တောပုကီ ဆိုင်ရဲ့ Review ပထမဆုံးအနေနဲ့ သိလိုက်တဲ့အသိက ဖေ့ဘွတ်ပေါ်က ပုံလှလှနဲ့ ကောင်းတယ်ဆိုတိုင်း သွားမစားမိကြစေဖို့ပဲ။ ဒီဆိုင်ကို ဖေ့ဘွတ်ပေါ်က တစ်ယောက်က ကောင်းတယ် ဈေးသက်သာတယ်ဆိုပြီး ညွှန်းလို့ သွားစားဖြစ်လိုက်တယ်။ ကျတော်ကတော့ ဘယ်ဘက်မှ မလိုက်ဘဲ ပြောပါ့မယ်။ ဆိုင်ဝရောက်ရောက်ချင်း လူပြည့်နေတယ်။ သိလိုက်ပြီး ဖေ့ဘွတ်ပေါ်က တင်လိုက်တဲ့ ပို့စ်ကြောင့်နေမယ်။ ဝင်ဝင်ချင်း စားပွဲခုံနှစ်ခုံအကျော် အဝမှာတင် ပုဂံတွေဆေးနေတာ တောင်လိုပုံ ကြည့်မိရင် မစားချင်စရာ။ နောက်ပြီး ဆိုင်ကျဉ်းတယ် လေဝင်လေထွက်မကောင်းဘူး အိုက်တယ်။ ဒါနဲ့ မှာစားဖြစ်တယ်ဆိုပါတော့။ ခုပြထားတဲ့ပုံတွေအကုန်လုံး စားလာတယ်။ ဒါပေမယ့် ဒါတွေတစ်ခါတည်းမရဘူးနော် တစ်နာရီကျော်ထိုင်စောင့်လိုက်ရတယ်။ တစ်နာရီကျော်စောင့်တာတောင် အကုန်မရဘူး တစ်ခုပြီးမှတစ်ခု။ ပထမအချက် အရမ်းကြတယ်။ မီးဖိုတစ်ခုတည်း ရှိပုံရပါတယ်။ ချက်ပေးတဲ့ သူက တစ်ယောက်တည်း။ ပထမဆုံး […]