အပျိုကြီးတို့ကို “ဖက်လုံးအဖော်ပြုသူ” “တိရစာ္ဆန်ထိန်းကျောင်းသူ” “အထီးကျန်သူ” စသည်ဖြင့် ထိခိုက်ပြောဆိုမှုတစ်ချို့ရှိကြသော်လည်း အိမ်ထောင်မပြုကြသဖြင့် သူတို့တွင် အားသာချက်များရှိနေကြသည်။ ယင်းအားသာချက်များမှာ- (၁) ရုပ်မြင်သံကြားကြည့်ပါက remote control လုစရာမလိုခြင်း။ (၂) နံစော်သောအဝတ်အစားများကို လျှော်စရာမလိုခြင်း။ (၃) ချွတ်ချင်ရာ ချွတ်ထားသော ဖိနပ်များကို လိုက်သိမ်းစရာမလိုခြင်း။ (၄) ရေချိုးခန်းကို စိတ်ကြိုက်သုံးခွင့်ရခြင်း။ (၅) တစ်ကိုယ်ရေသန့်ရှင်းမှုကို အထူးလုပ်စရာမလိုုခြင်း။ (၆) ‘ဘာဝတ်မှာလဲ’ ‘ဒါလေးဝတ်ပါလား’ ဟုနေ့စဉ် ပြောစရာမလိုုခြင်း။ (၇) အထူးချက်ပြုတ်၊ ကြော်လှော်၊ ဆေးကြောစရာ မလိုခြင်း။ (၈) မိမိမှာ တစ်ယောက်သောသူအတွက် ဖြစ်နေသည်ဟု စဉ်းစားစရာမလိုခြင်း။ (၉) စိတ်ထဲရှိသလို နေထိုင်လုပ်ကိုင် လွတ်လပ်မှုရှိခြင်း။ (၁၀) အရက်သောက်သူ၊ ဆေးလိပ်သောက်သူ၊ လောင်းကစားလုပ်သူတစ်ဦးဦးကို စောင့်ကြည့်၊ ဆူပူ၊ ထိန်းချုပ်နေစရာမလိုခြင်း။ […]


Moe ZSeptember 13, 20111min52339
အဖြစ်ကမနှစ်ကနဲ့မတူ တစ်ယောက်ယောက်ကိုပြောပြရင်လည်း ရူးနေလားလို့အမေးခံရမှာသေချာတာမို့ ရွာထဲကလူတွေ ကိုပဲဒုက္ခပေးတော့မယ်။ ဘုရားစူး ဒီအရွယ်အထိအချစ်ဆိုတာဘာမှန်းမသိခဲ့ရပါ။ ၁ဝတန်းအောင်ကတည်းက ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်တယ်လို့ကြွေးကြော်ကာ အလုပ်လုပ်ရင်း ဘွဲ့ရခဲ့တယ်။ ပြီးတော့ ကိုယ့်ကိုကိုယ် up date ဖြစ်အောင်ပေါ်သမျှသင်တန်းတွေတက်ရင်းနဲ့ အားလပ်ချိန်ကိုမရှိခဲ့တာ။ သူငယ်ချင်းတွေဖိတ်စာလာပေးတော့လည်း အလှဆုံးပြင်ပြီးသွားလိုက်တာပဲ။ ကိုယ့်အလှည့်ဘယ်တော့လဲလို့မေးရင် ကိုယ့်ဒုက္ခကိုယ်မရှာဘူးလို့ ခပ်တည်တည်နဲ့ ပြန်ပြောပစ်ခဲ့တာချည်းပဲ။ တကယ်လဲ ကိုယ့်ကိုသဘောကျတဲ့သူတွေ ဝိုင်းနေခဲ့တာကိုး။ မင်းသမီးရှုံးအောင်လှနေတာတော့ မဟုတ်ပေမယ့် တော်တော်လေးကြည့်ကောင်းတာတော့ ကိုယ့်ဘာသာကိုယ် လက်ခံပါတယ်။ တွေ့တဲ့သူတိုင်းကလည်း အသားအရည်အရမ်းလှတာပဲလို့ မှတ်ချက်ပေးကြတယ်လေ။ ပြီးတော့ကိုယ်က ဖက်ရှင်ဒီဇိုင်းတွေကိုစိတ်ဝင်စားတယ်။ ခေတ်နဲ့အညီ လုံလုံခြုံခြုံနဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိစေမယ့် ကိုယ့်ရဲ့ဒီဇိုင်းတွေကို သူငယ်ချင်းတွေကသဘောကျကြတော့ မအားတဲ့ကြားကသူတို့ကို ဒီဇိုင်းဆွဲပေးရသေးတယ်။ ကိုယ်က International ကျောင်းတစ်ကျောင်းမှာဆရာမလေ။ ချွေးမတော်ချင်သူတွေကလည်းပေါမှပေါ။ အိမ်ထောင်ရေးကိုစိတ်မဝင်စားဘူးလို့ ငြင်းရတာကိုပဲဂုဏ်ယူခဲ့တာ။ တစ်နေ့ထက်တစ်နေ့ ပြောင်းလဲနေတဲ့နည်းပညာနဲ့ ပညာရေးတွေနောက်ကိုအမှီလိုက်ရင်း အသက်တွေလည်းတဖြည်းဖြည်းကြီးလာခဲ့ပြီ။ အခုမှငါအရမ်းအထီးကျန်နေပါလားလို့ […]


etoneMay 28, 20101min2086
1) တစ်ဖက်သတ်အချစ် သူကလွဲရင်နောက်ထပ်ဘယ်သူ့ကိုမှ ထပ်ချစ်လို့မရသောကြောင့်ဖြစ်ရခြင်း. (2)သူ့လိုမကောင်းသောသူနှင့်ထပ်တွေ့မှာစိုးသောကြောင့်ဖြစ်ရခြင်း (3)နှစ်ဖက်သတ် နှစ်ယောက်စလုံးချစ်ကြတယ် အကြောင်းအမျိုးမျိုးကြောင့်လွဲခဲ့သောကြောင့်ဖြစ်ရခြင်းး (4)သုံးပွင့်ဆိုင်လေးပွင့်ဆိုင်အချစ် 1 ကို2 နဲ့3 ကချစ်3ကို4 ကချစ် ဒါနဲ့ပဲပတ်ခြာလည်နေသောကြောင့်ဖြစ်ရခြင်း (5)ရတာကိုမလိုချင် လိုတာကိုမရသောကြောင့်ဖြစ်ရခြင်း (6)အအီလွန်သောသောကြောင့်ဖြစ်ရခြင်း ဟိုလူကိုအီ ဒီလူက်ိုအီ လှေလံနှစ်ဖက်နှင်း ရေထဲပြုတ်ကျ ငါးရံနှစ်ကောင်ဖမ်း အကုန်လွတ်ကုန် (ဟီးဟီး) (7)ကိုယ့်ကိုကိုယ်တန်ဖိုးထားနှမျောသောကြောင့်ဖြစ်ရခြင်း (8)အပျိုကြီး လူပျိုကြီးစစ်စစ်ဖြစ်ချင်သောကြောင့် ဖြစ်ရခြင်း (9)အချစ်တုနှင့်တွေ့မှာစိုးသောကြောင့် ကိုယ်ခံစားရမှာစိုးသောကြောင့် ကိုယ့်ထက် မိဘထက်ပိုချစ်ရမဲ့သူ ကိုယ်နှစ်နှစ်ကာကာချစ်ရမဲံ့သူမတွေ့သေးသောကြောင့် ဖြစ်ရခြင်း (10)ချစ်တယ်ဆိုသောစကားကိုမယုံကြည်သောကြောင့်ဖြစ်နေရခြင်း (11)အချစ်နှင့်ဦးနှောက် balance မမျှသေးသောကြောင့်ဖြစ်နေရခြင်း (12)အချစ်ဆိုသောအရာကို နောက်ဆုံးမှာထားပြီး ဥစ္စာ ပညာနောက်လိုက်နေရသောကြောင့်ဖြစ်နေရခြင်း (13)ချစ်သင့်မချစ်သင့်ထက် ဖြစ်သင့်မဖြစ်သင့်ကိုအတွေးလွန်နေသောကြောင့်ဖြစ်ရခြင်း(သူများအကြံပြုချက်ထပ်ထည့်သည်။) Just rcvd from a friend by mail.