TTNUNovember 18, 20112min33110
စကားလုံးများရဲ ့ ရာဇဝင် (၁) ကျမ်းကိုး         Lock, Stock and Barrel: Past Times Oxford.   ကျမတို့ တွေ နေ့စဉ် စကားတွေပြောကြတဲ့ အခါ မှာ စကားလုံးတွေ စကားစုတွေ များစွာ ကို အလျင်းသင့်သလို သုံးကြတယ်။ မိမိတို့နေထိုင်ရာဒေသအလိုက် ၊လူမျိုးအလိုက်၊ ပတ်ဝန်းကျင် အသိုင်းအဝိုင်းအဆင့်အလိုက်၊ အဆင်ပြေသလိုသုံးကြတယ်။   ဒီစကားလုံးတွေ စကားစုတွေ ဟာ မိမိသုံးနေတဲ့ ဘာသာစကားထဲကို ဘယ်လို စတင်ရောက်ရှိ လာသလဲ၊ တကယ့်မူရင်းအဓိပ္ပာယ်ဘာလဲ၊ ဆိုတာတွေ မသိဘဲ မတွေးဘဲ  သုံးခဲ့ကြတာများပါတယ်။ ဘာသာစကားဆိုတာ အမြဲပြောင်းလဲရှင်သန်နေပါတယ်။ နေ့စဉ်သုံးကြတဲ့ စကားတွေထဲကို စကားလုံးအသစ်တွေ အဆန်းတွေ အမြဲ ရောက်လာနေကြတယ်။ ဒီစကားလုံးတွေဟာ ကျမတို့ ရှင်သန်ရာဘဝ၊ […]