ဆူးOctober 7, 20111min37030
တယောက် တမျိုးစီ အစီရင်ခံစား များ ဆက်လက် တင်သွင်းပြီးနေတာကို ကြည့်နေရင်း ဆူး လည်း တရေး တမော ငိုက်မြည်းခဲ့ပါတယ်။ အချိန်အတိုင်းအတာ တခုအရ အိပ်ပျော်သွားပြီး နိုးလာချိန်မှာတော့ ရွာသား စာမိ မှ ရွှေရောင်းလို့ ရတဲ့ ပိုက်ဆံနဲ့ အာလူးပူတီ နဲ့ ချာပါတီ တယောက်ချင်းစီ ရိုက်ကျွှေးပါတော့တယ်။ (ချာပါတီ ရိုက်ခြင်းဖြစ်သည်။) အောင်ပု ကတော့ စမူဆာ ကြော်လေးများ လိုက်ဝေ ပါတယ်။ အင်္ဂလန်က အဘဆွေကတော့ ရွာသားများကို ကော်ဖီ နဲ့ တည့်ခင်း ဧည့်ခံပါတယ်။ ကော်ဖီ အမျိုးပေါင်း ၅ဝ ကျော်နဲ့ စိတ်ကြိုက် ရွေးချယ်ပြီး သောက်နိုင်အောင် စီစဉ်ပေးထားလို့ ရွာသားများ ကော်ဖီ သောက်ရင်း စိတ်ချမ်းသာတယ် ဆိုတဲ့ […]


ဆူးOctober 6, 20111min40230
အပိုင်း ၂ မှ အဆက်ဖြစ်ပါသည်။ ပေါက်ဖော် ကတော့ အရက်ဆိုတာ သောက်ရင် မူးတတ်ပါတယ်။ (ဒေါင်…) အီးတုံးမှ နေပြီးတော့ ဆက်လက် အကြံပြုပါတယ်။ ဘီယာဆိုတာ ပါးစပ်ပါတဲ့ မိန်းမတွေ သောက်ချင်ရင် သောက်လို့ ရတဲ့ အရာတခုပါ။ ကျားမ ခွဲခြားတဲ့ ခေတ်ကုန်ပါပြီလို့ ထင်မြင်ပါတယ်။ (ဒေါင်…) ရွှေဘိုသား ကလည်း အရင်က ရွာမှာ နွားကျောင်းတယ် အခု အင်တာနက်ဆိုင်မှာ ကောင်မလေးချောချောတွေကို ကျောင်းတယ်ဗျာ… ရွာထဲက ကောင်မလေး ချောချော များ ရွှေဘိုသား သက်ရှိထင်ရှား ရှိနေကြောင်း အားလုံးကို သိစေချင်ပါတယ်။ (ဒေါင်…) intro ကတော့ ကျတော် ကိုကိုအင်လေ ကောင်မလေးချောချော မြင်ရင်လေ.. တခြားတော့ စိတ်မများပါဘူး ဂိမ်း အပြိုင် […]


ဆူးOctober 5, 20111min44837
ကြီးမား ကျယ်ဝန်းလှတဲ့ ခန်းမဆောင်ကြီးထဲမှာ ထိုင်ခုံတွေ အများကြီး နဲ့ လူတွေ ထိုင်ခုံ အပြည့် ထိုင်နေကြပါတယ်။ ထိုင်ခုံတွေ မှာ စားပွဲလည်း ပါပါတယ်။ တနေရာတည်းကို မျက်နှာမူ ထားကြပါတယ်။ ခုံများ မျက်နှာမူထားတဲ့ နေရာရဲ့ ရှေ့တည့်တည့်မှာ ဇတ်ခုံကြီး တခုရှိပါတယ်။ ဘာတင်ဆက်မှုတွေ ရှိမလဲလို့ ခန်းမဆောင် ပုံစံကို ကြည့်ပြီး သုံးသပ်မိပါတယ်။ လွတ်နေတဲ့ ထိုင်ခုံ တခု ကို ရုပ်မြင်သံကြားမှာ မြင်လိုက်ပါတယ်။ ကင်မရာကလည်း အဲဒီ လွတ်နေတဲ့ ခုံနေရာရဲ့ စားပွဲပေါ်ကို ချိန်လိုက်တဲ့ အချိန်မှာ အလုအယက် ကြည့်လိုက်တဲ့ အခါ ခုံ မှာ နာမည် တခု ရေးထားပါတယ်။ ရွာသားတွေကို ခုံမှာ နာမည် နဲ့ တကွ […]


ဆူးOctober 4, 20111min48137
တနေ့ အိမ်ကို စာအိတ်တခု ရောက်လာခဲ့ပါတယ်။ စာအိတ်ထဲမှာတော့ ရွာထဲမှာ အခမ်းအနား တခု ပြုလုပ်မှာ ဖြစ်တဲ့ အတွက် မပျက်မကွက် တက်ရောက်ပါရန် ဆိုတဲ့ စာပါတဲ့ စာအိတ်ကလေး ဖြစ်ပါတယ်။ စာအိတ်ကို လက်ခံယူတဲ့ အချိန်မှာ တက်နိုင်မတက်နိုင် လက်မှတ်ရေးထိုးပေးရပါတယ်။ ဆူး ကတော့ လတ်တလော အလုပ်တွေ များနေလို့ အစည်းအဝေး ကို မတက်နိုင်ဘူး ဆိုတာ သိတဲ့ အတွက် မတက်ရောက်တဲ့ အကြောင်း လက်မှတ်ရေးထိုးပြီး ဖိတ်စာကိုတော့ လက်ခံထားပါတယ်။ ဖိတ်စာထဲမှာတော့ မတက်ရောက်နိုင်တဲ့ ရွာသားများ ရှိရင် အိမ်မှာပင် အစည်းအဝေး အခမ်းအနားကို တီဗွီကနေတဆင့် တိုက်ရိုက် ကြည့်နိုင်အောင် စီစဉ်ပေးထားတယ်လို့ ပါတဲ့ အတွက် ဝမ်းသာ အားရ ရှိခဲ့ပါတယ်။ အစည်းအဝေး […]