Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

နားဦးတည့်ရာ နှစ်ဆယ့်နှစ် – စိုးလွင်လွင် (ဖြေလွှတ်ပစ်လိုက်တဲ့ကြိုး)

အရှေ့မှာ ရေးခဲ့တဲ့ ကနဦး ကို ဆက်ပါပြီ။
သမီး ၃ယောက် မှာ  အမေ တစ်ယောက်ဘဲ ကံကောင်းစွာ (သို့) ကံမကောင်းစွာ အိမ်ထောင်ကျ ပါတယ်။
တကယ်တော့ အဖွားက သူ့ သမီး တွေကို အိမ်ထောင်ပြုပေးဖို့ စိတ်မကူးပါဘူး။
အမေ ကို အဖိုး ရဲ့ ညီမ တစ်ယောက်က အတင်းယူ မွေးစား ထားလို့ သူ့သဘော အတင်းလုပ်မရတာလဲ ပါမှာပေါ့။
သူတို့ လုပ်ငန်းဖက်တစ်ယောက် က သားသမီးချင်း စပ်ချင်တာနဲ့ အတင်းတောင်းတော့ ပေးလိုက်ရတာ။
အဲဒီ အချိန်က လုပ်ငန်းရှင် တွေ က အစိုးရ ဝန်ထမ်းအရာရှိမျိုး တွေ ကို အထင်ကြီးတာ ရော။ (နောက်ပိုင်း သူတို့မှာ အရာရှိ ဖြစ်သော သား တွေ ကို ပြန်ထောက်နေရတော့တာ)
. နောက်တစ်ချက်က မြေးတွေ ဘာတွေ လိုချင်တာလဲ ပါမှာပေါ့။


သားသမီး ၅ယောက်ထဲ သမီး တစ်ယောက် နဲ့ သားတစ်ယောက် အိမ်ထောင်ကျပြီး တာနဲ့ ကျန်သူများ ကို ဒီ အတိုင်း အလွတ် နေဖို့ တိုက်တွန်းပါတယ်။
ဦးလေး အငယ် တောင်အဖွားဆုံးပြီး မှ အိမ်ထောင်ပြုပါတယ်။
အဒေါ်တွေ က တော့ သူတို့ရဲ့ အပျိုကြီး တစ်ကိုယ်တည်း မာန တွေ အရိုးစွဲသွားပြီမို့ အခုထိ ညီအစ်မနှစ်ယောက် ဘဲ ပျော်ပျော်ကြီး နေနေပါတယ်။
အခုတစ်ခေါက်ပြန်တော့ ဟိုနှစ်ယောက် စင်္ကင်္င်္င်္င်္ာပူသွားချိန် သူတို့ဆီသွားဖို့ အရင် စီစဉ်ထားတာ မီးဖွားစောင့်လိုက်ရတာ နဲ့ မသွားဖြစ်ခဲ့ဘူး။
အဲဒါကို အဒေါ်အငယ်က လာတွေ့ပြီး သူ့တို့ အိမ်ကြီး သူတို့ မရှိချိန် တစ်ခုခု စီစဉ်ဖို့ အပ်သွားပါရော။
အစ်မဒုံ တို့၊ ချစ်မ တို့၊ ဝေ တို့ နဲ့ပေါင်းပြီး  “အဖွားရိပ်သာ” လုပ်ရရင် ကောင်းမလားဘဲ။

အနာဂါတ် ကို ခဏ ထားပြီး ငယ်ဘဝ ကို ပြန်ရရင် …
အပျိုကြီး တွေမို့ ဘယ်လောက် အပူအပင်ကင်း တယ်ပြောပြော ထုံးစံ အတိုင်းပါဘဲ။
ကိုယ်ပိုင် သားသမီး မဟုတ် တဲ့ တူတွေ၊ တူမ တွေ ကိုတော့ ပူပင်တတ်ပါတယ်။
အဓိကကတော့ အစ်မ ရဲ့ တစ်ဦးတည်းသော သမီး အပြင် နှစ်တိုင်း သူတို့ဆီ အပြေးလာတတ်တဲ့ သူမို့ ချစ်လဲ ချစ်၊ စိုးလဲ အတော်လေး စိုးရိမ်ပါတယ်။

အဓိက သူတို့ အစိုးရိမ်ဆုံး က သူတို့ ဆီ အလည်လာတုန်း မြင်မြင်ရာ စိတ်ကစားတတ်တဲ့ ဆယ်ကျော်သက်အရွယ်မှာ ရီးစားသနာ ရသွားမှာ ကိုပါဘဲ။
. တောနယ်လို နေရာမှာ မြို့ကလာတဲ့ မိန်းကလေး တစ်ယောက် မို့ ပိုပြီး မျက်စိကျစရာ စိတ်ဝင်စားစရာ ဖြစ်နေမှာ ကို သူတို့ တွေးပူ ကြပါတယ်။
တစ်ယောက်ထဲ ဘယ်မှ မသွားရပါဘူး။
နီးစပ်ရာ အမျိုးအဆွေ သကောင့်သား တွေ နဲ့ စကားပြောရင် အကြာကြီး ရီရီမောမော မပြောရပါဘူး။
အရင်က သူတို့ အားကိုးရာ လိုတိုင်း အကူအညီပေးလေးရှိတဲ့ ရပ်ဆွေရပ်မျိုး ကောင်လေး တွေ အားလုံးကို သူတို့ တူမ ရောက်နေချိန် မခေါ်တော့ပါဘူး။

သူတို့ အိမ်ရှေ့က မီးကင်းစောင့်တဲ့ လင့်စင်တဲ လေး ရှိပါတယ်။
. နွေည တွေ ဆို ကာလသားများ ဂီတာတီး သီချင်းဆိုဖို့ ဆုံဆည်းရာနေရာကောင်းပေါ့။
တကယ်တော့ ကိုယ်မရှိလဲ သူတို့ဟာ သူတို့ ဆိုကြတီးကြ နေမှာပါ။
သူတို့ တူမရောက်လာချိန် မှာတော့  ချစ်သော အဒေါ်အပျိုကြီး တွေ မှာ သူတို့လဲ အိမ်ထဲကနေ ကင်းစောင့်တဲ့ ဂျူတီ ယူကြပါတယ်။
ညဦး ဂီတာသံ အင်ထရို ဝင်တာ နဲ့ အိမ်က ကောင်မလေးများ တံခါးမကြီး များ ကို ပိတ်လိုက်ကြပါလေရော။
ဘယ်လောက် အိုက်အိုက် ပူပူ  ပိတ်တာဘဲ။
အဲဒီအချိန် ကိုယ့်မှာလဲ စာအုပ်တွေ ယူပြီး အပေါ်တက် အခန်းထဲ ဝင် စာဖတ်လိုက်ရပါတယ်။
အခန်းက အိမ်ရဲ့ အနောက်ဘက် မှာတောင် ပြူတင်းတံခါးဖွင့်ထားရင် မကြိုက်ချင်ကြဘူး။
အနောက်ဘက် ကုန်းပေါ်က အခန်းထဲ မီးရောင် နဲ့ မြင်နိုင်လို့ တဲ့။
ဒါတော့ မတတ်နိုင်ဘူး။ ဒီလောက် အိုက်တာ ဆိုပြီး ဇွတ်ဖွင့် ထားရတယ်။

အမေ ရဲ့ အစ်ကိုမှာလဲ သားသမီး တွေရှိတယ်။
အဲဒီထဲ က သားအကြီးဆုံးက ကိုယ်နဲ့ အတန်းတူ ပေမဲ့ သူက စိန်ဂျွန်းက ကိုယ်က တစ်ခြားမိန်းကလေးကျောင်း မို့ ကျောင်းမတူဘူး။
ဒါပေမဲ့ ၁ဝတန်းမှာ အနီးကပ် ကျူရှင် ဝိုင်းမှာ အတူတူ တက်တယ်။
အဲဒီမှာ သူ့ သူငယ်ချင်းများ လဲ ပါတော့ သူတို့နဲ့ အချင်းချင်း အရမ်းမခင်တောင် မစိမ်းဘူးပေါ့။
စာမေးပွဲ ပြီးတော့ ကိုယ်က ထုံးစံအတိုင်း အဖွားဆီရောက်နေပြီ။
၂ရက်လောက်ဘဲ ရှိသေးတယ် အစ်ကို နဲ့ အဲဒီ သူ့သကောင့်သားများ ချီတက်လာကြပါလေရော။

. ပြောရရင် လာလည်တာ အစ်ကို အပါအဝင် ၄ ယောက်မို့ တစ်စိမ်း ၃ ယောက်ပေါ့။
အဲဒီထဲမှာ ၂ယောက်  က အတော်ကြည့်ကောင်းတယ်။
ဒီတော့ သများ ကလဲ နဲနဲပါးပါး ကညော့ ချင်သပေါ့။
ဟို မင်းသားများ ကလဲ ရိုးရိုး ဘဲ လာလည်သလား၊ ဆန်းဆန်းလား သူတို့သာသိမယ်။

. အောင်မလေး … လေး။
အဒေါ်များ ပရီကောရှင်း ယူကြပုံ ကို မပြောချင်တော့ဘူး။
သူတို့ တူမ နဲ့ အဲဒီ သကောင့်သားများ စကားပြောခွင့်မရအောင် ကို ရှန်တိန် လုပ်ကြတော့တာ။
အဒေါ်များ ဒီလောက် ရှန်တိန် လုပ် နေတဲ့ ကြားက စကားပြောဖို့ ကိုယ်ကလဲ ချိန်၊ ဟိုတွေကလဲ တစ်ကြည့်ကြည့်ပေါ့။
သို့ပေသည့် ဘယ်လိုမှ အခွင့်မသာ။

တစ်ညနေ တော့ နောက်ဖက်ခြံ ထဲ ပန်းခူး နေတုန်း အဲဒီ ပုဂ္ဂိုလ်များ က အပြင်လမ်းလျှောက်က ပြန်လာတာ ခြံအနောက်ဖက်လမ်းက မို့ ကိုယ့် ကို မြင်သွားပါရော။
အဲဒီမှာ ဝမ်းသာအားရ ဟိုဘက် ဒီဘက် စကားပြောရင်း တစ်ယောက် က ကိုယ့်လက်ထဲက ခူးထားတဲ့ နှင်းဆီကို တောင်းတယ်။
ဒီ မင်းသမီး ကလဲ မပေးချင်စရာမှ မရှိတာ။ ယူလေ ဆိုပြီး ပေးဖို့ ကြိုးစားပါတယ်။
နဲနဲ လှမ်း တော့ တစ်ဖက်လူ က ခြံစည်းရိုးနား ကပ်ပြီး ဒူးညွတ် ယူရတယ်။
လက်လှမ်းလို့ မမှီ့တမှီ အချိန်မှာ အဒေါ်အငယ် အပြေးအလွှားရောက်လာပြီး
“ဟဲ့ … ဟဲ့ .. ဟိုကလေး ချော်ကျ နေမှဖြင့် ” ဆိုပြီး စူးစူးရှရှ အော်လိုက်သော သကာလ
မင်းသားခမျာ အလန့်တကြား နောက်ပြန်အဆုတ် ခြေချော်ပြီး နောက်လန် အကျ
ပုဆိုး က ခြံစည်းရိုး သံဆူး နဲ့ ငြိပြီး  ………………………………………………….. 🙄

သူတို့ … ပြန်သည် အထိ ကိုယ့် ကို မကြည့်ကြတော့။
ရန်ကုန် မှာ တက္ကသိုလ်တက်ချိန် မတော်တဆ တွေ့တောင်
ကိုယ့်မှာ မျက်နှာပိုး မနဲသတ်နေရ၊ သူက လဲ ရီရမလိုလို  တည်ရမလိုလို။
ဒီလိုနဲ့ နောက်တော့ တစ်စိမ်းတွေ ဘဝ မှာဘဲ အသားကျ သွားကြပါရဲ့။

ကိုယ်ကတော့ ….
ငယ်ကထဲ က မျောက်ပုံစံ ကျား တွေ ကြား ကြီးလာသူမို့ ကျား ဆို ထီမထင်ချင်တာက တစ်ကြောင်း
ချစ်သော အပျိုကြီး များ ရဲ့ ပုံစံခွက်မှာ အကျအန စိတ်လိုလက်ရ ပျော်ဝင်ခဲ့တာက တစ်ကြောင်း မို့
သူတို့လမ်းစဉ် လိုက်ပြီး အဖို ဆို ယင်ဖို တောင် မသန်းရ လို့ မာန်ဝင့်ရင်း နေခဲ့ပါလေရော။
အပျိုလေး ကနေ အပျိုလတ် နောက်တော့ အပျိုကြီး ဆိုတဲ့ အခေါ်ကို ပီတိဖြစ်ရင်း ဘဝကို ရဲရဲကြီး ကျော်ဖြတ်လာခဲ့တာ ….
လိပ်ပြာတောင်ပံခတ်လိုက်တဲ့ အဲဒီအချိန် … တစ်ချိန် ကို ရောက်ခဲ့တဲ့ အထိပေါ့လေ။

စိုးလွင်လွင် ရဲ့ “ဖြေလွှတ်ပစ်လိုက်တဲ့ကြိုး” ထဲ ကလို ….
{  ကြုံတွေ့ခဲ့သော အဖြစ်တွေ
ကိုယ်လျှောက်ခဲ့သောလမ်း တွေ
ကိုယ်ချစ်ခဲ့သောမိန်းကလေး တွေ }
ထဲ က အဖြစ် တစ်ခု လို့ ဝန်ခံချင်ပါရဲ့။

အဲဒီကနေ ဒီ ရက်မှာ တစ်ချိန်လုံး ညည်း နေမိ တဲ့ သီချင်း တစ်ပုဒ် ဖြစ်နေခဲ့တော့တာပါဘဲ။

ဒါနဲ့ … ဖြတ်ခဲ့ရတဲ့ ဘဝထဲ “ကိုယ်ချစ်ခဲ့သောမိန်းကလေး တွေ”  စီးရီး ရေးရရင်ကောင်းမလားဘဲ။
အသေအချာ ရေးထားတာနော။
“မိန်းကလေးတွေ” လို့။  lol:-)))))
++++++++++++++++++++++++++++++++++++++++++++++++++++++++

စိုးလွင်လွင် (ဖြေလွှတ်ပစ်လိုက်တဲ့ကြိုး)

ကိုယ်ရေးခဲ့သောသီချင်းတွေ
. ကြုံတွေ့ခဲ့သော အဖြစ်တွေ
. ကိုယ်လျှောက်ခဲ့သောလမ်း တွေ
. ကိုယ်ချစ်ခဲ့သောမိန်းကလေး တွေ

. ပျံသန်းနေတဲ့ ငှက်တွေ
. ငုံဖူးနေသော ပန်းတွေ
. အစဉ်စီးနေတဲ့ မြစ်ရေ
. တိမ်တိုက်အုပ်ထဲ က မှိတ်တုတ်ကြယ်ကလေးတွေ

. မှောက်လဲတဲ့ အရက်ခွက်တွေ
. ကုန်ဆုံးတဲ့ သက္ကရာဇ် တွေ
. ပြိုသွားတဲ့ အိမ်မက်တွေကို နှုတ်ဆက်နေ
. ပြတ်ဆဲမှုဒုက္ခတွေ မက်မက်စက်စက် လေ
. ကိုယ်လွှင့်ပစ်တဲ့ ဆေးလိပ်တိုလေးတွေ

. ကိုယ်ရေးခဲ့သောသီချင်းတွေ
. ကိုယ်ပြောခဲ့သော စကားတွေ
. ကိုယ်လုပ်ခဲ့ သော အလုပ်တွေ
. ကိုယ်ရှိခဲ့တုန်းက အကြောင်းတွေ

. သံယောဇဉ် အတ္တတွေ
. ရပ်စား လှုပ်ရှားမှု တွေ
. ပြုစား မာနစွဲ တွေ
. ဖြေလွှတ်ပစ်လိုက်တဲ့ ကိုယ့်ဘဝ ရဲ့ကြိုးတွေ
. တိမ်တိုက်အုပ်ထဲ က မှိတ်တုတ်ကြယ်လေး ရေ
. ကိုယ်လွှင့်ပစ်ခဲ့တဲ့ ဆေးလိပ်တိုလေးတွေ

++++++++++++++++++++++++++++++++++++++++++++++++++

ဒီ သီချင်းကို Youtube  ထဲ မှာ ရှာမရလို့ mp3  အနေနဲ့ ဘဲ တင်လိုက်ရပါတယ်။
ဒီ Link ကိုနှိပ် ရင် အောက်က Screen မှာ ပြထားတဲ့ ပုံ ထွက်လာမယ်။
အခု သီချင်း က နံပါတ် ၄ ပါ။ ဒေါင်းလုပ် လုပ်လို့ မရပါ။ ဒီအတိုင်း ဘဲ နားထောင်ဖို့  ဘေးက Play ခလုပ် ကို နှိပ်ရုံပါဘဲ။ Enjoy!!! 🙂

soe lwin lwin 2

 

19 comments

  • မြစပဲရိုး

    May 23, 2015 at 7:57 pm

    ဒီ သီချင်းကို Youtube ထဲ မှာ ရှာမရလို့ mp3 Link အနေနဲ့ ဘဲ တင်လိုက်ရပါတယ်။
    အခု သီချင်း က နံပါတ် ၄ ပါ။ ဒေါင်းလုပ် လုပ်လို့ မရပါ။
    ဒီအတိုင်း ဘဲ နားထောင်ဖို့ ဘေးက Play ခလုပ် ကို နှိပ်ရုံပါဘဲ။
    Enjoy & Thanks. :-))

  • ခင်ဇော်

    May 23, 2015 at 8:22 pm

    ဖတ်ပြီးးး တဟီးးးဟီးးးနဲ့
    ဒါတင် က မယ် မထင်င်ငင်!!!!!
    ဆက်ရေးးးပေးးပါ
    ခိခိ
    :mrgreenn:
    သများး ချစ်သော သကောင့်သားး သကောင့်သမီးးများး စီးးးရီးးလိုက်ရှိသေးးတယ်။
    မလွှတ်ချင်သေးးလို့
    ဟေးးဟေးးဟေးးး

    :mrgreenn:

    • မြစပဲရိုး

      May 23, 2015 at 8:27 pm

      လွှတ်ပါလေ။ ဖတ်ချင် သိချင်ပါရဲ့။

      ပုံ
      စပ်စုမြ :-)))

  • Ma Ma

    May 24, 2015 at 8:09 am

    ဒီအချိန်မှာ ကိုယ်တွေလည်း မြအဒေါ်တွေလိုဖြစ်နေသမို့ စာနာမိပါတယ်။

    အဖွားအိမ်ကို စာဖွဲ့ထားတာ နေချင်စရာလေးမို့…..
    အဖွားရိပ်သာဖွင့်မယ်ဆိုရင် ဝိုင်းလည်း လုပ်ပေးမယ်၊
    ကိုယ်တိုင်နေဖို့လည်း စာရင်းပေးထားမယ်။ :kwi:

  • မြစပဲရိုး

    May 24, 2015 at 12:37 pm

    ကျွန်မ ရည်မှန်းချက်ထဲ ပြန်လာနိုင်တဲ့ အချိန် အဲဒီမှာ ကလေး တွေ ကို စာသင်ပေးချင်တယ်။
    တစ်နေ့နေ့ အခွင့်ရခဲ့ ရင် သွားလည်ကြရအောင်။
    ကားလမ်းပေါက်နေပြီ။
    အခုတော့ အိမ်မက် တွေ ဆက်မက်ဖို့ ဆက်အိပ်လိုက်ဦးမယ်။ lol:-))

    အချိန် ရောက်လာတော့ ကျွန်မလဲ အဒေါ်ကြီး တွေ နေရာရောက်နေပြီလေ။
    အခုတော့ သူတို့ အပူ ကို ကိုယ်ချင်းစာနိုင်ခဲ့ပြီ။
    အမေ ဆိုတော့ ပိုပြီး ကဲ တော့ မလားဘဲ။
    ကွကိုယ် မွှေးထားတဲ့ မီး မို့ ညည်းမနေသင့်တော့ပါဘူး။

  • ​ဒေါ် လေး

    May 24, 2015 at 2:33 pm

    ကနဦး ဆိုတာ မဖတ်ရသေး အပြေးသွားဖတ်ဦမည်
    ဟမ်မလေးးးအားကျလိုက်တဲ့ အပျိုကြီးဘဝ
    နောင်တဆိုတာ နောင်မှတ ကျမကတော့ အိမ်ထောင်ဆိုတဲ့
    ဘဝထဲ ခြေစုံပစ် ဝင်ခဲ့သူပါ
    ဘယ်သူမပြုမိမိမှုလေ

    • မြစပဲရိုး

      May 24, 2015 at 2:42 pm

      . ဒေါ်လေးလဲ ကိုယ့်ဘဝ တူပေါ့။
      အပျိုကြီး နဲ့ အိမ်ထောင်ရှင် မှာ Pros & Cons တွေ ရှိပေမဲ့
      အပျိုကြီး မှာ Pros တွေက ပိုများ တာ ကောင်းကောင်းကြီး သိခဲ့ပါတယ် ဒေါ်လေးရယ်။
      :-))

  • ဦးကြောင်ကြီး

    May 24, 2015 at 11:54 pm

    မြစပဲရိုး
    ထဆွဲထိုး
    ငါ့ဘဲမျိုး
    လှသဲGold…

    • မြစပဲရိုး

      May 25, 2015 at 3:36 am

      . ကြောင်ကြောင် ရော မြစကား ကို နားယောင်ပြီး လူပိုဂျီး လုပ်မည် စဉ်းစားလား။ lol:-)))

  • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

    May 25, 2015 at 12:39 am

    တကယ်တော့ အခြစ်ဆိုတာ မိုးဖွဲလေးတွေထဲ တကိုယ်တည်း လမ်းလျောက်ထွက်ရသလိုပါပဲ…
    ထွက်ကာစတော့ ဘာမှမဟုတ်တာပဲ ရပါတယ် အေးဆေးပါနဲ့..
    အဲ…
    သတိလည်း ထားမိရော … တကိုယ်လုံး ရွှဲရွှဲကို စိုနေပါရောလား တဲ့..

    ဖတ်ဖူးတာလေးပါခီညာ

    တကိုယ်တော်ဘဝ ကောင်းတယ် ကောင်းတယ် နဲ့
    သတိလည်း ထားမိရော .. မျက်စိကမှိုင်း နားကထိုင်း လို့ ခါးကကိုင်း နေပြီး
    အနားမှာ ဘဝအဖော်ရယ်လို့ မရှိ။

    အော်..
    ဘဝရဲ့ အောင်မြင်မှုတွေ နာကျင်မှုတွေ ပျော်စရာတွေနဲ့ ရှုံးနိမ့်မှုတွေ အဖုံဖုံကို
    မျှဝေခံစားမယ့်လူမှ မရှိ….

    အပျိုကြီးတွေ ရေးရင် ခံစားလို့ရပါသေးတယ်ဗျာ..
    အပျိုကြီး နေသင့်ကြောင်းကိုအပျိုကြီးမလုပ်ခဲ့သူတွေက ရေးတာတော့ မောင်ဂီ့ ခံစားလို့မရဘူးရယ်…

    ဘာတဲ့ …. ငါ့လိုမမှားအောင်တဲ့… ပြောတတ်လိုက်ကြတာ…
    ဟုတ်ပါပြီ ငါ့လိုမမှားအောင် ဆိုပြီး ရေးကြတာ ရတုအဆက်ဆက် ရှိနေပြီ..
    ဂျန်နရေးရှင်းလိုက်ပြီးကို ခေတ်အဆက်ဆက် မှားမှားတတ်လိုက်ကြ မှာတမ်းချွေတတ်လိုက်ကြတုန်း

    လူလက်ခံသလား လက်မခံသလား ကတော့ ဝေးဝေးကြည့်စရာမလိုဘူး
    နီးရာစာအုပ်ဆိုင်သာသွား … အောင်မြင်ပျော်ရွှင်တဲ့ မိသားစုဘဝကို ဘယ်လိုတည်ဆောက်မလဲ ဆိုတဲ့ စာအုပ်တွေပဲ
    တွေ့မယ် အပျိုကြီး ဖြစ်နည်း ၁၀၁နည်းတို့ ဘာတို့ မြင်ရမယ်မဟုတ်

    မယူကြနဲ့ဟဲ့ မယူကြနဲ့ဟဲ့ ဆိုတဲ့ ကြားကနေပြီး လူဦးရေက သန်း၇၀၀ဝ ကျော်လာတာ အများအသိ..

    အင်း..

    သည်နေရာမှာ လော့ဂျစ်ကို ခနထား …ယုတ္တိဗေဒအရ တွေးရင်
    အိမ်ထောင်ပြုခြင်း(မပြုခြင်း) ဆိုတဲ့ ကိစ္စရပ်မှာ ကောင်းတာရော ဆိုးတာပါ ၂မျိုးလုံးပါမှာကို
    ပြုခဲ့သူတွေက ဂျူနီယာတွေကို မကောင်းတာပဲဖော်ပြပြီး ကောင်းတာကျ ရှိုထားသလို ဖြစ်နေတယ် ခံစားရတယ်…

    ဘာနဲ့တူသလဲဆိုတော့ ကလေးတယောက်ရှေ့မှာ ရေခဲမုန့်စားမိတဲ့ အဒေါ်တယောက်က ကလေးကို
    (ချောင်းဆိုးမှာ စိုးရိမ်ပြီး) အော့အော့ ရွံစရာကြီး မစားနဲ့ ဆိုပြီး ပြောနေသယောင်…ကိုယ်တိုင်ကျ စားနေပြီး
    အဲ.. တခုရှိတာက … အဲ့ကလေးက အရွယ်ရောက်လာတဲ့အခါ… ငါ့အဒေါ်ပြောတဲ့ ရေခဲမုန့် ဘယ့်နှယ့်နေတယ် မှန်းးးး
    ဆိုပြီး စားကြည့်ကြတယ် ထင်ပါ့….
    အားးးဟိ

    ကဲ သည်တော့ ကောက်ချက်ချ။
    မည်သို့ပင်ဆိုစေကာမူ
    အိမ်ထောင်ရှိလျက်နှင့် အိမ်ထောင်ပြုတာမကောင်းကြောင်း (မပြုတာပဲကောင်းကြောင်း) တိုးတိုးတမျိုး
    ကျယ်ကျယ်တဖုံ ပေါ်တင် တနည်း မသိမသာ တသွယ် ရေးသား လှုံ့ဆော် ဝါဒဖြန့်ခြင်းသည်
    လက်ရှိ အိမ်ထောင်ဖက်အပေါ်တွင် သုံးပါးသောကံဖြင့် စော်ကားပြစ်တင် ဝေဖန်ရှံ့ချ ကဲ့ရဲ့ခြင်း မြောက်၏။

    ပုံ
    အခြစ်ကံခေပေမယ့် အနှစ်ကျန်စေချင်တဲ့..
    အဘ ရဟူဒီ

    • မြစပဲရိုး

      May 25, 2015 at 3:34 am

      . အေးပါလေ။ မင်းပြောရင်လဲ မျက်နှာလေး ငယ်ငယ် နဲ့ ငြိမ်နေဖို့ဘဲ ရှိပါတယ်။ :-(((
      (ရုပ်ရှင်တွေထဲ ကလို ညိုးငယ်သော အသွင် ဖြင့် သရုပ်ဆောင်၍ ပြောသည်)
      သို့ပင်သို့ငြားသော်လည်း ရှင်းပြခွင့်လေးတော့ပေးပါလေ။

      “ကိုယ့်လိုမဖြစ်အောင်” ဆိုတာမှာ reason မဲ့ မပြောပါဘူး။
      ဟိုးတစ်ချိန် က အလုပ်ကို စွဲစွဲလမ်းလမ်း နဲ့ ၂၄/ရ မဟုတ်တောင် အနဲဆုံး ၁၄/ရ လောက် လုပ်ခဲ့တဲ့ ပရို လို့ ကွကိုယ်သတ်မှတ်ထားတဲ့ မိန်းမ တစ်ယောက် ဘဝ ကနေ
      သူများမှီခို အဆင့် ကိုရောက်၊ အဲဒီကနေ ပြန်တက်ရအောင် ဘဝ ကို သုည က ပြန်စ နေခဲ့ရတဲ့ မိန်းမ တစ်ယောက်ရဲ့ အကြောင်းပြချက်ပေါ့။

      . ရွှေပြည်ကြီး ထဲ အရင်က ကိုယ့်ရဲ့ ဂျူနီယာလေး တွေ တောင် ဒီအချိန် ဆရာ့ဆရာကြီး တွေ ဖြစ်နေတာ ကို မြင်တိုင်းလဲ ဝမ်းမြောက်ဝမ်းသာ မုဒိတာပွါးနိုင်ပါတယ်။
      အဲဒါနဲ့ တွဲရက် တစ်ချိန်တုန်း က ကိုယ့်ကို သူတို့ ဆီမှာ လာလုပ်ဖို့ ဒီနေ့ နာမည်ကြီး အဖွဲ့အစည်း တွေ ရဲ့ ဒေါ်လာစား မက်လုံးမျိုးစုံ နဲ့ အော်ဖာလုပ်ခဲ့ ကြတာကိုလဲ သွားသတိရပါတယ်။
      . မြန်မာပြည်က ထိပ်တန်းမှာ အောင်မြင်နေတဲ့ ပရို မိန်းမများ အကြောင်း အင်တာဗျူးတွေ၊ ဆောင်းပါး တွေ ဖတ်ရတိုင်း ရင်ထဲမှာ အရမ်းကို အားကျ နေရပါတယ်။
      အဲဒီလို အခြေအနေ တွေ ကို စွန့်ခဲ့ တာလဲ ကိုယ့်ရွေးချယ်မှုပါဘဲ။
      အိမ်နီးချင်း နိုင်ငံ တစ်ခု မှာ နေရင်တောင် ကိုယ့် အတွက် အလုပ်အဆင်သင့် ကို လစ် လျု ရှူပြီး ကလေး ပညာရေး အတွက် အနောက်ကို ရွှေ့လိုက်တာလဲ ကိုယ့်ရွေးချယ်မှုပါဘဲ။
      ဒါတွေဟာ ငါတော့ အနစ်နာခံ ရလေခြင်း လို့ ဘယ်သောအခါမှ မတွေးခဲ့ ဘူးပါဘူး။
      ဒါကို ရွေးရင် ဒီလိုဖြစ်မှာလို့ သိပြီး တိုးခဲ့ခြင်းပါ။
      အဲလို အသိကြောင့်လဲ အိမ်ထောင်ရေး ကို မထိခိုက်တာလို့ ထင်ပါတယ်။

      အရင်က အဖွားက ပြောတယ်။
      သမီး ဒီအတိုင်း နေတာ အပူကင်းတယ်တဲ့။
      အိမ်ထောင်ပြုချိန် အိမ်သား ကိစ္စအပြင် သားရေး သမီးရေး တာဝန်တွေပါ ရှိသတဲ့။
      အဲဒီတာဝန် တွေ ကို ကျေဖို့ ဦးစားပေးပြီး လုပ်ရမဲ့ မိန်းမဟာ စိတ်သွားတိုင်း ကိုယ်မပါနိုင်၊ လွတ်လပ်မှုကင်းသွားမယ် တဲ့။
      ဒီစကား နဲ့ဘဲ အင်မတန် လွတ်လပ်တာ ကို ခုံမင်တဲ့ သူမို့ ကိုယ့်ဟာကို အပျိုကြီး ဘဲ ဟေ့လို့ နေခဲ့တာ ကိုယ့် အသိုင်းအဝိုင်း တစ်ခုလုံး အသိပါ။
      အရီး လက်ထပ်တော့ မယ် လို့ ဆုံးဖြတ်လိုက်တာ စည်းပါးပါးလေး ကို ဖြတ်ကနဲ ခုန် လိုက်သလိုဘဲ။
      အားလုံး အံ့ဩသွားတာ။
      သံယောဇဉ် တစ်ခု အတွက် တစ်ခြား သံယောဇဉ် ကို ဖြတ်ရတာ သဘာဝ ပါဘဲ။
      အဖွားသတိပေးခဲ့တဲ့ အကျိုးဆက် တွေကို မြင်ရင်း လက်တွဲဖော်ရဲ့ သူ့ လက်ကို တင်းတင်းဆုပ်ပြီး ရင်ဆိုင်ဖို့ ဆုံးဖြတ်ခဲ့တာဘဲ။ (သိပ်ပြီး ကဘာဆန် တွားလားမသိ) lol:-)))

      ဒါးပေမဲ့လဲလေ ကိုယ်လဲလေ လောကီသားပေမို့ “ကိုယ်သာအိမ်ထောင်မပြုခဲ့ရင် ဒီနေရာမှာ ကိုယ်ဖြစ်နေလောက်ပြီ” လို့ တိုက်ဆိုင်တာလေးတွေကိုမြင်ရင် ပြောမိတယ်။
      အဲဒီအချိန် ဘေးလူ မျက်နှာပျက်သွားတတ် တာမြင်ချိန် စိတ်မကောင်းပြန်ဘူး။
      “ဒါလောက်ပြောတာလေး ကို အာသာဖြေပြောတယ်လို့ မှတ်ပါ၊ Rewind ပြန်လုပ်ချင်တဲ့ သဘောမဟုတ်ပါဘူး။” လို့ ပြောရတယ်။
      ကလေး ဆန်တာမှန်းတော့ သိပါရဲ့။

      အပေါ်မှာ ပြောခဲ့သလိုဘဲ ဒါလုပ်ရင် ဒီလို အကျိုးရမယ် ဆိုတာ ကို ကြိုပြီး ပြင်ဆင်ပြီးမို့ မယ်သုည ဘဝ ကိုလဲ ဝမ်းမနည်းပါဘူး။
      တစ်ချို့ သူငယ်ချင်း တွေ အိမ်ထောင်ပြု ပြီးချိန် မှ
      နယ်လုပွဲ တွေ၊
      အလုပ်များလွန်း တဲ့ မိန်းမ ကို ရေရှည် သည်းမခံမှု တွေ၊
      မိန်းမ က သူ့အလုပ် ကို မစွန့်နိုင်လို့ ကလေးမယူ တာကို ကလေး လိုချင်တဲ့ ယောကျာင်္း က တစ်ခြားမိန်းမ နဲ့ ယူလိုက်တဲ့ ကိစ္စတွေ၊
      . နှစ်ဖက် မိဘ ဆွေမျိုး ရဲ့ ပယောဂအပူ တွေ
      အဲဒါတွေ နောက်မှာ အိမ်ထောင်တွေ ပြိုကွဲကြတယ်။
      ဒီလို နှစ်ဘဝ ပေါင်းရင် လုပ်ရမဲ့ အလျှော့ အတင်း တို့၊ ဘေးပယောဂ ဒါဏ် တို့ ကို awareness မဖြစ်ခဲ့ကြ တဲ့အတွက် ဖြစ်ရတဲ့ အကျိုးဆက်ပါ။
      . ပျော်ရွှင်စရာ မိသားစုဘဝ ကို ရဖို့ ဆိုတာ စွန့်လွှတ်ရတဲ့အပိုင်းတွေ၊ သည်းခံ မာန်ချရတဲ့ အပိုင်းတွေ မပါဘဲ ဒီ အတိုင်း နတ်ရေစင်ဖြန်း လိုက်ရုံမျိုး နဲ့ တော့ လွယ်လွယ်မရနိုင်ဘူး။

      ဒါကြောင့် ရွာထဲ မှာ ထက်မြက်ကြတဲ့ ကိုယ့်ရဲ့ ချစ်သော လုံမများ အတွက် …
      ဒီလို မကောင်းတာ တွေ ရှိမယ်ဟေ့ ၊ မခံနိုင်ရင် ဒီ အတိုင်းနေကြပါလို့
      ဒီ စုံးမဂိုဏ်းချုပ် ကမှ မပြောရင် ဘယ်သူပြောမလဲကွယ်။

      တစ်ယောက်ဘဝ နဲ့ နောက်တစ်ယောက် မတူတာ သေချာပါတယ်။ ဒီတော့ ကိုယ်ဖြစ်ခဲ့သလို သူများမှာလဲ ဖြစ်မယ်လို့ မပြောပါဘူး။
      . ပြောချင်တာ က ကိုယ့်လုပ်တဲ့ အကြောင်းကနေ ဖြစ်လာနိုင်မဲ့ အကျိုးဆက်များ ကို မြင်နိုင်ဖို့
      အဓိက awareness အတွက် ပါ။
      . ဖြစ်လာမဲ့ အကျိုးဆက် ကို အမှန် အသေအချာနားလည်ပြီး ကြိုသိနေခဲ့ရင် တကယ်ဖြစ်လာချိန် ပျော်ပျော်ကြီး ကျေနပ်စွာ လက်ခံနိုင်ကြမှာပါ။
      ဒီတော့ လူမှုဘဝမှာ အထိအခိုက်အနာအဆာ မရှိသလောက် ရှားပါလိမ့်မယ်။

      ပုံ
      စိတ်ထိခိုက်စွာဖြင့်
      စုံးမြ
      စာချ စုံးမ ဂိုဏ်းချုပ်ကြီး :-‘(

      PS – စိမ်းလိုက်ပါတယ်။ စကားလုံး လေးများ အတွက်။

  • Mike

    May 25, 2015 at 2:09 pm

    .ဘာပြောရမှန်းမသိဘူးဗ ျာ
    .တစ်ခုတော့ပြောချင်မိတယ်
    .က ျုပ်ဖြင့် အိမ်ထောင်က ျမိတာတစ်ခါမှမှားတယ်မတွေးမိ
    .အိမ်ထောင်က ျတာကိုပဲတော်သေးကွာလို့ပဲတွေးမိတယ်…
    .အိမ်ထောင်မ ျားမက ျခဲ့ရင် က ျုပ်ဒီဘဝမရောက်နိုင်ဘု…ဒီလောက်လည်းကြိုးစားမိမယ်မဟုတ်
    .အပ ျိုကြီး လူပ ျိုကြီးတွေများ မြင်ရရင်သနားနေမိတော့တယ်…တကယ်ပါ
    .ဆိုတော့..ရွာထဲကကြားကြားသမှ ျ မိန်းမ…မိန်းမ…မိန်းမ…ယူတော်မူကြပါကုန်လော့..
    .သာဓု…သာဓု…သာဓု..ပါဗ ျား :))

  • မြစပဲရိုး

    May 25, 2015 at 10:52 pm

    ကျေးဇူးပါ မောင်အောင်။ ဒါမျိုး မဖြစ်အောင်လေး သတိထားကွဲ့။
    ဒါတင်မက ခလုတ်တိုက်လဲတတ်တယ်၊ ချောင်းဆိုးပြီးသီး တတ်တယ်၊ ဓာတ်တိုင်တွေ ဘာတွေလိုမျိုး ကို ဝင်တိုက်တတ်တယ်၊ lol:-)))

    ကကြီးမိုက်
    အဲလို ပြောကြေး ဆိုရင်တော့ နောက်တစ်ပုဒ် မှာ တွေ့ကြတာပေါ့ ရှင်။ :-))

  • တောင်ပေါ်သား

    May 27, 2015 at 10:17 am

    ကျနော့် အမ နှမ တွေထဲမယ် အပပျိုကြီးတွေ ရှိပါရဲ့
    အတော် ဇီဇာကြောင်သဗျာ ၊
    ပြောရဆိုုရ အတော်ဂွကျ ၊ အာ့ကြောင့် ဝေးဝေးရှောင်တယ် ၊
    ဘယ့်နှယ် သူတို့ပြောတာမှ အမှန်ဆိုတော့လည်း
    ( အင်းးးး အိမ်ထောင်သာ မကျခဲ့ရင် ဒီလိုချစ်စရာ သားသမီးတွေ ရှိလာမှာ မဟုတ်ဘူးနော် )

  • kai

    May 27, 2015 at 3:08 pm

    နိုင်ငံရေးစကားနဲ့ပြောရင်လည်း… ဒီခေတ်ဗမာပြည်မှာအလိုအပ်ဆုံးအရာက.. ပျိုကြီးတွေကိုမျိုးဖြုတ်ပစ်ရေးပဲ…။

    ဘယ်နည်းနဲ့ပြုတ်ပြုတ်..။ :k:

  • pooch

    May 28, 2015 at 1:21 pm

    ပိုစ့်ဖတ်လိုက် ကွန်းမန့်တွေ ဖတ်လိုက်နဲ့ ရီချင်ပက်ကျိ မျက်နှာပိုးသတ်မရဘူး

    သူကြီးကိုလည်းမနိုင်ဘူး တဆိတ်ရှိ ဒီလူတွေပဲ လာထိခိုက်နေတာ
    လေပါတယ် စိတ် :((((
    နောက်ဆက်တွဲတွေ တာဝန်ယူနိုင်တာလဲ မဟုတ်ပဲနဲ့ လာမြှောက်ပေးနေတယ်

    အရီးရောသများ အကြောင်းကို သိချင်လား
    ရေးလည်းရေးချင်တယ် ရေးလည်း မရေးချင်ဘူး အဟောင်းတွေ ပြန်သစ်လာမစိုးလို့ ဒီအတိုင်းလေးပဲ ကောင်းပါတယ် :mrgreenn:

  • ကိုလတ်ကြီးရေ ဆက်ဖတ်လိုက်အုံးမယ်

    တကယ်လို့များ ကိုလတ်ကြီး သာ အပျိုကြီး ဘဝ ခံယူခဲ့ရင် ဒီစာကို

    ဖတ်ခွင့်ကြုံမယ် မထင်

    ဆက်ရေးပါ
    စောင့်နေမယ်

  • မြစပဲရိုး

    May 29, 2015 at 2:51 am

    ကိုမျိုး ရ – အဲဒီ အပျိုကြီး တွေရှိလို့လဲ တူ/တူမ တွေ မှာ နွဲ့ဆိုးဆိုးလို့ရတာ မဟုတ်လား။ :-))

    သူကြီးမင်း ကိုယ်တိုင် အဲဒီ စစ်ဆင်ရေးထဲ ပါ ဖို့ တော့ စိတ်ကူးမရှိလောက်ပါဘူးနော်။ 🙄 ???

    ပုချ် – အရီးက လူတွေ ရဲ့ ဇာတ်လမ်း တွေ ကို စိတ်ဝင်စားတာ။ အဲဒီ ကနေ အတွေး တွေ ပိုပို ရလာလို့။ ရေးစမ်းပါကျုပ် တူမရာ။
    အဟောင်း တွေ ကို ဖော်ခြင်းဖြင့် မိမိ စိတ် ကိုနုပျို စေလိုက်ပါ တဲ့။ (မြစာကလေး အဆိုအမိန့်) 😉

    ကပေါက်ကြီး – ဟုတ်ပါ့။ ပြည်တွင်းထဲ ဆို ကျွန်မ ဒီလောက် အချိန်ပေးနိုင်မယ် မထင်။
    :-))

Leave a Reply