အာဂJune 3, 20131min36329
ဘဝကို အောက်ခြေအဆင့်ကနေတက်ရောက်လာပြီး အလုပ်မျိုးစုံဖြစ်တဲ့ ကားအချိန်ပိုင်းဆွဲခြင်း၊ အလှမွေးငါးရောင်းခြင်း၊ပန်းရောင်းခြင်း၊ ရေခဲထုပ်ရောင်းခြင်းစတဲ့ အလုပ်မျိုးစုံလုပ်ကိုင်ခဲ့ပြီး။ မွေးရာဗီဇ ါသနာဖြစ်တဲ့အချက်အပြုတ်ကိုအခြေခံပြီး စားသောက်ဆိုင်လုပ်ငန်းပေါင်းများစွာ အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့သူ။ တစ်နေ့ကို သူတစ်ပါးအကျိုးစီးပွားအတွက် ၅ကြိမ်လောက်ပေးကမ်းလှူတမ်းပြီးမှ စိတ်ကျေနပ်တက်သူ။ ကိုယ့်စီးပွားရေးထက် စားသုံးသူအကျိုးစီးပွားကို ရှေ့တန်းတင်ဦးစားပေးတက်သူ . . . ။ သူက အခြားမဟုတ်ပါဘူး။ Feel Group ပိုင်ရှင် ဦးစိုးညီညီပဲဖြစ်ပါတယ်။ ဦးစိုးညီညီရဲ့ ဘဝအကြောင်း တစ်စိတ်တစ်ဒေသနဲ့ အစားအသောက်အကြောင်းကို စာဖတ်သူများ လေ့လာအတုယူနိုင်အောင်လို့ အခုလို မေးမြန်းခဲ့ပါတယ်။ အာဂ • အစ်ကို့ရဲ့ မိသားစုအကြောင်းလေး ပြောပြပေးပါဦး။ •• အစ်ကို့အဖေက ဂျပန်တော်လှန်ရေးကာလကဒုဗိုလ်မှူးကြီးပါ။ အမေကတော့ကျောင်းဆရာမပါ။ ကျွန်တော့်မှာ ညီအစ်ကို၊ မောင်နှမ ၆ယောက်ရှိပါတယ်။ယောက်ျားလေးချည်းပဲ ၅ယောက်ပါ။ အငယ်ဆုံးက တော့ မိန်းကလေးပါ။ အစ်ကို့ညီမကတော့ဒီFeel မြန်မာစားသောက်ဆိုင်ကို […]


manawphyulayJanuary 29, 20131min2127
ခုမြန်မာနိုင်ငံမှာ ဖုန်းတွေ အတော်ခေတ်စားလာတော့ မလေးရှားနိုင်ငံရဲ့ ဖုန်းတွေအခြေအနေကိုလည်း သိချင်ကြမယ်လို့ မနော ထင်မြင်မိတဲ့အတွက် မလေးရှားရောက် မြန်မာတစ်ယောက်ကို မေးမြန်းထားတဲ့ မြန်မာ့ဆက်သွယ်ရေးနှင့် မလေးရှားနိုင်ငံ ဆက်သွယ်ရေး နှိုင်းယှဉ်ချက်များဆိုတဲ့ ခေါင်းစဉ်နဲ့ အကြောင်းအရာ များကို ပြောပြချင်ပါတယ်။ Postpaid နှင့် prepaid စတင်ပုံများ မြန်မာနိုင်ငံမှာ ၂၀၀၇-၂၀၀၈ ပတ်ဝန်းကျင်လောက်က ၁၅ သိန်းတန်ဖုန်းတွေ စတင်ချပေးပြီး postpaid စနစ်ကို စတင်သုံးစွဲလာခဲ့ပါတယ်။ အဲဒီအချိန်တုန်းကဆိုရင် ဖုန်း (sim card) ပေါက်ဈေးတွေဟာ ကြောက်ခမန်းလိလိ သိန်းလေးငါးဆယ်နီးပါး ဈေးပေါက်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ဆက်သွယ်ရေးမှာ တန်းစီပြီး စာအုပ်လေးတွေထပ်ကာ ငွေပေးချေတဲ့စနစ်ကျင့်သုံးခဲ့တာမို့ ငွေပေးချေတာကို လက်ခံလုပ်ပေးတဲ့ ပွဲစားတွေပါ ပေါ်ပေါက်လာတာကို တွေ့ခဲ့ရပါတယ်။ ယခုနောက်ပိုင်း ၂၀၁၁ ခုနှစ်မှာတော့ prepaid စနစ် […]


သူရႆဝါMarch 16, 20116min540
“ကျွန်တော်နှင့် Teen Magazine ၏ Cyber Bullying အကြောင်း အင်တာဗျူး” ပြီးခဲ့တဲ့ ၁ လပိုင်းတုန်းက ကျွန်တော့်ရုံးကို Teen မဂ္ဂဇင်းက သတင်းထောက် နေလွင် ဖုန်းဆက်လာပါတယ်။ Teen’s Opinion ကဏ္ဍအတွက် အင်တာဗျူးလုပ်ချင်ပါတယ်တဲ့။ သူဆွေးနွေးချင်တဲ့ ခေါင်းစဉ်က Cyber Bullying ပါ။ အဲဒီ အကြောင်းကို ဒီနိုင်ငံမှာ လူသိပ်မသိကြ သေးပါဘူး။ ဖြေပေးရမယ့် ကျွန်တော် ကိုယ်တိုင်တောင် ဇဝေဇဝါနဲ့။ Cyber Bullying အကြောင်းကို သေချာဖြေနိုင်ဖို့ စာတွေပြန်ရှာဖတ်လိုက်ရ ပါသေးတယ်။ တစ်နေ့က မဂ္ဂဇင်းထွက်လာပါတယ်။ ဒါကြောင့် ကျွန်တော် အခုအဲဒီပိုစ့်ကို ပြန်တင်ပေးလိုက်ပါတယ်။ ၂၀၁၁ ခုနှစ် ၊ မတ်လထုတ် Teen Magazine ရဲ့ Teen’s […]


သူရႆဝါSeptember 9, 20108min740
<!– ပြီးခဲ့တဲ့လက ကျွန်တော်တို့ “နံနက်ခင်းကြယ်စင်စု” နဲ့ ကဗျာဆရာ အောင်ရင်ငြိမ်းတို့ရဲ့ စကားဝိုင်းကို ကျွန်တော် တင်ပေးခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ စကားဝိုင်း (အင်တာဗျူး) ကို ဖော်ပြပေးတဲ့ Teens မဂ္ဂဇင်းက ပထမပိုင်းပဲ ဖော်ပြပေး ခဲ့တာမို့ ကျွန်တော်လည်း ပထမပိုင်းပဲ တင်ပေးနိုင်ခဲ့ပါတယ်။ အခုတော့ ဒုတိယပိုင်းပါတဲ့ Teens မဂ္ဂဇင်း၊ စက်တင်ဘာ လထုတ် ထွက်လာပြီမို့ စကားဝိုင်း ဒုတိယပိုင်းအဖြစ် ပြန်တင်ပေးလိုက်ပါတယ်။ ပထမပိုင်း မဖတ်လိုက်ရတဲ့သူများ ဖတ်ချင်ရင် ဒီမှာ … ဖတ်လိုက်ပါ။ “ကဗျာဆရာအောင်ရင်ငြိမ်းနဲ့ စာမျက်နှာပေါ်က အင်တာဗျူး (၂)” အောင်ရင်ငြိမ်း ခေတ်ပြိုင် မြန်မာ ကဗျာ လောကရဲ့ ကဗျာ အယူအဆ ရေးရာ တွေကိုရော စိတ်ဝင်စား ကြလား။ […]