blackloverApril 1, 20111min19628
ဘယ်လိုမှ မသိတော့လို့ အကူအညီတစ်ခုလောက်တောင်းကြည့်တာပါရှင် အဖြစ်ကဒီလိုပါ ကောင်းလေးနဲ့ကောင်မလေးနဲ့ချစ်ကြတယ် ဒါပေမယ့် ဖြစ်လာတာကတော့ ကောင်လေးကလွန်ခဲ့တဲ့ငါးနှစ်က အသည်းအစားထိုးထားပါတယ် ဒါကိုသူက ကောင်မလေးကိုပြောမပြမိပါဘူး။ နောက်တော့ ကောင်မလေးသိသွားခဲံပါတယ် သိသွားခဲံတာကလဲ ကောင်လေးကိုအသည်းအစားထိုးပေးတဲ့ကောင်မလေးကပြောလို့ပါ နောက်ဖြစ်လာတာက အဲလိုအစားထိုးပေးရင်ကောင်လေးနဲ့အသည်းအစားထိုးပေးတဲ့ကောင်မလေးနဲ့ပေးစားကြမယ်လို့ ကတိတွေပေးခဲ့ကြတာပါပဲ အဲအကြောင်းကိုတော့ ကောင်းလေးကမသိခဲ့ပဲ ဟိုဘက်ဒီဘက် မိဘနဲ့ အသည်းအစားပေးတဲ့ကောင်မလေးပဲသိခဲံပါတယ်။ အဲဒါကိုလဲ အသည်းအစားထိုးပေးတဲ့ကောင်မလေးက ချစ်သူကောင်လေးနဲ့ကောင်မလေးကိုပြောပြမှသိကြရပါတယ် အဲမှာကောင်လေးနဲ့ကောင်မလေးဘာဆက်လုပ်ကြမလဲ။ အရမ်းချစ်ကြတဲ့ချစ်သူတွေတဲံသူတို့က မခွဲနိုင်အောင်ပေါ့….. ကောင်လေးလဲစိတ်ညစ်နေတယ် ကောင်မလေးလဲစိတ်ဓါတ်ကျနေတယ် ဟိုဘက်ကလဲစကားလွန်ထားပြီးပြီ ဘာဆက်လုပ်ကြမလဲ ကောင်လေးကတော့သူ့ချစ်သူကောင်မလေးကိုပဲယူမယ်ဟိုကောင်မလေးကိုမယူနိုင်ဘူးပြောပါတယ်….ဒါပေမယ့်အဲကောင်လေးကရောသူ့အိမ်ကိုလွန်ဆန်နိုင်ပါ့မလား ကောင်လေးမိဘတွေကရော ချစ်သူကောင်လေးနဲ့ကောင်မလေးကိုသဘောတူ တစ်ဖက်မှာစကားလွန်ထားပြီးနေပြီ အဲတော့ဘာဆက်လုပ်ကြရင်ကောင်းမလဲအကြံဉာဏ်လေးပေးကြပါအုံးနော် april fool နေ့မှာရေးလိုက်ပေမယ့် april fool မဟုတ်ပါဘူးရှင် တကယ့်အဖြစ်ပျက်လေးကိုရေးပေးထားတာပါ အကြံဉာဏ်လေးပေးစေချင်ပါရှင်………..သူငယ်ချင်းတစ်ယောက်ဖြစ်နေတာလေးပါ သူလဲဘာလုပ်ရမှန်းမသိသူ့ကိုလဲဘယ်လိုအကြံဉာဏ်ပေးရမှန်းမသိနဲ့မို့ ဖိုရမ်မှာဝင်နေကြမို့ အကူအညီလေးတောင်းကြည့်တာပါရှင် တစ်ခါမှခုလိုအကူညီမတောင်းဖူးတဲ့အတွက် အမှားပါရင်ခွင့်လွှတ်ပါရှင် ပြီးတော့ categories ကလဲဘယ်မှာတင်ရမှန်းမသိလို့ news […]