အတိတ်က ကြောင်ကလေး အမှတ်တရ – ၁
စူးရှတဲ့ အော်သံကြေင့် မျက်လုံးကိုုမနဲဖွင့်ရင်း အိပ်ယာပေါ်က ကုန်းကြုံးထခဲ့မိသည်။ အိပ်ယာမထမချင်းအော်နေမဲ့ အဖွားရဲ့အသံက မနက်ခင်းတိုင်းကြားနေရတော့ အိမ်နီးနားချင်းတွေအတွက် အထူးအဆန်းမဟုတ်ပေမဲ့ ကျမအတွက်တော့ တော်တော်ဆိုးတဲ့အသံပါပဲ ။ ကျမက အချိန်ရှိသရွှေ့အိပ်နေချင်တတ်တဲ့လူမျိုးကိုး ။ မထမချင်း အော်နေတော့မည်ကို သိလို့ ဆောင့်အောင့်ပြီး ကုတင်ပေါ်က ဆင်းလိုက်ပါတယ် ။ ဒေါသစိတ်ရော အိပ်ချင်စိတ်ရောပါတဲ့ ပထမဆုံးခြေအစောင့်မှာ ဖိလိုက်မိတဲ့အရာက ပျော့စိစိနဲ့ …
ဖျစ်ဖျစ်ဆိုတဲ့အသံနဲ့အတူ ပျော့စိစိလေးတစ်ခုနင်းမိတယ်… ။ အမွေးနုလေးတွေပါတဲ့ ခံစားမှူမျိုးခြေဖဝါးနဲ့ထိနေတဲ့အပိုင်းက ခံစားရတယ် … ။ တစ်ခုခုကို သတိရပြီး ငုံကြည့်မိတော့မှ ခြေဖျားအောက်က ကြောင်ပေါက်လေးပါ ။ ဟုတ်ပါတယ် မွေးထားတာ တစ်ပတ်သာသာပဲရှိသေးတဲ့ ကြောက်ပေါက်လေးနှစ်ကောင်အနက် တစ်ကောင်ကို တက်နင်းမိတာပါ … ။ အိမ်က ကြောင်မကြီးက မွေးခဲ့တဲ့ ကြောင်နှစ်ကောင်က အရောင်မတူခဲ့ဘူး ။ တစ်ကောင်က ရွေဝါရောင်လေး ၊ နောက်တစ်ကောင်က အနက်ရောင်နဲ့ မီးခိုးရောင်အစင်းကြားလေး …။ တစ်အိမ်လုံး အဆင်းလှတဲ့ ရွှေဝါရောင်လေးကို ချစ်ပေမဲ့ ကျမကတော့ အဆင်းသိပ်မလှတဲ့ မီးခိုးရောင် ကြောင်လေးကိုပဲ အချစ်ပိုခဲ့တာပါ ။ အခုတော့သနားစရာကြောင်လေးက ကျွန်မရဲ့ခြေထောက်အောက်မှာ ပြားပြားဝပ်လို့ …ခေါင်းကို တက်နင်းမိလေချင်းပါ ။ …
ခေါင်းလေးစောင်းလျှက်သား အနေအထားနဲ့ မလှုပ်မယှက်နင်းထားတဲ့ပုံစံအတိုင်းကြမ်းပြင်ပေါ်မှာ လဲနေတဲ့ ကျမကြောင်လေးကိုကြည့်ပြီး ကိုယ့်ကိုယ်ကို စိတ်နာမိပါတယ် ။ ဝမ်းနည်းစိတ်နဲ့ကြောင်လေးကို ကြည့်ပြီး မျက်ရည်တွေဒလဟော ဆင်းလာတော့တာပေါ့ ..။ ခဏကြာတေ့ာသတိဝင်မိပြီး … ကြောင်လေးကို ကောက်ချီလိုက်ပါတယ် … ။ ခေါင်းလေးစောင်းလျှက်သားအနေထားနဲ့ တစ်ကိုယ်လုံးမလှုပ်တော့တဲ့ကြောင်ကလေး သေများသွားပြီးလား ။… ဘုရားဘုရား ငါ့ဒေါသကြောင့်သူ့ခမျာစတေးခဲ့ရပြီးလား ..။
2 comments
ဆူး
November 18, 2010 at 9:14 am
ဒေါသကြောင့် ကြောင်လေး သေသွားတာ သတိထားမိရင် ကြောင်လေးကို ဖြစ်လေရာ ဘဝမှာ အသက်တိုတိုနဲ့ သေရခြင်း ဘေးက ကင်းပါစေလို့ မေတ္တာပို့..
သူလည်း အီးတုံး ကြောင့် သေရမဲ့ ကံပါလို့ပေါ့.. သတ်ချင်လို့ သတ်တာမှ မဟုတ်တာ..
နောက် ဆို အိပ်ယာ နိုးရင် ဒေါသ မထွက်ဘဲ အိပ်ယာ ထ ပေါ့..
etone
November 18, 2010 at 9:23 am
မဆူးရေ …ဇာတ်လမ်းက မပြီးသေးပါဘူး ။ မကြာမီလာမည် မျှော် ……… 😀