politicalviewAugust 23, 20101min942
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲဆိုင်ရာ အသေးစိတ် အချက်အလက်များ အခြေအနေကို ကြည့်ပြီး ရွေးကောက်ပွဲ သပိတ်မှောက်ရေး ဗျူဟာ အသေးစိတ် ထုတ်ပြန်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ပြောကြားသည်။ ယမန်နေ့က အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် (၇) ဦးနှင့် ဗဟိုဦးစီးအဖွဲ့ဝင် (၈) ဦးတို့ ဆွေးနွေးပွဲအပြီး ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်သည်။ “ဘယ်သူကတော့ဖြင့် ဘယ်မဲဆန္ဒနယ်မှာ၊ မဲပြားက ဘယ်လိုပုံစံ၊ ဘယ်လို မဲပေးရမှာ၊ အခြား စည်းကမ်းချက်တွေက ဘယ်လို စသဖြင့် အဲဒါတွေ ပေါ်လာတဲ့အခါမှာ ကျနော်တို့ ခုဏက ပြောတဲ့ ဘာလုပ်ရမလဲ ဆိုတဲ့ဟာတွေ ထွက်လာပါလိမ့်မယ်။ ကျနော်တို့ အခြေအနေပေါ် ကြည့်ပြီး ဆွေးနွေးဆုံးဖြတ်ကြမယ်လို့ ကျနော်တို့ သဘောထားရှိပါတယ်” ဟု […]