အောင် မိုးသူNovember 14, 20141min2284
ရောက်နေတဲ့နေရာဟာ လမ်းဆုံးဆိုရင် ကိုဟာ ချောကမ်းပါးတစ်ခုအစွန်းမှာ ရပ်မိနေသူတစ်ယောက်ပါ…..ချစ်တဲ့သူ။   တကယ်လို့ လမ်းစဆိုရင် ကိုဟာ မျှော်လင့်တဲ့အနာဂတ်ကို ဖန်တီးချင်တာပါ….ချစ်တဲ့သူ။   တံတားမရှိဘူး အခြားမရှိဘူး ကိုဟာ ဒီချောက်ကမ်းပါကနေ မင်းနဲ့အတူခုန်ချပစ်လိုက်မယ်။ (မိုက်ရူးရဲဆန်တယ် ပြောချင်ပြောပါစေ)   ရှိနေတာ လမ်းစဆိုရင်တော့ မင်းဟာ ကို့လက်ကိုတွဲ ကိုနဲ့အမြဲသာရှိပါစေ။   နက်နဲတဲ့ ကမ်းပါးတွေအောက်မှာ ပျော်စရာလည်း တွေ့ချင်တွေ့မယ် ငိုစရာလည်း တွေ့ချင်တွေ့မယ် ကို့ကို တင်းတင်းကျပ်ကျပ် ဖက်ထားပါ။   လမ်းစဟာ အမှောင်ဖုံးချင်ဖုံးမယ် တိမ်ဖုံးချင်ဖုံးမယ်။ ကို့လက်ကိုဆွဲ အားတင်းထားလိုက်။   အမှန်ဆိုရင်လည်း တစ်သက်စာ တစ်ခါတည်းမှန်ချင်တယ်။ အမှားဆိုလည်း တစ်သက်စာ တစ်ခါတည်းမှားပစ်ချင်တယ်။ လာပါကွာ ကို့လက်ကို တင်းတင်းဆွဲ တို့နှစ်ယောက် အတူရဲရင့်ကြမယ်။   လာပါကွာ […]


အလွမ်းကိုပုံဖော်ကြည့်တော့ အနမ်းတွေကတစ်ပွေ့တစ်ပိုက်နဲ့။ ဆောင်းကမအေးသေးဘူး ချစ်သူ အပြောင်းအလဲတွေထဲမှာတော့ ကိုနွေးထွေးချင်နေပြီ။   အသိဆိုတဲ့စိတ်တွေထဲမှာ သတိရခြင်းတွေက ကပ်ကပ်ပါလာတယ်။ အဝေးမှာ အဝေးမှာ အဝေးမှာဆိုတဲ့စကားလုံးကို ကိုသတ်ပုံတွေမှားမှားပေါင်းတယ်(သိရက်နဲ့) နှလုံးသားချင်းနီးနေတာပဲ ဟင့်အင်း အမြဲတမ်းနီးစပ်ချင်ပြီဆို အဲ့ဒါ ကိုယ့်အတ္တဖြူပါ….ချစ်သူ။   နောက်ကျတဲ့ဆောင်းရယ် နောက်ဆုံးအချစ်ဆိုတဲ့ ကို့အချစ်ရယ် ဘဝဟာ တစ်ခါတစ်လေတိုက်ဆိုင်မှုတွေများခဲ့တယ်။   ဟုတ်တယ် ၁၄ခုနှစ် နိုဝင်ဘာက ဖောက်ပြန်တယ် မင်းအပေါ်မဖောက်ပြန်ဘူးလို့ ရဲရဲကတိပေးတယ်။ အလွမ်းက အလွမ်းပါပဲ နိုဝင်ဘာမှာ လွမ်းတဲ့အလွမ်း။ နွေးထွေးမှုတွေ ပေးမယ့်အလွမ်း စောင့်ဆိုင်းခြင်းနဲ့အတူ လွမ်းတဲ့အလွမ်း ကို့ရဲ့………………. နိုဝင်ဘာ……အလွမ်း။ ………………………………… ရင်နှင့်ရင်း၍ အောင်မိုးသူ ၂၀၁၄ခုနှစ် ၁၂ရက် နိုဝင်ဘာ


ရူးသွပ်စွာ ငါတမ်းတ မိပါရဲ့ …… အမှောင်ထဲမှာ ကျရှုံးနေသူတစ်ယောက်မို့ မင်းငါ့အရှုံးကို ဘယ်တော့မှမြင်မှာမဟုတ်သလို ငါကလည်း ထုတ်ပြဖို့ဝန်လေးသူတစ်ယောက် …………. ဒီမှာ… လွမ်းစရာကို နာစရာနဲ့မနှစ်သိမ့်တတ်ဘူး… လွမ်းဖို့ကို ငါ့မာနက တားဆီးထားလို့…..။   တစ်ခါတစ်ခါ…. မဲ့ပြုံးတောင်ပြုံးမိတတ်နေပြီ မင်းခြေထောက်အောက်ရောက်နေတဲ့ ငါ့မာနကို ဖွဟဲ့လို့ ဆွဲထူရင်း ငါ့နှလုံးသားထဲ ပြန်သိမ်းထားလိုက်တော့မယ်   နိုင်ချင်ပေမယ့် ရှုံးနေတဲ့ဘဝတစ်ခုကို မင်းလှောင်မရယ်နဲ့ ပဲ့တင့်သံဆိုတာ ကိုယ့်ဆီပြန်လာတတ်တာ သဘာဝတဲ့   တုံ့ပြန်မှုသဘောတရား မင်းမသိရင် နယူတန်က မင်းကိုလှောင်ရယ်လိမ့်မယ် တစ်ခါတစ်ရံတော့ အချစ်တွေဟာ အမုန်းကိုပြောင်းလဲသွားနိုင်သေးတာပဲ   ဒါပေမယ့် မင်းကိုငါမမုန်းသေးဘူး နာကျင်တဲ့အချစ်တစ်စုံ ဆုပ်ကိုင်ထားတုန်းမှာ မင်းဝမ်းပန်းတသာ လှောင်ရယ်လိုက်ပါ အစကတည်းက ရှုံးပြီးသားမို့ …………………………. …………………………… ငါ့မာနလေး ငါပြန်ကောက်ယူရင်း   […]


အောင် မိုးသူFebruary 19, 20131min1703
ကျွန်တော်ဟာ သီးသန့်ကမ္ဘာလေးထဲမှာ နေထိုင်သူတစ်ယောက်ပါ အဲသည်နေ့က သူရောက်လာတယ် ပန်းနုရောင်တွေအပြည့်နဲ့ပေါ့ အဲသည်အချိန် လေပြေတွေက ဖြေးဖြေးလေးတိုက်ခတ်တယ် ပန်းနုရောင်တွေ သွန်းချလိုက်ပါ ကျွန်တော်တောင်းဆိုနေတယ် သူ့နှုတ်ခမ်းအစွန်းစ ကွေးညွှတ်တဲ့အပြုံးတစ်ခုနဲ့ ကျွန်တော် အရူးအမူးပဲ။ ဖြူဖွဖွ နှင်းမှုန်တွေလွှမ်းခြုံပေးပါ အေးစိမ့်တဲ့အထိအတွေ့နဲ့ ကျွန်တော်သူ့ကို အနမ်းအချို့ပြန်ပေးချင်ပါရဲ့ သူလက်ခံနိုင်ပါစေ သူ့နှုတ်ခမ်းမှာ ချယ်ရီတွေချိုမြလို့ ကျွန်တော့်ဆီ ဆင်းသက်ကျရောက်ပါစေ။ ကျွန်တော့်လက်ဖဝါးမှာ အပြာရောင်အလင်းမှုန်တွေဆင်းသက်လို့ သူ့ကိုတစ်ချက်မောကြည့်မိတယ် ဖြူလွှလွှဆိုတာထက် တကယ့်ဖြူလွှလွှ နှစ်ကိုယ်ကြားက လေပြေတွေဟာအတိုင်းအဆမရှိ …………………………………….. …………………………………….. နံရံမှာနားရှိသလို ကျွန်တော့်ရင်ဘတ်မှာ အာရုံခံကိရိယာရှိတယ် သူ့မှာရော…………………………..။ နီးစပ်လာတဲ့ ဝတ်မှုန်တွေကြားမှာ ကျွန်တော်သေငယ်ဇောနဲ့ ကူးခတ်ရသလိုပဲ သူ့လက်ဖျားမှာ မီးပြတိုက်လိုအလင်းရောင်တွေ ရောက်တော့မယ်…….ရောက်ခါနီးနေပြီ သူ့ဘက်က အလင်းရောင်ပြပြကျွန်တော်တွေ့မိလိုက်ရဲ့ လေပြေ…….တစ်ဆင့်…….လေပြင်း…… လေပြင်း…….တစ်ဆင့်……မုန်တိုင်း…….. ကျွန်တော့်လည်ချောင်းကတစ်ဆင့် ပင့်သက်ကိုရှိုက်လိုက်တယ်… သူ့ရဲ့အပြုံးတစ်ချက်…… အပြုံးတစ်ဝက်……. အပြုံးတစ်စက်……. […]