ဘဲဥJanuary 11, 20131min24742
သတ္တု မုဆိုးဆိုတာ သတ္တုတွေရဲ့ အကြောင်းနဲ့ ထွက်ရှိနိုင်တဲ့နေရာကို ကောင်းကောင်ကြီး သိရတယ်ကွ ဟုပြောဆိုလိုက်သော ဆရာရဲ့စကားကြောင့် ကျောင်းပြီးကာစ ဘဲဥ အဖို့ သွေးနားထင်ရောက်သွားစေတယ်ဗျ။ ပြီးတော့ ကျနော်တို့ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ “တူ နဲ့ စိတ်ပဲရှိတယ်” ဆိုတာကို သွားသတိရလိုက်မိတယ်။ “တူ နဲ့ စိတ်” ဆိုတာက ကျောက်သားနမူနာတွေကို ရိုက်ဖဲ့ဖို့လိုအပ်တဲ့ တူ ၊ ပြီးတော့ အဲ့ဒီ ကျောက်သားနမူနာတွေကို လေ့လာခွဲခြား အဖြေထုတ်နိုင်တဲ့ ဦးနှောက်။ ဘဲဥ တို့ အဖွဲ့ရောက်နေတဲ့နေရာက ကချင်ပြည်နယ်ထဲမှာရှိတဲ့ အလွန်ထူထပ်တဲ့ တောအုပ်ကြီးတစ်ခုအတွင်း။ ဘဲဥတို့အဖွဲ့ စခန်းချတဲ့နေရာကို ရောက်ဖို့ ကားလမ်းမကနေ ငါးနာရီခွဲလောက် လမ်းလျှောက်ရတယ်။ ( စခန်းရောက်ဖို့ ငါးနာရီခွဲလောက် ကိုယ့်အထုတ်ကိုယ်ထမ်းပြီး လျှောက်ရတာ တော်တော်ဂွမ်းတယ်)၊အဲ့ဒီနေရာမှာ ကျနော်တို့ အဖွဲ့ရယ် […]