manawphyulayDecember 4, 20101min1689
လာတုန်းကလည်း တစ်ယောက်ထဲနော် လက်တွဲခေါ်ကာ ဖော်မပါဘူး ဥစ္စာချည်းနှီး ကိုယ်ထီးတည်း ပြန်သွားတော့လည်း တစ်ယောက်ထဲနော် လက်တွဲခေါ်ကာ ဖော်မပါဘူး ဥစ္စာချည်းနှီး ကိုယ်ထီးတည်း လာပြီးတော့နား မသွားသေးခင် ချိန်လေးတွင်းမှ ဝန်းကျင်ယှက်နွယ် နှောင်ကြိုးတွယ်ကြ ပြုံးရယ်မဲ့ငို ချစ်မုန်းပိုကြ မလိုဒေါသ လိုလောဘနှင့် ဘဝရိပ်မြုံ ကကြိုးစုံခဲ့ ကံကုန်မိုးချုပ် လက်တွဲဖြုတ်ကာ သုတ်သုတ်ဆောလျှင် ခရီးနှင်သည် တို့လည်း ဧည့်သည်ပါတကား ဒီကဗျာလေးကို အရမ်းသဘောကျ နှစ်ခြိုက်မိလို့ နာရေးယပ်တောင်ကနေ ပြန်လည်ကူးယူဖော်ပြလိုက်ရခြင်း ဖြစ်ပါတယ်။ ကဗျာရေးစပ်သူကတော့ ဆရာ ဗန်းမော်ညိုနွဲ့ ဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။