အရှေ့မှာ ရေးခဲ့တဲ့ ကနဦး ကို ဆက်ပါပြီ။ သမီး ၃ယောက် မှာ အမေ တစ်ယောက်ဘဲ ကံကောင်းစွာ (သို့) ကံမကောင်းစွာ အိမ်ထောင်ကျ ပါတယ်။ တကယ်တော့ အဖွားက သူ့ သမီး တွေကို အိမ်ထောင်ပြုပေးဖို့ စိတ်မကူးပါဘူး။ အမေ ကို အဖိုး ရဲ့ ညီမ တစ်ယောက်က အတင်းယူ မွေးစား ထားလို့ သူ့သဘော အတင်းလုပ်မရတာလဲ ပါမှာပေါ့။ သူတို့ လုပ်ငန်းဖက်တစ်ယောက် က သားသမီးချင်း စပ်ချင်တာနဲ့ အတင်းတောင်းတော့ ပေးလိုက်ရတာ။ အဲဒီ အချိန်က လုပ်ငန်းရှင် တွေ က အစိုးရ ဝန်ထမ်းအရာရှိမျိုး တွေ ကို အထင်ကြီးတာ ရော။ (နောက်ပိုင်း သူတို့မှာ အရာရှိ ဖြစ်သော သား […]