manawphyulayJune 10, 20121min701
ကျွန်တော်တို့ သုံးယောက် ကွာလာလမ်ပူကားဂိတ်ကို ချောချော မောမော ရောက်လာပြီးတဲ့ နောက်ကျွန်တော်လည်း သူငယ်ချင်း နှစ်ယောက်ကိုနှုတ်ဆက်ရင်း မိမိ နေခဲ့ဘူးသော သူငယ်ချင်းအိမ်ဆီသို့ထွက်ခွာလာခဲ့ပါတယ်ခင်ဗျာ။ ထိုစဉ်က ပါမစ်တွေ ပေးနေပြီမို့ မိမိလို အခုမှ ရောက်လာသူအတွက် အရင် လုပ်ခဲ့ဘူးသော စက်ရုံမှပြန်ခန့်ရန် ပါမစ်လိုတာကြောင့် တစ်ခြားမှာ အလုပ်ရှာဘို့ ကိုယ်တိုင်ကြိုးစား ရတာပေါ့ခင်ဗျာ။ ပထမဆုံး ကိုယ်ရင်းနှီးခဲ့ဘူးသော မိတ်ဆွေ ဖုန်းနံပါတ်များကို ရှာဖွေ ဆက်သွယ်ပါတယ်။ဒါပေမဲ့ အသီးသီးက သူတို့ အလုပ်မှာ အဆင်ပြေနေကြပြီး ကျွန်တော့်အတွက် က နေရာ လပ်မရှိ ဖြစ်နေတာကြောင့် ကိုယ်တိုင် အလုပ်ရှာဘို့ စားသောက်ဆိုင်နဲ့ ဘား(အရက်ဆိုင်-ဒစ်ကို)တွေရှိရာ ပီဂျေ(ပတ်တလင်း ဂျာယာ)ဘက်ကို ထွက်လာခဲ့ပါတယ်ခင်ဗျာ။ ပထမဦးဆုံး အင်တာဗျူး ဖြေတဲ့ဆိုင်က မာတာဒိုး( အနောက်တိုင်း အီတလီ စားသောက်ဆိုင်)မှာဝင်ပြီး […]