WowApril 16, 20121min23414
ငယ်ငယ်တုံးက ဆရာမမြနှောင်းညိုရေးတဲ့ “အကြွင်းအက္ခရာသင်္ချာတစ်ပုဒ်” ဆိုတဲ့ ဝတ္တုလေးတစ်ပုဒ် ဖတ်ဖူးပါတယ်။ ရည်ရွယ်ချက်တွေမတူကြလို့ ခွဲခွာခဲ့ကြတဲ့ချစ်သူနှစ်ယောက် အကြောင်းပါ။ ရည်မှန်းချက်တွေအတိုင်း ဆက်လက် လျှောက်လှမ်းခဲ့ကြလို့ ဘဝမှာအောင်မြင်မှုတွေ အသီးသီးရခဲ့ကြပါတယ်။ အောင်မြင်တဲ့ဘဝတွေဟာ နေပျော်စရာကောင်းပေမဲ့ တစ်ခါတလေကျရင် ဘယ်ဘက်ရင်ဘတ်မှာ တစ်ခုခုလိုနေသလိုလို…. ပေါင်း၊ နုတ်၊ မြှောက်၊ စား ဘဝကိုသင်္ချာလိုတွက်ခဲ့ပြီး အောင်မြင်ခဲ့ပေမဲ့ “အချစ်” ဆိုတဲ့ အက္ခရာ ကြွင်းကျန်နေခဲ့တဲ့ ဘဝတွေအကြောင်းပါ။ လူတွေရဲ့စိတ္တဗေဒပါ။ လူတိုင်းမှာ သူတို့ရဲ့ ရည်မှန်းချက်မဟုတ်တဲ့ တိတ်တခိုးမျှော်လင့်တဲ့ အိမ်မက်ကလေးတွေ ရှိတတ်ကြပါတယ်။ ဥပမာအကောင်းဆုံးကိုပြရရင် ကျမတို့ မန်းဂေဇက်ရဲ့ ဇတ်လိုက်ကျော်ကြီး ကိုဘုန်းကျော်။ (ကိုဘုန်းကျော်ရေ လူတွေရဲ့စိတ္တဗေဒကို ဖတ်ပြချင်လို့ပါ။ ရှင့်ကို နစ်နာစေလိုတဲ့ စိတ်မရှိပါဘူး။) သူစစ်ထဲဝင်ခဲ့တယ်။ အရေးအခင်းမှာပါခဲ့တယ်။ နယ်စပ်ဖြတ်ကျော်ခဲ့တယ်။ ဩဇီမှာ ခိုလှုံခွင့်ရခဲ့တယ်။ အခုအချိန်မှာတော့ မိသားစုနဲ့အတူ […]