ကျနော်ဟာ အညာသားတစ်ယောက်ပါ။ ရွာမှာ ကျောင်းတက်နေရင်း လေးတန်းအောင်တော့ ရန်ကုန်က အဒေါ်ရဲ့ အိမ်မှာ နေပြီး ကျောင်းတက်ဖို့အတွက် အဖေတို့ အမေတို့နဲ့ ခွဲခွာပြီး ရန်ကုန်ဆိုတဲ့ မြို့ကြီးဆီကို ပြောင်းလာခဲ့ရတယ်။ အဒေါ်က အဝေးပြေး ခရီးစဉ်အတွင်းမှာ ပြောခဲ့တယ်။ “ဟိုရောက်ရင် ကက နဲ့ လာကြိုမှာ … တဲ့” ။ ဘာတုန်း “ကက” ဆိုတာ …..? ကျနော် အသက်က ငယ်ငယ်၊ “ကက” ဆိုတာလည်း ဘာကြီးမှန်း မသိခဲ့ပါတယ်။ “ကက” ဆိုတာ ဂျိုကြီးနဲ့များလားကွယ်။   ဪ …. “ကက” ဆိုတာ ကားငယ်ငယ်လေးပဲ။ အဖြူရောင် Taxi လေးကို မြင်လိုက်တော့ စိတ်ထဲမှာ အဲဒီလို တွေးမိလိုက်ပါတယ်။ စီးရတယ် […]