တစ်စတစ်စနဲ့ကြောင်လေးပြန်ကျန်းမာလာသော်လည်း ခေါင်းနင်းခံရတဲ့အရှိကြောင့်ခေါင်းကြီး တခြမ်းမှာ ဘုကြီးကို ကြီးနေပါတယ် …။ ကျမကလည်း နေ့တိုး ဆားကြပ်ထုတ်ထိုးပေးရတာပေါ့ …။ သခင်လုပ်ပေးသမျှကို ခံတဲ့ကြောင်လေးအပေါ်ထားတဲ့သံယောဇဉ်က တဖြည်းဖြည်းကြီးလာပါတယ် …။ ကိုယ်မွေးထားတဲ့ သားသမီးအပေါ်ထားတဲ့ မိခင်တယောက်ရဲ့စိတ်မျိုးထင်ပါရဲ့ ..သေချာတော့မသိသေးပါဘူး ကျမမှာသားသမီးမရှိသလို အိမ်ထောင်လည်းမကျခဲ့ဖူးတာကြောင့်ပါ ။ ဘယ်သွားသွားကြောင်လေးကို ခေါ်သွားပါတယ် … ။ အပြင်သွားရင်တောင် ခြင်းတောင်းလေးနဲ့ ခေါ်သွားတာပါ ..။ သူကလည်း ကျေကျေနပ်နပ်မရုန်းပဲ ခေါ်တဲ့နေရာတိုင်းကိုလိုက်ပါတယ်…။ မနက်ငါးနာရီ ၊ ငါးနာရီခွဲတိုင်း အိပ်ပုတ်ကြီးတဲ့ ကျမကြောင်ကိုအစာထထကျွေးရတာ အလုပ်တစ်ခုဖြစ်ခဲ့ပြီပေါ့… လတွေကြာလာတာနဲ့အမျှ ကျမက ကြောင်လေးကို ကောင်းပေ့ညွှန့်ပေဆိုတဲ့ အစားစာတွေပဲ ကျွေးခဲ့တာပါ .. ခေါင်းလေးတစ်ခြမ်းစောင်းပြီးလမ်းလျှောက်တတ်တဲ့သူကိုမြင်ရင် ရင်တွေနာလွန်းလို့ ကျမအပြစ်အတွက်ပြန်ပေးဆပ်နေတာပါ ။ ကလေးတယောက်လို နို့သောက်တာကြိုက်ပါတယ် ..သို့သော် တခြားကြောင်တွေလို လျှာနဲ့မလျှက်တတ်ပါဘူး ။ […]