manawphyulayMarch 3, 20131min18510
ကျွန်မတို့ မြန်မာပြည်သူပြည်သားတွေရဲ့ စည်းကမ်းနဲ့ ပက်သက်ပြီး မကြာခဏ ဆိုသလို တွေ့မြင်မိတော့ စည်းကမ်းဆိုတဲ့ ဆောင်းပါးလေး ရေးဖြစ်မိပါတယ်။ ကျွန်မအနေနဲ့ နိစ္စဓူဝ တွေ့နေရတဲ့ လိုင်းကားပေါ်က မြင်ကွင်းတွေ၊ လမ်းပေါ်က မြင်ကွင်းတွေ၊ အမှိုက်ပစ်တဲ့ နေရာတွေမှာ တွေ့ရတဲ့ မြင်ကွင်းတွေစတဲ့နေရာတွေမှာ ကျွန်မတို့ နိုင်ငံသားတွေရဲ့ စည်းကမ်းပိုင်းနဲ့ ပက်သက်ပြီး အားနည်းတဲ့ အချက်လေးတွေကို ပြုပြင်စေချင်မိပါတယ်။ နိုင်ငံတစ်နိုင်ငံ တိုးတက် ဖွံ့ဖြိုးဖို့၊ လူမျိုးစုတစ်စု တိုးတက်ဖွံ့ဖြိုးဖို့အတွက် စည်းကမ်းဆိုတာ အဓိကကျတယ်ဆိုတာကို ကျွန်မအနေနဲ့ လက်ခံထားပါတယ်။ ပထမဆွေးနွေးချင်တဲ့ အကြောင်းအရာကတော့ အမျိုးသားတွေမှာ အများဆုံး နေ့စဉ် ပုံမှန်ဆိုသလို လုပ်မိကြတဲ့ ကားပေါ်ကနေ ကွမ်းတံတွေး ထွေးတဲ့ကိစ္စလေးပါပဲ။ ကျွန်မတို့ မြန်မာလူမျိုးတွေဟာ ရှေးဘုရင်ခေတ်တွေထဲက ကွမ်းစားတဲ့ အလေ့အထ ရှိခဲ့ကြရာက ယနေ့ခေတ်အထိ မြန်မာနိုင်ငံမှာ […]