fattySeptember 23, 20101min1040
တချိန်တုံးက အလွန်ကြီးမားကျယ်ပြန့်လှတဲ့ကမ္ဘာကြီးဟာ ဒီကနေ့မှာတော့ကျုံ့ဝင်သွားသလိုဖြစ်နေပါပြီ။ တချိန်တုံးက ဆယ်ကျော်သက်များဖြစ်တဲ့ ကျနော်တို့လဲယခု မိဘနေရာတွေရောက်ကုန်ကြပါပြီ။ ကျနော်တို့ခေတ်တုံးကလူ့အဖွဲ့အစီးကလည်း ရိုးစင်းပြီးကျယ်ပြန့်မှုမရှိသေး ။ကလေးများ ဆယ်ကျော်သက်များ အပျိုလူပျိုဝင်ခါစများအတွက် အတုယူစရာ အားကျစရာက မိဘများသာဖြစ်နေခဲ့သည်။ ယနေ့ခေတ်သည်အဲဒီလိုမဟုတ်တော့ ..။ အပျိုလူပျိုဖြစ်ခါစ ..ခန္ဓာကိုယ်ပြောင်းလဲမှု .. စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှု ..များစတင်ဖြစ်ပေါ်ချိန် အင်တာနက်ဆိုသောဆရာကြီးနှင့်စတွေ့ဖို့အခွင့်အရေးရသွားပြီဖြစ်သည်။ ရန်ကုန် မန ္တလေး စသောမြို့ကြီးများရှိ လူငယ်များ ကလေးငယ်များ ၅တန်း ၆တန်း အရွယ်ဆို အင်တာနက်ဆိုင်ရောက်ကုန်ပြီ။ အဲဒီအရွယ်တွေက game ကစားကြတာဆိုတော်ပါသေးသည်။ အပျိုလူပျို ဝင်ကာစတွေကတော့game နဲ့တင် မကတော့ internet ဖွင့်ကုန်ကြပြီ။ မိန်းကလေးများသည်ယောကျာင်္းလေးများထက်စောစွာအရွယ်ရောက်တတ်ကြသည်။ အသက်၁ဝ နှစ်အရွယ်လောက်ကစပြီးပြောင်းလဲမှုစတင်တတ်သည်။အစောဆုံးအရွယ် ၈ နှစ်မှစပြီးနောက်အကျဆုံး ၁၆ နှစ်ဖြစ်သည်။ မိန်းကလေးများ ရင်သားကြီးထွားလာခြင်း ၊ ရင်သားကြီးထွားမှုနှိုင်းယှဉ်လာကြခြင်းဘယ်သူက ဘရာစီရာဝတ်ရပြီ ဘယ်သူကဖြင့်မဝတ်ရသေးဘူး […]