ရေးမယ် ရေးမယ်နဲ့ မရေးဖြစ်ဘူး။ ဒီနေ့တော့ တစ်မြို့လုံး အေးချမ်းစွာနဲ့ လူသူတိတ်ဆိတ် ကင်းမဲ့နေတဲ့ မြို့လယ်ကောင်တွင် နားအေးပါးအေးနဲ့ အင်တာနက်လေးသုံးမယ်ဆိုပြီး ရတဲ့အချိန်လေးကို အင်တာနက်ဆိုင် လာထိုင်မိပါတယ်။ ဆိုင်ထဲရောက်တော့ လူအတော်ပြည့်နေတယ်။ အင်တာနက်သုံးတာတော့မဟုတ်ကြပါဘူး။ ဂိမ်းဆော့တဲ့သူတွေကြီးပါပဲ။ ဒါနဲ့ ရတဲ့စက်ကို ဝင်ထိုင်တဲ့အခါ အနားမှာ ထိုင်သုံးနေတဲ့သူတွေကြည့်လိုက်တော့ အလွန်ဆုံးရှိလှ ၁ဝ နှစ် ၁၁ နှစ်လောက်အရွယ်လေးတွေ ဂိမ်းဆော့နေကြတယ်။ တချို့ကျတော့ အဲဒီအရွယ် ကလေးတွေက မိဘက ကျောင်းမထားတာလား သူတို့ကပဲ မတက်ကြတာလားဆိုတာ မသိဘူး။ ဒီနေ့တွေ့တဲ့ကလေးတွေကတော့ ကျောင်းစိမ်းဝတ်စုံတွေနဲ့ အတော့်ကို စိတ်ထဲ မချမ်းမြေ့ဘူး။ ထမင်းချိုင့်တွေက ခြေထောက်အောက်ချလို့ ဆော့နေကြတယ်။တစ်ခါတလေ ကျောင်းမတက်ခင် လာဆော့ကြတာလို့ ထင်မိတာပဲ။ ဒါမှမဟုတ် ဒီအချိန်ကျတော့ ကျောင်းမတက်ခင်မဟုတ်တော့ဘူး။ ကျောင်းဆင်းချိန် ကျူရှင်တန်းသွားရမည့် အချိန်လို့ ထင်တာပဲ။ […]