အဘ ဘုတ္ကလံုNovember 6, 20131min26016
ကမာရွတ် အချုပ်ခန်း၏ ကြမ်းပြင်တွင် လူခြောက်ယောက် ကိုယ့်အမှုအကြောင်း ကိုယ်မိတ်ဆက်နေကြသည်။ အားလုံးက ရယ်ရယ်မောမောပင်။ အချုပ်ကျနေသည်ကို မေ့ထားဟန်တူသည်။ ထိပ်ဆုံးတွင် ထိုင်နေသူ နှစ်ဦးကတော့ ရဲပြေးဖြစ်သည်။ သူတို့သည် ဒီစခန်းမှာပင် နေပြီး ဒီစခန်းမှပင် ပြေးခဲ့သူတွေဖြစ်ကြသည်။ “ရဲမလုပ်ချင်တော့လို့ပြေးတာပေါ့ဗျာ။ အကြောင်းပြချက်သိပ်မရှိပါဘူး။ အရာရှိတွေက အမှုသည်တွေဆီက၊ ချဲဒိုင်၊ နှစ်လုံးဒိုင်တွေဆီက ဝင်ငွေပုံမှန်ရတယ်။ ကျုပ်တို့လို အခြားအဆင့်နဲ့ တပ်သားတွေကြတော့ ဘာမဟုတ်တဲ့ လခလေးနဲ့ ၂၄ နာရီအလုပ်လုပ်နေရတာ” သူ ရဲပြေးဖြင့် အချုပ်ကျနေသည့် အသက် ၃ဝ အရွယ် လူကပြောသည်။ နောက်ထပ် ရဲပြေးတပ်သားကတော့ ရဲဘဝသည် ညည်းငွေ့စရာကောင်းသဖြင့် ပြေးခြင်းဟုဆိုပါသည်။ သူတို့ ရဲပြေးနှစ်ယောက်ကတော့ စခန်းတွင် နေခဲ့သူပီပီ စခန်းရှိ ရဲဘော်များနှင့် အကြွမ်းဝင်ကာ ဆေးလိပ်ကွမ်းကော်ဖီ၊ လိုသလို ရနိုင်လေသည်။ […]