‘ကျန်နေသေးတဲ့ ဘဝခရီးတွေ xxxx xx ကိုယ်တစ်ယောက်တည်းတော့ xxx xx မသွားတော့ပါ xxxxမင်းလိုက်နိုင်မလားကွာ’ လက်ပ်တော့ကနေ နှိပ်မိရာ နှိပ်မိလိုက်တဲ့ သီချင်းက ဆောင်းဦးလှိုင်ရဲ့ သီချင်း။ နှုတ်ခမ်းက တစ်ချက်ပြုံး လိုက်မိတယ်။ သီချင်းလေးထဲကအတိုင်း တခါတရံ အချစ်ကမှားနေသလားပေါ့။ ပြန်စဉ်းစားမိတယ်။ လက်ပ်တော့က သီချင်းသံက လွင့်ပျံနေလို့ ပြတင်းပေါက်ကနေ အပြင်ကို တစ်ချက်လှမ်းကြည့်မိတယ်။ လေတစ်ချက်နှစ်ချက်တိုက်လို့ အပင်တွေ လှုပ်ယီလှုပ်ယဲ့ နေဝင်ချိန်မို့ ငှက်ငယ်အချို့အိမ်ပြန်တာ တွေ့နေရတယ်။ မြင်နေတဲ့ မြင်ကွင်းကို ကြည့်ရင်း ပြုံးမိပြန်တယ်။ ကိုယ့်ကိုယ်ကို ဘာလို့ ပြုံးမိမှန်း မသိပြန်ဘူး။ လောလောဆယ် လက်ပ်တော့က လွင့်ပျံလာတဲ့ သီချင်းကို ချစ်တယ်။ ပြတင်းပေါက်က ကြည့်နေရတဲ့ ရှုခင်းကို ချစ်တယ်။ အချစ်ဆိုတာ လူတစ်ယောက်ကို […]