ရွှေ ကြည်August 11, 20121min28321
ရှစ်ခွင်တိုင်းမှုန်မှိုင်းတဲ့ပတ်လည်ဆိုတာဒီလိုရာသီပေါ့။ ပတ်ဝန်းကျင်မှာမိုးသားတွေမှုန်မှိုင်းနေပါတယ်။ မိုးဖွဲလေးတွေ ကတဖွဲဖွဲပေါ့။ တိုက်ခန်းအနောက်ဘက်ဝရံတာမှာရပ်ရင်း ကောင်းကင်တခွင်ကိုမော့ကြည့်နေမိပါတယ်။ ကျွန်မတို့ငှါးနေတဲ့ တိုက်ခန်းက ၆ ထပ်တိုက်။ တိုက်နောက်ဘက်ကအနီးဆုံး လမ်းလေးမှာကန်ထရိုက်တိုက်တွေသိပ်မရှိသေးတော့ ငါးလွှာမှာ နေတဲ့ ကျွန်မတို့အခန်းနောက်ဝရံတာကနေကြည့်လိုက်ရင် အားလုံးကိုအပေါ်စီးကနေမြင်ရပါတယ်။ ကောင်းကင်ရဲ့ အလှ အပတွေ ကိုလည်း တမျှော်တခေါ်ခံစားနိုင်ပါတယ်။ အခုလိုမိုးတွေမှောင်နေတဲ့အချိန်မျိုးမှာပေါ့ အဘနေမကောင်းဘူး ဆိုတဲ့ သတင်းကိုကြားခဲ့ရတယ်လေ။ ဒါပေမယ့် မစိုးရိမ်ရပါဘူးတဲ့။ မစိုးရိမ်ရပါဘူးပြောပေမယ့် အဘအသက် အရွယ်ကြောင့်စိတ်ထဲ ထင့်သွားမိပါတယ်။ ဒါပေမယ့်ပြန်ကောင်းလာမယ်ပဲထင်ခဲ့တယ်လေ။ အဘကအဲလိုပါပဲ နေမကောင်းဖြစ်ရင်ခဏပဲလေ။ နောက်တစ်ရက် အဘဆုံးပြီအမြန်ပြန်လာခဲ့ပါတဲ့။ ဟုတ်ရဲ့လားမယုံနိုင်ခဲ့ဘူး။ ပူလောင်နေတဲ့စိတ်နဲ့ နယ်ကအိမ်ကို ပြန်သွားခဲ့တယ်။ ဆုံးတဲ့နေ့ညနေကသိရတော့ နောက်နေ့မနက်အစောကြီးကားစီးပြန်ပါတယ်။ ရန်ကုန်ကနေ ၆ နာ ရီခွဲလောက်ကြာအောင်ကားစီးပြီးလမ်းမှာဆင်း အိမ်ကလာကြိုပေးတဲ့ဆိုင်ကယ်နဲ့ နာရီဝက်လောက်ထပ်သွားမှ ကျွန်မ တို့ဇာတိတောမြို့လေးကိုရောက်ပါတယ်။ ကျွန်မကိုလာကြိုပေးတဲ့သူကပြောလိုက် တဲ့စကားတခွန်းတည်းက ကျွန်မအတွက် တလမ်းလုံးစကားဆွံ့အစေခဲ့ပါတယ်။ နင့်ကိုစောင့်နေတာ […]