koyin sithuDecember 1, 20111min24220
ဗဟန်းဘက်တွင် မြန်မာထမင်းဆိုင်ကြီးတစ်ဆိုင် ရှိခဲ့ဖူး၏။ ထိုဆိုင်၏ အမည်မှာ ‘ရွှေညာသူ’ ဟူ၍ ဖြစ်၏။ ထိုရွှေညာသူ ထမင်းဆိုင် ပိုင်ရှင်မှာ အသက်အရွယ်အားဖြင့် (၃၀)မျှပင် မရှိသေးပေ။ ထိုဆိုင်ရှင် မိန်းကလေးမှာ အညာဒေသမှ အတော်အတန်ကြွယ်ဝသော မိဘများမှ ပေါက်ဖွားလာသူဖြစ်၏။ သို့ရာတွင် ၎င်း၏ မိဘများမှာလည်း နှစ်အတန်ကြာကပင် ရှေ့ဆင့်နောက်ဆင့်ဆိုသလို ကွယ်လွန်ကြပြီဖြစ်၏။ ထိုအခါ ထိုမိန်းကလေးသည် မိဘများ၏ အမွေကို ရလိုက်သော်လည်း ဆွေမျိုးရင်းချာဟူ၍ မရှိရကား စီးပွားရေးကို လည်း မည်သို့မည်ပုံ လုပ်ကိုင်ရမည်ဟု မတွေးတတ်အောင်ရှိနေလေ၏။ ထိုအချိန်၌ပင် ၎င်းငယ်စဉ်က ထိ်န်းကျောင်းခဲ့သော ‘ဒေါ်ပု’ ဆိုသည့် မိန်းမကြီးသည် ခိုကိုးရာမဲ့ဖြစ်ကာ ရောက်ရှိလာလေ၏။ ထို့ကြောင့် ထိုရွှေညာသူမိန်းကလေးမှာ ‘တိုးတိုးဖော်တိုင်ဖက်’ လိုအပ်နေစဉ်အတွင်း ဒေါ်ပုကြီး ရောက်လာသဖြင့် အဆင်ပြေသွားလေတော့၏။ “ဒေါ်ပုရယ်.. တင်တင့်မှာ […]