black chawDecember 27, 20115min43540
တံခါးစောင့်ကြီး အလုပ်မဆင်းနိုင်တာ ၁ ပတ်လောက်ရှိသွားတာ ခွင့်လွှတ်ကြပါဗျာ။ တူးတဲ့ ဆွတဲ့ အလုပ်တွေပဲလုပ်နေရင်း ကိုယ်တိုင်လည်း ရေးချင်တာတွေ များနေတဲ့အခါ အင်မတန်စိတ်ပင်ပန်းရပါတယ်။ ၂၀၁၁ ခုနှစ် ကတော့ ကုန်လုဆဲဆဲပေါ့ဗျာ။ အင်ဇာဂီလေးပြောသလို ဒီနှစ်ထဲ စာရေးနည်းသွားတော့မယ်ဆိုတာ ကျွန်တော့်ပြောသလိုဖြစ်နေပါပြီဗျာ။ တတ်နိုင်သလောက် အားထုတ်ထားတာလေး တင်ဖြစ်ပါတယ်။ Lulinmg ရဲ့ ပန်းလေး ဆိုတဲ့ ပို့စ်လေးကတော့ ကဗျာလေးတစ်ပုဒ်ပါဗျာ။ ရှားရှားပါးပါး ကွန်းမန့်လေးတစ်ခုပဲ ရခဲ့ပြီး အဲဒီကွန်းမန့် တစ်ခုကိုလည်း သူကိုယ်တိုင်ပဲပြန်ပေးခဲ့တာပါ။ သူ့ကွန်းမန့်လေးကို ဖတ်ကြည့်ပါဗျာ။ lulinmg says: ချစ်သူသာဖတ်ဖြစ်ရင်သိပ်ကောင်းမှာပဲ ချစ်သူကတော့ ဖတ်ဖြစ်မဖြစ် မသိပါဘူး။ ဘလက်ကတော့ မဖြစ်မနေဖတ်ရတဲ့လူဆိုတော့ ဖတ်လိုက်ရပါပြီ။ ချစ်သူကို ပန်းလေး နဲ့ တင်စားထားတဲ့ ကဗျာလေးတစ်ပုဒ်ဖြစ်ပါကြောင်း။ ကြောင်လတ်ရဲ့ ကြက်မတစ်ကောင်ရဲ့ ခံစားချက် (၁-၂-၃) […]