etoneJuly 13, 20101min662
ဖြစ်ချင်တိုင်းဖြစ်ခွင့်ရ၍ ကာလယန္တရားတစ်ခု ပိုင်ဆိုင်ရသည်ဆိုပါက ယနေ့လူကြီးများကို ထိုစက်အတွင်းထည့်ပြီး အတိတ်သို့အလည်သွားကြည့်စေလိုပါသည်။ လူငယ်များကိုမူ ထိုစက်အတွင်းသို့ပင် ထည့်၍ အနာဂတ်သို့ သွားကြည့်စေချင်မိပါသည်။ မိဘတို်င်း သားသမီးနှင့် ကတောက်ကဆ ဖြစ်ဖူးပါလိမ့်မည်။ သားသမီးမရှိသည့် လူများဆိုလျှင်လည်း တူ၊တူမများနှင့် အစာမကြေ ဖြစ်ဖူးကြမည် ထင်ပါသည်။ ယုတ်စွဆုံး တစ်ကိုယ်ရေတစ်ကာယသမားများပင်လျှင် လမ်းလျှောက်ရင်း မျက်စိခလုတ်တိုက်ခဲ့သည့် လူငယ်များကို ကြည့်မရ ဖြစ်ခဲ့ဖူးပေလိမ့်မည်။ ထိုပြဿနာပင်ဖြစ်ပါသည်။ ထိုပြဿနာသည် ခေတ်အဆက်ဆက် မငြီးငွေ့စတမ်း ပေါ်ပေါက်ခဲ့သော အကြိတ်အခဲဖြစ်ပါသည်။ ဟုတ်ပါသည်။ လူကြီးနှင့်လူငယ်ကြားမှ နားလည်မှုလိုအပ်ချက် ပြဿနာပင် ဖြစ်ပါသည်။ ဉာဏ်စဉ်မမီဟု လူကြီးများစိတ်တွင်ရှိနေသော လူငယ်များက တစ်ယူသန်များဟု ထိုလူကြီးများကို ပြန်လည်အပြစ်တင်သည်။ ထိုအခါ လူကြီးများက လူငယ်များကို ရိုင်းစိုင်းသည်ဟု မှတ်ချက်ချသည်။ လူငယ်များက တစ်ဖန်လူကြီးများကို် အကြင်နာမရှိသူများဟု မှတ်ယူကြသည်။ ထိုကိစ္စသည် […]