နားဦးတည့်မည့်သီချင်း ရဲ့ ကနဦး အစ
. ပြီးခဲ့တဲ့ အပါတ်ထဲ က အလင်းချို ရဲ့ “စဉ်းစားကြည့်ပါ ပရိတ်သတ်ကြီးရယ်” ကိုဖတ်ပြီး
အတိတ် ကို ပြန်ပြေးသွား ရင်း လွမ်းမိပါရဲ့။
ရွာထဲ အမြဲ ပြောလေ့ ရှိတဲ့ ကျွန်မ ရဲ့ ချစ်စွာသော အဖွား နဲ့ သူ၏ သမီး များကိုပေါ့။
အဖေ့ရဲ့ အမေ က အစ်ကို့ ကို အသည်း မို့ ကိုယ်က အမေ့ အမေ တို့ ဘက် ကို ရောက်သွားရော။
. နွေ ကျောင်းပိတ်တိုင်း အဖွားရှိတဲ့ အမေ့ ရဲ့ ဇာတိမြို့ လေး ဆီ အပြေးသွားလေ့ရှိတာပါ။
အဲဒီတုန်းက ဒီနေ့အချိန်လို အဝေးပြေးကား တွေ မရှိပါဘူး။
ရန်ကုန် ကနေ နေ့လည် ၁နာရီ ရထား နဲ့ ထွက်ရင် ပြည် ကို ည ၈နာရီ ခွဲရောက်တယ်။
ဟိုးအရင် ငယ်တုန်းကတော့ အဖွား က သူ့ရဲ့ မော်တော်လေး တစ်စီး နဲ့ စောင့်နေတယ်။
ဒီတော့ အဲဒီကနေ ဧရာဝတီ ကို ၂နာရီ လောက် ဆန်တက်လိုက်ရင် ညတွင်းချင်း ရောက်ရောပေါ့။
.နောက်ကြီးလာချိန် ဆီဈေးက တစ်အားမြင့်လာတော့ မကိုက်တော့ဘူး။
ဒါနဲ့ ပြည်မှာ တစ်ညအိပ် ပြီး နောက်နေ့မနက် စောစော မန္တလေး ကို သွားတဲ့ သဘောင်္ကြီး နဲ့ သွားပါတော့တယ်။
လမ်းတစ်လျှောက် ဧရာဝတီ ရဲ့ မနက်ခင်းအလှ ကို ခံစားရင်း သိပ္ပံမောင်ဝ ရဲ့ မင်းလတ် သဘောင်္ကြီး ကို အမြဲ အမှတ်ရ စေတာ။
လမ်းက ရွာတစ်ချို့ ကို ကပ်တိုင်း အတက်အဆင်းလုပ်သူ တွေ၊ ဈေးတက်ရောင်းသူ တွေ၊ ရေစပ်မှာ ရေခပ်ရင်း လက်ပြနှုတ်ဆက်နေသူ တွေ ကို ကြည့်ရတာ ဘဝတစ်ချို့ ရဲ့ ပန်းချီကား တွေ ကို ကြည့်ရလိုပါဘဲ။
. အဖွားရဲ့ မြို့လေး ကိုရောက်တော့ နွားလှည်း က စောင့်နေပြီ။
တစ်အီအီ အသံပြုပြီး မြည်တဲ့ အသံကို နားသောတဆင်ပြီး သကာလ အဖွားအိမ် ကို ရောက်ပါတော့တယ်။
. ပြုံးပြုံးကြီး စောင့်နေတဲ့ အဖွား ကို ဖက်ရမ်းနမ်းရှုပ် နှုတ်ဆက်ပြီး တာ နဲ့ ချက်ခြင်း အိမ်အနောက် ဖက် ခြံ ထဲ ကို အပြေးတက်ပါတယ်။
အဖွားအိမ် က တောင်ကုန်းရဲ့ အောက်မှာ မို့ ခြံ က အုတ်လှေကား နဲ့ အပေါ်ကို တက်သွားရတာ။
. ခြံလေး ထဲမှာ နှင်းဆီအရောင်စုံ၊ စပယ်ရုံ၊ ဇွန်ပန်းရုံ နဲ့ ကြက်မောက်ပန်း ပင် တွေ ရှိတယ်။
အိမ် ဘေးပါတ်ပါတ် လည် နဲ့ အရှေ့ မှာ ဂမုန်း နဲ့ လေးနာရီပန်းပင် တွေ ရှိတယ်။
အဲဒီ မြို့လေး က ရန်ကုန် နဲ့ ယှဉ်ရင် ဖုံထူ ပါတယ်။ မစည်ကားပါဘူး။
ဒါပေမဲ့ နေရတာ တစ်အားကို အေးချမ်းတယ်။
. နောက်တစ်ချက်ကလဲ တောက အဖွားရဲ့ အိမ် က မြို့က လခစား အဖေ့ ရဲ့အိမ်ထက် ပိုပြီး ဂရန်း ကျတယ်။ (အဲဒီ အချိန်ကပေါ့)
. မြေပိုင်ရှင် မိဘ တွေရဲ့ တစ်ဦးတည်းသောသမီး က စီးပွါးရေး အမြင်ရှိ တဲ့ အဖိုး နဲ့ ပေါင်းလိုက်တော့ သူတို့ အတော်စီးပွါးဖြစ်ခဲ့ကြတယ်။
. အဲဒီတုန်း က မြို့မျက်နှာဖုံး လို့ ခေါ်ကြတယ်။
အဖိုး က သူချမ်းသာ တာ ကို ရပ်ရွာတိုးတက် ဖို့မှာ လဲ သုံးတာကိုး။
. မြို့ထဲ မှာတော့ သောက်ရေ အတွက် တွင်းလေး တွေ နေရာ အနှံ့ တူးထာပေမဲ့ တစ်မြို့လုံး သုံးရေ ကတော့ မြစ် ကို အားထားရပါတယ်။
. မြို့ က မြစ်ဘေးမှာ ပေမဲ့ ကုန်းပေါ် ကျတာမို့ မြစ် က အောက်မှာ မို့ လူတွေ ရေခပ်ဖို့ခက်တယ်။
. ဒီတော့ အဖိုး က ဦးစီးပြီး မြစ်ထဲ ရေဆင်းခပ်ဖို့ မလို အောင် မြစ်ထဲ က ရေ တွေ ကို မော်တာ စက် နဲ့ စုတ်ပြီး တန့် လို ကြီးတွေ ထဲ လှောင်တယ်။
အဲဒီကနေ ရေစည် နွားလှည်း တွေထဲ ထည့် ပြီး လိုတဲ့ အိမ်တွေ ကို ရောင်းပေါ့။
အဲလို ရေစည်ထဲ တိုက်ရိုက် ဝင်ဖို့ ပိုက်တွေ အသေအချာ လုပ်ထားတာ။
ဒီတော့ လူ တွေလဲ သက်သာ ရေစည်ရောင်းသူတွေလဲ ဝင်ငွေရပေါ့။
. ဆေးရုံမှာလဲ မီးစက် ထားပေးတယ်။ မြို့ကိုလဲ ည ၆နာရီ ကနေ ၁၂နာရီ ထိ မီးစက် နဲ့ ပေးတယ်။
မနက် ၄နာရီ ကနေ ၆နာရီ ထိ မီးထပ်ပေးတယ်။ (ဆွမ်းချက် သူများ လွယ်အောင် နေမှာပေါ့)
အဲဒါတွေ အတွက် ချမ်းသာသူ တွေ က လိုတာကို မတည်ပြီး ကျန်တဲ့ လည်ပါတ်စရိတ်တို့၊ မီးစက် ရေစက်မောင်းသူ လခတို့ ကတော့ ရပ်ရွာက ကိုယ်ထူကိုယ်ထ ပေါ့။
အဖိုး ဆုံးတော့ သူ့ဘုန်းကြီးကျောင်း ရဲ့ နားက တောင်ကုန်းပေါ်မှာ ဂူတည်ပေးတာ။ အခုထိ ထီးတည်းလေး။
အဖွားဆုံးတော့ ရန်ကုန် မှာမို့ ပြာဖြစ်သွားရှာရော။
အဖွား အိမ်အကြောင်း ပြန်ကောက်ရရင် သူ့ အိမ်လေး ရဲ့ အိမ်သာ က အပေါ်ထပ် အိမ်ခန်း တွေ နဲ့ တွဲရက် ရေလောင်း ကွန်ကရစ် တွင်းပိတ် အိမ်သာ ကျယ်ကျယ်။
. လေဝင်ပေါက် တွေ အလင်းဝင်ပေါက် တွေ နဲ့ အိမ်သာက အိမ်သာ နဲ့ မတူဘူး။
ဒါကြောင့်လဲ အိမ်သာ ခရေးဇီး ကိုယ့်အတွက် အဲဒီမှာ နေလို့ ပျော်တာ ထင်ရဲ့။
. ရေချိုးခန်းကလဲ ဒီလိုဘဲ။
အနောက်ဘက် ခြံထဲ မှာလဲ နောက်ထပ် တွင်းပိတ် ရေလောင်း အိမ်သာတစ်လုံး ရှိတယ်။
မိုးတွင်း ဆို ရေခံပြီး သိမ်းထား တဲ့ မြေအောက် တွင်းတူး ကွန်ကရစ် ရေလှောင်ကန်ကြီးလဲ ရှိတယ်။
. နွေဖက် ရေရှားချိန် သောက် ရေ ကို အဲဒီက ရတယ်။
. သောက်ရေ က ကြောင်အိမ်လို လေးမှာ အပေါ်ဆင့်က သဲရေစစ် နဲ့ အောက်မှာ သဲရေစစ်က နေ ကျ တဲ့ ရေခံတဲ့ သဲအိုးလေး နဲ့။
ချိုးရေ က တော့ ရေစည် ကနေ ဝယ်ရတဲ့ မြစ်ရေညစ်ညစ် ပေါ့။
အဲဒါကို ရေချိုးခန်း ထဲက ကန်ထဲ ထည့်၊ မိုးတွင်း မှာတော့ မိုးရေ တွေ စီး လို့ ရအောင် ခံထားတယ်။
. ရေချိုးကန် ကလဲ နှစ်ကန်၊ တစ်ကန် က အခန်း နဲ့ တစ်ကန် က အိမ်ဘေး ခြံထဲမှာ။ အမိုးအကာ နဲ့ဘဲ။
မီးဖိုချောင် ကလဲ အသေအချာ ပုံစံချထား တဲ့ စင် နဲ့ထင်း မီးဖို က နှစ်ခု၊ မီးသွေး အတွက် က မီးဖို တစ်ခု၊ ထမင်းစား ခန်း မှာ ထမင်းစားပွဲ အဝိုင်း က အကြီးကြီးဘဲ ။
. ပန်းကန်ဆေး၊ ရေချိုး ကနေ ထွက်လာတဲ့ ရေ တွေ က အိမ်ရှေ့က တွင်းကန် လေးထဲ ကိုကျ တယ်။
အဲဒီ စွန့်ပစ်ရေ တွေ ကို လမ်းက ဖုန် တွေ သိပ်အောင် ညနေတိုင်း ဖျန်းပေးရတယ်။
အတော်လေး စည်းစနစ် ကြီး တဲ့ အဖိုးပါဘဲ။
. တောင်ကုန်းပေါ်က ခြံထဲ မှာ မီးခံတိုက် အသေးလေး နှစ်လုံး ဆောက်ထား တယ်။
တစ်လုံးက ရေယာဉ်တွေ ရဲ့ အပိုပစ္စည်း တွေ ထားတာ၊ နောက် တစ်လုံး က မီးခံသေတ္တာ နဲ့ စာအုပ်တွေ အများကြီး ရှိတဲ့ စာကြည့်တိုက်လေးပါ။
အဲဒီ ထဲမှာ ရှိတဲ့ စာအုပ်တွေ က အမေတို့ ငယ်ငယ်ထဲ က စုထား တဲ့ မဂ္ဂဇင်းစုံ ဝတ္တုုစာအုပ်စုံ မှာမှ စင် တွေ နဲ့ အများကြီးဘဲ။
အဲဒီ စာအုပ်တွေ ကလဲ သွားတိုင်း ဖတ်လို့ မရိုး အောင် ကောင်းလှတာ။
မနက်ဈေး အိမ်ရှေ့မှာ ရှိတော့ နေ့တိုင်း မနက် လေးနာရီ လောက်ကစပြီး နွားလှည်း၊ မြင်းလှည်း လူသံ တွေ နဲ့ စပြီး အသက်ဝင်ပါတယ်။
အိမ်မှာလဲ လူသုံးကုန်မျိုးစုံ ဆိုင် ဖွင့် ထားတော့ အတော် အလုပ်ဖြစ်တာ။
အဖွား အိမ်မှာ က ရွာတွေ ကလာနေတဲ့ သူ့ အမျိုး တွေ နဲ့ မို့ အချွေအရံ ပေါတယ်ခေါ်မယ်။
တစ်ချို့ က အိမ်မှာ ကျောင်းလာတက်ကြတယ်။
. ရေယာဉ် လုပ်သား တွေ ကိုလဲ ထမင်း ဟင်းချက် ပေးတော့ စားဖိုဆောင်မှာလဲ လူမှ ၃ယောက်လောက်၊ ဆိုင်အတွက်လဲ လူ က ၂ယောက်လောက်၊ လက်တို လက်တောင်းတွေ ကလဲရှိသေး။
ဒီကြားထဲ မယ် ဦးလေး ရဲ့ အသိ ဆရာဝန်မ အပျိုကြီး တစ်ယောက် မြို့လေးမှာ တာဝန်ကျတော့ အဖွား က အိမ်ခေါ်ထားတာ ၅နှစ်လောက် ကို ပျော်နေရော။
သူရှိတုန်း ဆေးခန်းတောင် ဖွင့်ပေးလိုက်သေးတာ။
အဖွားရဲ့ အိမ်အကြောင်း ကို ပြောတာ ကြွားချင်လို့ မဟုတ်ပါဘူး။
ကျွန်မ ရဲ့ ချစ်စွာသော အဒေါ်အပျိုကြီးများ နေရ တဲ့ ပုံစံ ကို မြင်စေချင်လို့ပါ။
ဒီလို မာန တစ်ခွဲသား သူဌေးသမီး အပျိုကြီး နှစ်ယောက် သူတို့ ချစ် တူမ လေး ကို ဘယ်လို ပုံစံ သွင်းခဲ့တယ် ဆိုတာ နောက်တစ်ပိုင်း တွင် သီချင်း နဲ့ တွဲလာမည်။
. မျှော် ………………………. lol:-)))))))))))))
19 comments
တောင်ပေါ်သား
May 23, 2015 at 4:05 pm
ညန် ညန် နောက်တစ်ပိုင်း 🙂
အရီးငယ်ဘဝ အားကျပါ၏
Ma Ma
May 23, 2015 at 5:36 pm
ခုရက်ထဲမှာ မအေး ဖဘမှာ ရှဲထားတာလေး သဘောကျလို့ အဒေါ်အပျိုကြီးတွေနဲ့လက်ပွန်းတတီးနေခဲ့တဲ့ တူမလေးမြ ကို ပြန်မျှဝေလိုက်တယ်နော်။
Only aunties, Can love you like a mother, Keep secrets like a sister, Behave like a true friend, and kick your butt if u need it……. 🙂 🙂 🙂
ခင်ဇော်
May 23, 2015 at 5:51 pm
ဖတ်လို့ကောင်းးတာ..
ကိုယ်တိုင်က နယ် မှာပျော်သူမို့ မြင်ယောင်ပြီးး ဖတ်သွားးပါတယ်..
သများးမှာတော့ အဒေါ် အရင်းး ၃ ယောက်ရှိတာမို့ နောက် အပိုင်းးတွေ ဖတ်ပြီးး ရီဖို့ စဉ်းးစားးထားးလိုက်ပြီ…
ခိခိခိ
မြစပဲရိုး
May 23, 2015 at 8:13 pm
စောစော ဝင်လာတဲ့ ချစ်ဖို့ကောင်းလိုက်တဲ့ အစ်ကိုတော် (တစ်နှစ် မဟုတ်လို့ တစ်ရက်ကြီး လဲ အစ်ကိုဘဲဗျို့) ချစ်အစ်မ နဲ့ တူမတော်လေး။
ကျေးဇူးပါ။
ကိုမျိုး ရေ
ကျွန်မ ရဲ့ ငယ်ဘဝ က သိပ်ပြီး မရုန်းကန် ရဘူး ထင်ပါတယ်။
နောက်မှသာ ကွကိုယ်နှိမ့်ပြီး သန့်ရှင်းရေးသမား အနေနဲ့တောင် အလုပ်လုပ်ဖူးသေး။
ဒါပေမဲ့ အဲဒါကလဲ ကျွန်မအတွက် ဘဝ မှာ ဂုဏ်ယူပြီး ပြောနိုင်ခဲ့တဲ့ အကြောင်းလို့မှတ်ပါတယ်။
ဇီဇီလေး လဲ အဒေါ်တွေ တန်ခိုးနဲ့ ဒီလောက် တောင့်ခံ နေနိုင်တာထင်ပါ့။
လျှော့မပစ် နဲ့။ ရှုံးသွားမယ်။ (ချွန်တာ)
ချစ်မမ – ဟုတ်ပါ့။ မှန်ပါ့လို့။
ဒါကြောင့်လဲ အဲဒီ အစွဲစိတ် တွေ နဲ့ အပျိုကြီး ညီအစ်မ ၃ဖော် ကို တွယ်မိနေတာ ထင်ပါရဲ့။
. မြက အစွဲကြီး ပါတယ် မမ။ :-))
အဒေါ် code မို့ စိမ်းလိုက်ဗျစီ။
padonmar
May 23, 2015 at 11:44 pm
အဖိုးရဲ့ အိမ်လေးကို မျက်စိထဲတောင် မြင်လာတယ်။ နယ်တွေမှာရှေးလူကြီးတွေက အဲလို စနစ်ရှိရှိ စည်းကမ်းရှိရှိ နေခဲ့ကြတာနော်။
အပျိုကြီးများရဲ့ တူမလေးပုံကိုလည်း မြင်ယောင်ကြည့်လိုက်ပါတယ်။
တူမလေးကို ဖျာရောင်းသွားတဲ့သူ ကို အဒေါ်အပျိုကြီးတွေက စိတ်မဆိုးကြဘူးလား။
surmi
May 24, 2015 at 10:19 am
အင်းးး ဆင်ပေါင်ဝဲ နဲ့အတော်လေး ဆင်ဆင်တူနေတယ်လို့ ပြောချင်လိုက်တာ ။
ဟုတ်မဟုတ်မသိတော့မပြောတော့ပါဘူးလေ
အဲ့သည်လိုမြို့နဲ့ခတ်ဆင်ဆင်တူတဲ့ ဆင်ပေါင်ဝဲမြို့ကို သုံးညအိပ်လောက်ရောက်ဖူးတယ် ။
ပြီးတော့ ဆင်ပေါင်ဝဲတစ်ဖက်ကမ်းက အင်းမရွာမှာလည်း နှစ်ညအိပ်နေခဲ့ဖူးတယ် ။
ဧရာဝတီ တမ်းချင်းလေးတွေတောင်ပြန်သတိယမိသေး …
အဲဒီတုန်းကသာအရီးနဲ့ သိကျွမ်းမိရင်လာလည်ပါတယ်ဗျာ ဟဲဟဲ
:kwi:
မြစပဲရိုး
May 24, 2015 at 12:50 pm
အစ်မဒုံ
အဖိုး နဲ့ အဖွား ရဲ့ စနစ်ကြီးပုံ နဲ့ စီးပွါးရှာတတ်ပုံ ကတော့ ကျွန်မတို့ မမှီဘူး။
သူတို့ က ပါတ်ဝန်းကျင် နဲ့ပါ ဝင်း-ဝင်း ဖြစ်အောင်လုပ်တတ်တော့ စိတ်လဲချမ်းသာဖို့ ကောင်းပါတယ်။
ဒါကြောင့်လဲ သူတို့ က အဲလိုချမ်းသာပြီး ကိုယ်တွေမှာ အဲလို မချမ်းသာတာ နေမှာ။
တကယ်တော့ ဒီလို အနောက်တိုင်း နိုင်ငံ တွေမှာ မြို့ နဲ့ နယ် လူနေစနစ် ဘာမှ မကွာဘူး။
ရေမီး လမ်းပန်းဆက်သွယ်ရေး ကျန်းမာရေး ပညာရေး အားလုံးမျှတော့ လူတွေ နေတာ ပြန့်ပြီး တစ်နေရာထဲ ပြွတ်ကျပ် မနေတော့ဘူး။
သူက မြို့ ပုံ သူက တောပုံ မရှိတော့ဘူး။
အဲလို တောတွေ၊ မြို့တွေ ကျန်နေတာ အရှေ့တိုင်း တွေမှာဘဲ။ (အော်ဇီ တို့ စကာင်္ပူ တို့ ကတော့ ချွင်းချက်ပေါ့)
(အထင်)
ကဆာမိ
အဖွားမြို့လေးက ဆင်ပေါင်ဝဲ အထိ မရောက်ဘူး။
အဲဒီ မရောက်ခင်လေး ထင်တယ်။
. မြို့ မျက်စောင်းထိုး တစ်ဖက်ကမ်းမှာ ကျော်စွာဓာတ်မြေဩဇာ စက်ရုံရှိတယ်။
အဲဒီ စက်ရုံလဲ အခုတော့ ပိတ်ပြီလား မသိ။
အဲဒီတုန်းက သိရင် လဲ အဒေါ်ကြီး တွေ မျက်စောင်း အရင်မိတော့မှာ။ lol:-))))
ဒေါ် လေး
May 24, 2015 at 2:58 pm
လာဖတ်ပြီအရီးရေ မျက်စိထဲကွင်းကွင်းကွက်ကွက် မြင်နေသလိုဘဲ
ရေးတတ်လိုက်တာ အဒေါ် အပျိုကြီးတွေကတော့ အကုန်ဒီပုံစံတူတယ်
ခုတော့သိပြီ သူတို့စိုးရိမ်တာ မမှားဘူး
မြစပဲရိုး
May 24, 2015 at 3:00 pm
. ကျေးဇူးပါဒေါ်လေးရေ။ သူတို့ က ကိုယ့်ကို အခုထိ ကလေးထင်နေတုန်း။ :-))
အောင် မိုးသူ
May 25, 2015 at 10:14 am
အသက်တွေကြီးရင့်လာတဲ့အခါ ကြမ်းတမ်းတဲ့ ငယ်ဘဝပဲဖြစ်ဖြစ် ၊ ချောမွေ့တဲ့ ငယ်ဘဝပဲဖြစ်ဖြစ် ငယ်ဘဝကို ပြန်မြင်ရတာ ပန်းချီးကားတစ်ချပ် ဒါမှမဟုတ် ပိတ်ကားထက်က ရုပ်ရှင်တစ်ခုလိုပဲပေါ့။ တစ်ခါ တစ်ခါ ငယ်ဘဝကို ပြန်ပြောရတာဟာ အရသာတစ်ခုပဲ။
Ma Ma
May 25, 2015 at 10:26 am
အဲဒါဆို ဘကြီးအောင် အသက်ကြီးပြီ။ :k:
lu lu
May 26, 2015 at 4:14 pm
နယ်မှာကြီးခဲ့ပေမယ့်
ခုချိန်ထိ နွားလှည်းမစီး ဖူးသေးဘူးး
အသက်တွေသာကြီးသွားလိမ့်မယ် ငယ်ဘွ ကိုတော့ ပြန်တမ်းတ
တတ်ကြတာ လူတိုင်းပါပဲလားး
🙂
ကိုပေါက်(မန္တလေး)
May 28, 2015 at 1:16 pm
ကျနော်ကိုယ်တိုင် အဒေါ်အပျိုကြီးတွေနဲ့နေခဲ့ရတော့ ကိုလတ်ကြီး ဘာရေးမလဲ စောင့်ဖတ်နေပါမယ်
ကိုပေါက်(မန္တလေး)
May 28, 2015 at 1:35 pm
လျှာရှည်ပါဦးမယ်
နားဦးတည့်မဲ့သီချင်း ရဲ့ ကနဦး အစ ခေါင်းစဉ်မှာ မဲ့ လို့ ရေးလိုက်ရင် ကိုလတ်ဆိုလိုချင်တာနဲ့လွဲသွားနို်င်ပါတယ်
မယ့် လို့ရေးမှ ဆိုလိုရင်းကိုရောက်မှာပါ
မဲ့= မရှိလို့ အဓိပ္ပါယ်ရပါတယ်
Ma Ei
May 28, 2015 at 2:13 pm
မလတ်ရဲ့ အဖိုး အဖွားခြံလေးအကြောင်း ရေးထားတာလေးက မြေအနေထားရော ပန်းပင်ကလေးတွေအကြောင်း ပတ်ဝန်းကျင် အကြောင်း စုံနေတာဘဲ…
နေချင်စရာကောင်းလိုက်တာ…
မြစပဲရိုး
May 28, 2015 at 11:36 pm
မောင်အောင်၊ လုလု၊ ကပေါက်ကြီး၊ မအိ
မှတ်ချက်လေး တွေ အတွက် ကျေးဇူးတင်ပါတယ်။ :-))
ကပေါက်ကြီး ကို နှစ်ထပ်ကွမ်း ကျေးဇူး။ မဲ့ ကို မည့် နဲ့ ပြင်လိုက်ပါပြီ ခင်ဗျား။
နောင်လဲ အမှား တွေ့ရင် အားမနာတမ်း ထောက်ပြ ပြင်ပေးပါ။ :-))
Alinsett @ Maung Thura
May 28, 2015 at 11:55 pm
.ကျနော် ချစ်သော ဖွေးဖွေးလေးကို အပျိုကြီး အဖြစ်မခံနိုင်ဘူး
ရွာလူဂျီးများ ကြည့်မနေပါနဲ့
ကျနော်နဲ့ ဖွေးဖွေးကို အမြန်သာ စီစဉ်ပေးကြပါတော့
.ဖွေးဖွေးနဲ့သာ ဆိုရင် လူကြီးတွေ စီစဉ်တာကို မငြင်းပါဘူး
:mrgreenn:
မြစပဲရိုး
May 29, 2015 at 2:57 am
ဆက်ဆက် ရယ်
အဲ့ဒီ မိန်းကလေး ကို “ကျွန်မ က နှင်းဆီပါမောင်” မှာ ကြည့်လိုက်ရတယ်။
ဆံပင်က အနီရောင် အတုကြီးမှန်း သိသာလိုက်တာ။ အဲဒီ ဟာကြီး ကြည့်ပြီး ဘယ်လို မှ ခံစားလို့ မရ။
လှလို့လား။ သိပ်မမြင်ဖူးဘူး။
ဟို မင်းသား ရုပ် ကလဲ အူတူတူ နဲ့။
ဝတ္တုထဲ မတော့ ဘယ်လို ဇာတ်ကောင် စရိုက်တွေ လဲ တော့ မသိ။
အဲဒီ တစ်ခန်းလောက် ကို ကြည့်ပြီး အလကားပြတောင် အချိန်ကုန်ခံ မကြည့်ဘူး။
ဓာတ်ကျတယ်။
Alinsett @ Maung Thura
May 29, 2015 at 6:27 am
အဲ့ဒါ ဆရာဖြစ်သူ ဝိုင်းကို ယုံစားမိပြီး လျှောက်လုပ်ရာက ဖြစ်တာ အရီး
အမှန်ကလေ ဖွေးဖွေးလေးဟာ သိပ်ချစ်ဖို့ကောင်း
.ဇာတ်ကား ဇာတ်ရုပ် ရွေးချယ်တတ်ပါစေတော့ ကလေးရယ်. . .