etoneSeptember 29, 20101min670
ဝန်ဆောင်မှုတစ်ခု သို့မဟုတ် အခြေအနေတစ်ခုကို အမှန်အတိုင်း သိနိုင်ရန်အတွက် အလွယ်ကူဆုံးနှင့် အထိရောက်ဆုံးနည်းလမ်းမှာ သက်ဆိုင်ရာနယ်ပယ်တွင် ကျင်လည် နေသူများကို Survey ခေါ် တစ်ဦးချင်း စစ်တမ်းကောက်ယူခြင်းပင် ဖြစ်သည်။ ၎င်းတို့၏ ထင်မြင်ချက် ရာခိုင်နှုန်းများကို မူတည်၍ ပြောင်းလဲစရာများကို ပြောင်းလဲကြပြီး ဆက်လက် ထိန်းသိမ်းသင့်သည် များကိုလည်း ဆက်လက်ထိန်းသိမ်းလေ့ရှိကြသည်။ ပြည်တွင်းပြည်ပရောက် မြန်မာပြည်သူများကြားတွင် ၁၉၈၈ ခုနှစ်နောက်ပိုင်း မြန်မာ့ပညာရေးအကြောင်းမှာ ဆွေးနွေးစရာ ခေါင်းစဉ်ကောင်းတစ်ခုဖြစ်လာပြီး မိဘများက သားသမီးတို့၏ အနာဂတ်အတွက် အမျိုးမျိုးစဉ်းစားကြရသည်။ ကျောင်းသားများ ကိုယ်တိုင် ကလည်း သူတို့၏ အနာဂတ်အတွက် အကောင်းဆုံးနှင့် အဖြစ်သင့်ဆုံးကို ရည်ရွယ်ထားတတ် ကြသည်။ ဘဝအတွက် ကောင်းကောင်းစဉ်းစားတတ်နေပြီဖြစ်သော အထက်တန်း ကျောင်းသား များ၏ လက်ရှိအခြေအနေ၊ အနာဂတ်ရည်မှန်းချက်များနှင့် နေ့စဉ်ဘဝများကို ထင်ဟပ်စေသည့် Survey […]