ၊မင်းဘာလုပ်မလဲ” အလုပ်သမားရဲ့အဖြေက”ဆရာမိန်းမဓာတ်ပုံကြည့်ပြီးမှဖြေပါရစေခင်ဗျာ” ရှက်စရာလား တရားသူကြီး။     ။မောင်မင်းဒီရုံးတော်ကိုရောက်တာ ၃ကြိမ်ရှိပြီ၊မရှက်ဘူးလား? တရားခံ      […]


thit minSeptember 23, 20111min4039
ရှောင်တခင်စစ်ဆေးခြင်း အလုပ်ရှင်တယောက်ဟာသူ့ဂိုဒေါင်ကအလုပ်သမားတွေအလုပ်၊လုပ်မလုပ်သိရအောင် ရှောင်တခင်စစ်ဆေးဖို့လာခဲ့ပါသတဲ့။ ဂိုဒေါင်ကိုရောက်ရောက်ချင်းပါပဲ၊ဂိုဒေါင်ဘေးကအရိပ်အောက်မှာဂိုဒေါင်ကိုမှီပြီးအိပ်နေတဲ့ အလုပ်သမားတရောက်ကိုတွေ့လို့ဒေါပွသွားလို့၊နှိုးလိုက်ပြီး”ဟေ့ကောင် မင်းရဲ့တပတ်လုပ်စာ ဘယ်လောက်လဲ”လို့မေးလိုက်တယ်။ ဟိုအိပ်နေတဲ့ကောင်ကလဲအိပ်ချင်မူးတူးနဲ့ “၁၀ဝဒေါ်လာ”ပါခင်ဗျာလို့ဖြေတယ်။ အဲဒါနဲ့ဒေါပွနေတဲ့သဌေးက၂ဝတန်ငါးရွက် (ဒေါ်လာ၁၀၀) ထုတ်ပေးလိုက်ပြီး “မင်းထွက်သွား    နောက်ဘယ်တော့မှမလာနဲ့တော့”လို့ပြောလိုက်တယ်။ ဟိုကောင်ကလဲဘာမှမပြောပဲအိပ်ထဲပိုက်ဆံလေးထဲ့ပြီးထွက်သွားတယ်လေ။ အနားမှာကြောင်ပြီးကြည့်နေတဲ့ဂိုဒေါင်မန်နေဂျာကိုအလုပ်ရှင်က”ပြောစမ်း  ဒီကောင်ဒီမှာလုပ်တာကြာပီလား” လို့လဲမေးလိုက်ရော၊ မန်နေဂျာ ဖြေလိုက်တာက “သူက ပစ္စည်းလာပို့တဲ့ကောင်လေးပါဆရာ” တဲ့ဗျား။   အဝတ်ဗီရိုရဲ့အစောင့် လူနာရှင်။    ။ကျနော့မိန်းမစိတ်ရောဂါရှိနေလို့ပါဆရာ၊သူ့အဝတ်အစားတွေအခိုးခံရလိမ့်မယ်ဆိုပြီး အရမ်းစိုးရိမ်နေရှာတယ်ခင်ဗျ။ ဆရာဝန်။     ။ဘယ်လိုဖြစ်လို့လဲ၊ခင်ဗျားကရောဘယ်လိုလုပ်သိတာလဲ? လူနာရှင်။      ။ဒီလိုပါဆရာ၊တနေ့ကကျနော်အိမ်ကိုခါတိုင်းထက်၂နာရီစောပြီးပြန်ရောက်လာပါတယ်။ အဲဒီအချိန်မှာကျနော်မိန်းမနဲကျနော့တိုရဲ့အိပ်ခန်းထဲကဗီရိုဘေးမှာယောက်ကျားတယောက်ကိုတွေ့ပါတယ်။ကျနော့မိန်းမကိုမေးကြည့်လိုက်တော့အဲဒီလူကကျနော်မိန်းမသူရဲ့အဝတ်အစားတွေခိုးမှာစိုး လို့စောင့်ခိုင်းထားတဲ့အစောင့်ပါတဲ့ဆရာ၊ကျနော့မိန်းမကိုကုပေးပါအုန်းဗျာ။   မစောင့်ရတော့ပါဘူး စားစရာတွေမှာထားပြီးအချိန်တော်တော်ကြာအောင်စောင့်နေရလို့စိတ်မရှည်တော့တဲ့ဧည့်သည်က “ဟေ့ စားပွဲထိုး ငါဘယ်လောက်ထပ်စောင့်ရအုန်းမှာလဲကွ” လို့ဒေါသတကြီးအော်မေးလိုက်တယ်။ စားပွဲထိုးကခုလိုပြန်ဖြေပါတယ်၊ “မစောင့်ရတော့ပါဘူးဆရာ၊ကျနော်တို့ဆိုင်ကကိုးနာရီဆိုပိတ်ပါတယ်၊ခုကိုးနာရီထိုးဖို့၁မိနစ်တောင်မလိုတော့ဘူးဆိုတော့ဆရာမစောင့်ရတော့ပါဘူး” ဟူသတတ်။   သူလိမ်ကိုယ်လိမ် အမျိုးသားတယောက်နှင့်အတူထိုင်နေရာမှအမျိုးသမီးကဖုန်းလာသဖြင့်ထိုင်ရာမှထသွားပြီးကိုင်လိုက်သည်။ စကားအနည်းငယ်ပြောပြီးပြန်လာထိုင်သောအမျိုးသမီးကိုအမျိုးသားကမေးသည်၊”ဘယ်က ဖုန်းလဲ” အမျိုးသမီးက “ကျမ ယောက်ျား” အမျိုးသားက “ဟေ ဒါဆို […]


thit minSeptember 21, 20111min3005
ကဲ ………..လေ တခါကအိမ်တအိမ်မှာထမင်းလာစားဖို့ဧည့်သည်၃ ယောက်ဖိတ်ထားတယ်တဲ့။ တကယ်တမ်းမှာတော့ဧည့်သည် ၁ ယောက်ကလုံးဝမလာပဲ၊ ၂ ယောက်ပဲလာပါတယ်တဲ့၊ အိမ်ရှင်ကအဲဒီမှာ “ဟင်း လာသင့်တဲ့လူကမလာဘူး” လို့ပြောလိုက်တယ်တဲ့။ အဲဒီလိုပြောလိုက်လို့ ဧည့်သည် ၂ ယောက်အနက်တယောက်က “ဪ ငါကမလာသင့်တဲ့ လူပေါ့” လို့တွေးမိလို့စိတ်ဆိုးပြီးချက်ချင်းပဲထပြန်သွားတယ်တဲ့။ဧည့်သည် ၁ ယောက်ပဲကျန်တော့တာပေါ့။ အဲဒီမှာအိမ်ရှင်က “ဟာ မပြန်သင့်တဲ့သူကပြန်သွားပြီ” လို့ပြောလိုက်ပြန်ပါသတဲ့။ အဲဒီအခါ ကျန်နေတဲ့တယောက်ကလဲ “ဪ ငါကို ပြန်သင့်တဲ့လူလို့ပြောတာကိုး” လို့စဉ်းစားပြီး၊စိတ်ဆိုးပြီးပြန်သွားပါလေရောတဲ့။ စားမယ် တခါကလူတယောက်ကအိမ်တအိမ်ကိုအိမ်ရှင်တွေထမင်းစားချိန်မှာရောက်သွားတယ်တဲ့၊ ထုံးစံအတိုင်းထမင်းစားနေတဲ့အိမ်ရှင်ကထမင်းစားခေါ်ပါသတဲ့ အဲဒီလူကဗိုက်တော်တော်ဆာနေပေမဲ့အားနာလို့နေပါစေ၊မဆာလို့ပါဆိုပြီးငြင်းသတဲ့။ အိမ်ရှင်ကနောက်တခါထပ်ခေါ်တယ်။ အဲဒီလူကလဲနောက်တချိန်ထပ်ငြင်းပြန်တယ်။ ငြင်းသာငြင်းလိုက်ရတာဗိုက်ကတော်တော်ကိုဆာနေပြီလေ။ ဒါနဲ့ နောက်တခါခေါ်ရင်တော့မငြင်းတော့ဘူး၊ဝင်စားလိုက်မယ်လို့စိတ်ထဲမှာတွေးနေသတဲ့၊ ဖြစ်ချင်တော့အိမ်ရှင်ကလဲ ၂ ခါ ခေါ်ပြီးသွားပြီး၊နောက်ထပ်မခေါ်တော့ဘူးတဲ့။ ဟိုလူကလဲအိမ်ရှင်ခေါ်တာနဲ့စားမယ်လို့ပြောဖို့စိတ်ကူးနေတဲ့အချိန်မှာဗြုံးဆို မျက်နှာကြက်ပေါ်ကအိမ်မြှောင်တကောင်ကဧည့်သည်အဲဒီလူရဲ့ပုခုံးပေါ်ပြုတ်အကျ၊ အိမ်ရှင်ခေါ်မှာကိုအာရုံပြုနေတဲ့အဲဒီလူကလန့်သွားပြီးအော်လိုက်တာကတော့ “စားမယ်”  ……………………………………….ပါတဲ့ဗျား ရပါတယ် အဆိုသင်တန်းတွင် သင်တန်းသူတစ်ဦးက နည်းပြအားမေးသည်။ […]