အခုတလောရွာထဲမှာကျောင်းကိစ္စတွေ ဆူနေတာနဲ့ ဒီပိုစ့်ကလေးကိုရေးဖြစ်တာပါ။ ကျွန်မတို့ငယ်ငယ်တုန်းက အစိုးရကျောင်း ဆိုတာဘာရှော့မှမရှိခဲ့ပါဘူး။ ရှိသူကော၊ မရှိသူကော သာတူညီမျှစိတ်အေးချမ်းသာတက်ခဲ့ရတာပါ။ တခြားရွေးချယ်စရာလဲ မရှိခဲ့ပေမဲ့ရှိခဲ့ရင်လဲ အစိုးရကျောင်းကိုပစ်ပယ်မယ်မထင်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်မတို့ခေတ်ကဆရာ၊ ဆရာမတွေဟာ တကယ်ကို နာသုံးနာနဲ့ပြည့်ဝကြပါတယ်။ အသပြာ ဆရာ၊ ဆရာမတွေ မရှိဘူးလို့တော့ပြောလို့မရပေမဲ့ အင်မတန်နဲ ပါးသော ရေအတွက်ပါ။ တယောက်စ၊ နှစ်ယောက်စပါ။ အဲဒီဆရာမတွေဟာမြို့မှာနာမည်ပျက်ပါတယ်။ နယ်မြို့ဆိုတော့ပိုဆိုးပါတယ်။ သူတို့ကလဲ စီးပွားကတော့သတ် သတ်ရှာတာ၊ နာမည်တော့ပျက်မခံဘူးဆိုပြီးကျူရှင်မသင်တဲ့ဆရာမတွေထက်မနိမ့်တဲ့စေတ နာနဲ့သင်ကြပါတယ်။ ကျွန်မ စတိတ်ကျောင်းသူဘဝမှာ ကျူရှင်ဆိုတာ ၉ တန်းရောက်မှာစယူတာပါ။ ကျွန်မတို့တုန်းက ၈ တန်းမှာ ဝိဇ္ဇာ ၊ သိပံ္ပခွဲတဲ့စနစ်ဆိုတော့ သိပံ္ပတွဲပါလို့ကျူရှင်ယူရတာပါ။ ကျွန်မတို့ကလေးဘဝက နွေရာသီဆိုလဲ ၃ လလုံး အ ပြည့်အဝနားရပါတယ်။ မေလကုန်ခါနီးကျောင်းအပ်မှ စာဆိုတာခေါင်းထဲရောက်တာပါ။ အကြိုကျူရှင်၊ ဘာသင်တန်း၊ […]