ရခိုင်ရာဇဝင်ထဲက ကမန်တိုင်းရင်းသားတို ့သည် အိမ်နီးနားချင်း ဆက်စပ်နေသော နိုင်ငံတစ်ခု၏ လူမျိုးတစ်မျိုးမှ ပေါက်ဖွားလာသော မျိုးနွယ်စုတစ်မျိုးမဟုတ်၊““မည် သည့် အိမ်နီးချင်း နိုင်ငံ တစ်နိုင်ငံတွင်မှ ကမန် ဟူသော အမည်ဖြင့် လူမျိုးများနေထိုင် ကြကြောင်း သမိုင်းအထောက်အထား များလုံးဝမရှိပါ””။       ကမန်မျိုးနွယ်စုသည် ရခိုင်လူမျိုးစုကြီးတွင် အထင်အရှားပါဝင်နေပြီး ကမ္ဘာအရပ် ရပ် မည်သည့်တိုင်းပြည်နိုင်ငံ များတွင်မျှ ကမန်လူမျိုးစုနှင့်မျိုးနွယ်တူ တိုင်းတပါးသား ကျောထောက်နောက်ခံ လူမျိုးဟူ၍ လုံးဝမရှိသော မြန်မာနိုင်ငံနွယ်ဖွား မျိုးနွယ်စုတစ်စု သာဖြစ်ကြောင်း၊နိုင်ငံတော်၏ သမိုင်းစဉ် တလျှောက်တွင် မည်ကဲ့သို ့အခက်အခဲများ ကြုံကြိုက်ခဲ့ပါစေ၊တိုင်းတပါးနိုင်ငံများသို ့လူမျိုးစုအလိုက်ထွက်ပြေးတိမ်းရှောင်ခြင်း၊တိုင်းတပါး အားကိုးအားထားပြုခြင်းများလည်းမရှိဖူးပါချေ။        အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်ပြီး ရခိုင်ရိုးရာယဉ်ကျေးမှုအတိုင်းပင် ဆက်လက် နေထိုင်လျှက်ရှိသော တိုင်းရင်းသားမျိုးနွယ်စု တစ်ခုပင်ဖြစ်သည်။ကမန်များမှာ […]