မေ………..။ အဲသည်နေ့က ကျတော့်စိတ်ထဲ တစ်လုံးတည်းသာ ရေရွတ်လိုက်မိတဲ့စကားလုံးပဲ။ မေ့နှုတ်ခမ်းက ထွက်ကျလာတဲ့ စကားလုံးပေါင်းများစွာကို တွန်းလှန်တင်းခံမထားနိုင်တာ အံဩစရာ မဟုတ်ပါဘူးလေ။ သည်လိုပဲလေ မေ ကျတော့်ကို အနိုင်ယူနေကြပဲ သည်ကိစ္စမှာ မေမှားသလို ကျတော်လည်းမှန်တယ်လို့ မေနည်းနည်းတောင် မစဉ်းစားမိဘူးလား။ သစ္စာမဲ့တယ်လို့ မေထွက်ခဲ့တဲ့စကား အတိမ်အနက်ဟာ တင်းထားတဲ့ကျတော့်သိက္ခာလေး မှုန်ပျပျကို မေတစ်ခါတည်း ဆွဲချပစ်ခဲ့တာပဲ။ (၂)နာရီဆိုတဲ့ အချိန်ကာလတစ်ခု မေ့အတွက်အရေးကြီးမှန်း ကျတော်သိခဲ့တာပေါ့မေ။ အဲသည်လိုပဲ မေနဲ့ကျတော်သိပ်ချစ်တဲ့ ‘နီတာနဲ့နီပြာ’ လေးအတွက်လည်း ဘဝနဲ့ရင်းပြီး အရေးကြီးတယ် ဆိုတာ မေသိမယ် ကျတော်ထင်ခဲ့တာ။ ကျတော်ရောက်တဲ့အချိန်ဟာ သိပ်ကိုနောက်ကျသွားမှန်းကျတော်သိတယ်။ ကန်တော်ကြီး Utopia Tower ရှေ့က The Best Music Pub ဆိုတဲ့ ဆိုင်လေးရဲ့ ကွက်လပ်တစ်နေရာမှာ မေတို့သူငယ်ချင်းတစ်စုက စကားသံတွေဝေစည်နေပြီလေ။ […]