Ma MaMarch 29, 20131min19311
လူမှုရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ အဝေးပြေးကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းက ဦးဆောင်ပြီး ဘုရင့်နောင် ပွဲရုံဝင်းအတွင်းမှာ အခမဲ့ ဆေးခန်းတစ်ခု တည်ထောင်ထားပါတယ်။ အဝေးပြေးကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များရဲ့ သင်းလုံးကျွတ်အစည်းအဝေးကြီးရဲ့ ဆုံးဖြတ်ချက်အရ အသင်းသူ/သားများ၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ၊ ဘုရင့်နောင်ပွဲရုံဝင်းအတွင်းရှိ အခြေခံလူတန်းစားများရဲ့ ကျန်းမာရေးစောင့်ရှောက်ရန် ရည်ရွယ်ချက်နဲ့ အသင်းအမှုဆောင်များ၏ မတည်ငွေဖြင့် စတင်တည်ထောင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဘုရင့်နောင်ပွဲရုံဝင်းအတွင်းမှာ နေထိုင်နေကြသော၊ အလုပ်လုပ်ကိုင်နေကြသော ကားဂိတ်များမှ ဝန်ထမ်းများ၊ လုပ်သားများ၊ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်များ၊ ပွဲရုံနဲ့ အခြားလုပ်ငန်းများမှ ဝန်ထမ်းများ လုပ်သားများစတဲ့ အခြေခံလူတန်းစားအားလုံးရဲ့ ကျန်းမာရေးကို အခကြေးငွေမယူပဲ ကူညီစောင့်ရှောက်ပေးနေပါတယ်။ ကျမတို့ ရောက်သွားတဲ့အချိန်မှာ ဆေးခန်းရဲ့ပင်မအလှူရှင်လည်းဖြစ်၊ ဆေးခန်းတည်နေရာပိုင်ရှင်လည်းဖြစ်တဲ့သူက ဆေးခန်းရဲ့ လည်ပတ်နေမှု၊ လုပ်ဆောင်နေမှုတွေကို စိတ်ရှည်လက်ရှည် ရှင်းပြပေးပါတယ်။ ယခုအချိန်မှာတော့ လူသိနည်းနေပါသေးတယ်။ ဆက်လက်ပြီး ရေရှည်ဆောင်ရွက်နိုင်ဖို့ ကြိုးစားနေကြပါတယ်။ […]


weiweiJune 30, 20111min29517
ကျွန်မအနေနဲ့ မြန်မာနိုင်တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မသိပေမယ့် လက်လှမ်းမှီသလောက် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ နာရေးကူညီမှုအသင်းများမှ ဦးစီးပြီး အခမဲ့ဆေးခန်းတွေ ဖွင့်လှစ်ပြီး ကျန်းမာရေးအလှူပြုလုပ်နေတာကို ကြားသိနေရပါတယ်။ ပြီးခဲ့တဲ့လက ကျွန်မအမေရဲ့ မွေးနေ့အထိမ်းအမှတ်နဲ့ သန်လျင်နာရေးကူညီမှုအသင်းက ကြီးမှူးဖွင့်လှစ်ခဲ့တဲ့ မေတ္တာရိပ် အခမဲ့ဆေးပေးခန်းကို ရောက်ရှိပြီး တစ်ရက်တာ ဆေးဖိုးလှူဒါန်းခဲ့ပါတယ်။ ကြုံတုန်း စပ်စုခဲ့ရသလောက် ဆေးခန်းမှာ ဆရာဝန် ၁၅ ဦးရှိပါတယ်။ အထွေထွေရောဂါကု ဆရာဝန် ရ ဦးက တစ်ရက်ကို တစ်ဦးနဲ့ ရ ရက်လုံး ဆေးခန်းထိုင်ပေးပါတယ်။ သွားနဲ့ခံတွင်းဆေးခန်းလဲရှိပြီး သွားဆရာဝန် ၂ ဦးက အလှည့်နဲ့ ထိုင်ကြပါတယ်။ OG အထူးကုဆရာဝန်၊ အရိုးအထူးကုဆရာဝန်နဲ့ တခြားအထူးကုဆရာဝန်တွေလဲ အလှည့်နဲ့ ဆေးခန်းထိုင်ပေးကြပါတယ်။ ဆေးခန်းအတွက် သီးသန့်အဆောက်အဦးတစ်ခုဖြင့် သပ်သပ်ရပ်ရပ်ဆောက်လုပ်ထားပါတယ်။ ဆေးဖိုး တစ်နေ့တာအတွက် ၃ […]