တစ်ခါတစ်ခါ စာရေးသူရော စာဖတ်သူပါ စိတ်ညစ်တာတွေ၊ စိတ်မအီမသာဖြစ် တာတွေ ကြုံတွေ့တတ်ရပါတယ်။ ဒီလိုအချိန်မှာ အနားမှာ အားပေးဖော်သူငယ်ချင်း တွေရှိနေရင် ကို်ယ့်ရဲ့ညစ်နေတာလေးတွေကို မျှဝေလိုက်ရင် အဆင်ဖြေတတ်ပါတယ်၊ ဒါပေမဲ့ သူငယ်ချင်းတွေဆိုတာ အမြဲတမ်းကိုယ့်အနားမှာ ရှိမနေနိုင်ကြပါဘူး၊ ရှိနေပြန် ရင်တောင် ကိုယ့်ရဲ့စကားတွေကို အချိန်ပေးပြီး မမြဲတမ်းပေးပြီး နားမထောင်နိုင်ကြ ဘူးလေ၊ ဒီလိုဆိုရင် စိတ်ညစ်စရာတွေကြုံတွေ့လာတဲ့အခါ အားတင်းပြီးဖြေနိုင်ကြအောင် သူတော်ကောင်းကြီးတွေရဲ့ နှလုံးသွေးနဲ့ရေးသွားကြတဲ့ ဖြစ်ရပ်လေးတွေ ပြောပြချင်ပါ တယ်၊ သူတော်ကောင်းကြီးများဟာ သူတို့အပေါ်ဘယ်လောက်ပဲ ရက်စက်စက်၊ တိုက် ခိုက်တိုက်ခိုက် မေတ္တာနဲ့သစ္စာနဲ့ သာယှဉ်ပြိုင်အနိုင်ယူသွားကြတာပါ၊ ရက်ရက်စက်စက် စကားလုံးတွေ တုန့်ပြန်ရန်မူတာတွေနဲ့ အနိုင်မယူကြပါဘူး၊ ပထမဆုံးအနေနဲ့ ဘုရားအလောင်းတော် ဆဒ္ဒန်ဆင်းမင်း သူတော်ကောင်းကြီး အကြောင်းကိုပြောပြချင်ပါတယ်၊ ဆဒ္ဒန်ဆင်မင်းကြီးမှာ မဟာသုဘဒ္ဒါရယ် စူဠသုဘဒ္ဒါ ရယ်ဆိုတဲ့ ဆင်မမိဖုရားနှစ်ပါးရှိပါတယ်၊ တစ်နေ့တော့ […]